Chapter-8 [I have An Answer But...]

16 3 0
                                    

Unicode Version

ညအချိန်ဖြစ်နေပေမယ့်ကြယ်ရောင်အချို့နဲ့တစ်ခြမ်းလရောင်တို့ကကားလမ်းမကြီး၏ခပ်လှမ်းလှမ်းရှိတောအုပ်လေးပေါ်ဖြာကျ၍အရာရာကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။အတန်းလိုက်သစ်ပင်ကြီးတွေစီတန်းပေါက်ရောက်နေသောအိမ်တန်းတက်နောက်ကျသည့်ငှက်တစ်ကောင်တစ်လေ၏အသံခပ်သဲ့သဲ့ကလွဲ၍မည့်သည့်အသံမှမကြားရ။ထိုသို့တိတ်ဆိတ်နေသောတောအုပ်လေးတွင်အရွယ်မတိမ်းမယိမ်းကလေးမလေးနှစ်ယောက်ပြေးလွှားနေသလို
"ရပ်စမ်း ရပ်စမ်း"
အော်သံတွေနဲ့အတူလူကြီးအချို့ကလည်း
ပြေးလိုက်လာကြသည်။သူမ,သူမနောက်ပြေးလိုက်လာကြသည့်အော်သံတွေနဲ့ပြေးသံတွေကိုလျစ်လျူရှုရင်းသူမ,မရပ်မနားဆက်ပြေးနေမိသည်။သို့သော်လည်းသူမတစ်ယောက်တည်းပြေးနေခြင်းမဟုတ်ကြောင်းသူမလက်ကိုဆုပ်ကိုင်ထားသောသေးသွယ်သောလက်ကလေးတစ်ဖက်ကသက်သေပြနေသည်။
"မမအခုဘယ်ကိုပြေးနေတာလဲ။ ငယ်လေးမောနေပြီ။"
သူမကိုလက်ပိုင်ရှင်ကလေးမလေးကပြေးရင်းပမေးသည်။
"ငယ်လေးမောလို့မဖြစ်ပေမယ့်၊မမတို့ဆက်ပြေးမှဖြစ်တယ်။မမတို့ဆော့နေကျကစားနည်းကိုမှတ်မိတယ်မလား။မမတို့နောက်လိုက်နေတဲ့သူတွေရှိတယ်။မမအနိုင်ရအောင်ဆက်ပြေးကြမယ်နော်။"
သူမကပြေးရင်းနဲ့ပင်ငယ်လေးအမေးကိုဖြေနေသော်လည်းသူမကိုယ်တိုင်မောနေပြီဖြစ်ကြောင်းအမောဖောက်နေသောသူမအသံကဖော်ပြနေသော်လည်းသူမ,မရပ်ဖြစ်ပဲငယ်လေး၏လက်ကို​တင်းတင်းဆွဲကာပြေးနေစဲပင်။
"ဘယ်ပြေးမလို့လဲ။ မိပြီ။"
အသံနဲ့အတူလူကြီးတစ်ယောက်ကသူမရှေ့တွင်လာရပ်သဖြင့်သူမငယ်လေးကိုလက်လွှတ်ပြီးပြေးနှင့်စေသည်။
"ငယ်လေး ပြေးတော့ မမပြီးရင်နောက်ကလိုက်ခဲ့မယ်။"
သူမရှေ့ရပ်နေတဲ့သူမထက်အကောင်ကြီးတဲ့လူကြီးခြေထောက်ကိုအတင်းဖက်တွယ်ရင်းထိုဘူကြီးပြေးထွက်သွားတဲ့ငယ်လေးနောက်လိုက်၍မရစေပြီးငယ်လေးလွတ်အောင်လုပ်ဆောင်ပေးခဲ့သည်။သို့သော်လည်း
"ဒုန်း"
အသံကျယ်ကြီးနဲ့အတူသူမမြင်လိုက်ရသည်ကအဝေးကိုလွင့်စင်သွားသောငယ်လေးသာ။သူမငယ်လေးဆီသွားဖို့ခြေလှမ်းလှမ်းနေပေမယ့်
"ရပြီမလား ဆရာ ကလေးဆိုတော့အဲလောက်အရှိန်ဆိုအသက်မရှင်နိုင်ဘူး။ ဒီကလေးမကိုတော့ခွင့်လွှတ်ပေးပါ။"
"ကောင်းပြီ နောက်မှငါနဲ့ပက်မသက်လာဘူးလို့မင်းအာမခံနိုင်ရင်ပေါ့။"
"ကျွန်တော်အာမခံပါတယ်။"
စကားသံတွေကသူမနားထဲတစ်ခွန်းပြီးတစ်ခွန်းဝင်နေပေမယ့်သူမကတော့ကားလမ်းမကြီးပေါ်တင်ကျန်သွားသောသွေးအိုင်ကြီးထဲကငယ်လေးကိုသာကြည့်ရင်းအော်ခေါ်နေမိသည်။
"ငယ်လေး"
အသံ၏အဆုံးမှာတော့သူမ၏မျက်လုံးများပွင့်လာသည်။
"ဒီတစ်ခေါက်တော့မျက်ရည်မကျဘူးပဲ။"
ကိုယ်ဘာသာရေရွတ်ရင်းသူမဘေးတွင်တင်ထားသောလက်ပတ်နာရီကိုကြည့်တော့မနက်၅နာရီခွဲ။မနက်လင်းနေပြီဖြစ်၍သူမဆက်မအိပ်ဖြစ်ပဲအိပ်ရာမှထကာကိုယ်လက်သန့်စင်လိုက်သည်။ပြီးနောက်မျက်ဝန်းအတွက်မနက်စာတစ်ခုခုလုပ်ပေးရန်မီးဖိုချောင်ထဲဝင်လာခဲ့သည်။ထမင်းအိုးမှာကျန်နေသည့်ထမင်းကလတ်ဆတ်နေသေး၍မျက်စိရှေ့တွင်ရှိသောကြက်ဥကဒ်များမှနှစ်လုံးကိုထုတ်ကာမျက်ဝန်းအတွက်ကြက်ဥထမင်းကြော်စီစဥ်လိုက်သည်။ထမင်းကြော်ပန်းကန်ကိုလှပသေသပ်စွာပြင်ဆင်ပြီး၍မျက်ဝန်းကိုခေါ်ရန်မျက်ဝန်းအခန်းဘက်လျှောက်လာစဥ်
"ဒီဒီ ဒီဒီ ဒီဒီ"
ဖုန်းVibrateသံကြောင့်သူမဆက်မလျှောက်ဖြစ်ပဲဖုန်းကိုကိုင်လိုက်တော့Voice_Messageဖြစ်နေသဖြင့်ဖွင့်ကြည့်တော့။
"ညကနင်ဘယ်မှာအိပ်တာလဲ။ ငါကတော့စိတ်မဝင်စားပေမယ့်ဦးလေးကတော့သိချင်နေတယ်။
နင်ပြန်မလာလို့ဦးလေးကငါကိုလက်ဖက်ခြောက်ခတ်နေတယ်။ ငါ့Messageကိုကြားတာနဲ့နင်အခုရောက်ရာအရပ်ကအမြန်ဆုံးပြန်လာလိုက်တော့။"
မောင်ဖြစ်သူ၏အသံဆိုးကိုနားထောင်ပြီးသူမအိမ်ပြန်ရန်ပင်စိတ်ကူးကာထမင်းကြော်ရင်းရေခဲသေတ္တာတွင်တွေ့လိုက်သော
Sticky_Noteတစ်ရွက်ယူကာမျက်ဝန်းကိုမှာတမ်းရေးပြီးသူမမျက်ဝန်းတို့အိမ်မှထွက်လာခဲ့သည်။သူမခြံထဲကဆိုင်ကယ်ကိုအပြင်ဘက်တွန်းရင်းမနေ့ညကမျက်ဝန်းမေးသောမေးခွန်းကိုပြန်ကြား​ယောင်မိသဖြင့်သူမ,မျက်ဝန်းရှိရာအိမ်ဘက်လှည့်ကာ
"မျက်ဝန်းမေးခွန်းအတွက်အစ်မမှာအဖြေရှိပြီးသားပါ။ဒါပေမယ့်ဒီအဖြေကိုအစ်မဖြေဖို့အချိန်မတန်သေးဘူးလို့ထင်လို့ပါ။"
ဟုသူမတိုးတိတ်စွာပြန်ဖြေခဲ့ပြီးဆိုင်ကယ်ပေါ်တက်ကာသူမ၏အိမ်သို့သာဆိုင်ကယ်ကိုဦးတည်မောင်းလာခဲ့လေသည်။

Me, You, The Ghost & HerWhere stories live. Discover now