Chapter-13 [Secrets With People]

9 1 0
                                    

Unicode Version

လျို့ဝှက်ချက်ကိုယ်စီ (၁)

"ခင်ဗျားက.."
"ဟုတ်ပါတယ် ကျွန်တော်ကသရဲပါ။ ခင်ဗျားကျွန်တော်မြင်နိုင်တယ်ဆိုတော့ကျွန်တော်ကိုများကူညီနိုင်မလားခင်ဗျ။"
တအံ့တသြဖြစ်နေသောသြဇာသီးသည်၏စကားကိုကျွန်တော်ပဲဆက်ကာပြောလိုက်တော့သည်။
"ငါဘယ်သူကိုမှကူညီပေးဖို့စိတ်ကူးမရှိဘူး။ ငါအခုမင်းမြင်နိုင်တယ်ဆိုပေမယ့်ဒီလိုလုပ်လိုက်ရင်လုံးဝကိုမမြင်ရ၊မကြားရတော့တာ။"
နေ့တေးဆိုပြောရင်းလက်စွပ်ကိုသေချာပြန်ဝတ်ကာကားပေါ်တက်ကာမောင်းထွက်လာခဲ့သည်။နေ့တေးဆိုကားမောင်းရင်းလက်စွပ်မပြုတ်ကျတော့အောင်လက်သီးကိုသာတင်းတင်းဆုတ်ထားရင်းနဲ့ပဲနေထိုင်ရာတိုက်ခန်းသို့ပြန်လာခဲ့သည်။အခန်းရှေ့တွင်ရပ်နေသည့်အဖေဖြစ်သူကိုတွေ့လိုက်၍
"အဖေ"
နေ့တေးဆိုအသံကြောင့်အထုပ်အပိုးတွေကိုင်ထားရင်းအဖေကလှည့်ကြည့်သည်။
"သားတို့အထဲဝင်ရအောင်။"
"အဖေမဝင်တော့ဘူး။ မင်းအဖိုးကိုလာပြန်ခေါ်ရင်းမင်းအတွက်မင်းအမေထည့်ပေးလိုက်တဲ့ဟင်းဘူးတွေဝင်ပေးတာ။"
အဖေဖြစ်သူပြောကာနေ့တေးဆိုလက်ထဲအထုပ်အပိုးတွေထည့်ရင်းနေ့တေးဆို၏အဆောင်လက်စွပ်ကိုအတန်ကြာကြည့်နေပြီးမှ
"မင်းဝင်တော့လေ။ ငါလည်းသွားတော့မယ်။"
နေ့တေးဆိုကိုပြောပြီးအဖေဖြစ်သူကထွက်သွားပြီဖြစ်၍နေ့တေးဆိုလည်းထွက်သွားသည့်အဖေဖြစ်သူကိုမျက်စိတစ်ဆုံးကြည့်ပြီးအခန်းတံခါးကိုဖွင့်ကာအထုပ်အပိုးတွေနဲ့အတူတူအခန်းထဲဝင်လာခဲ့သည်။
တိုက်ခန်းရှေ့တွင်ရပ်ထားသည့်ကားနားတွင်ရပ်ကာဦးတေးဆို,သားဖြစ်သူနေ့တေးဆိုရှိနေသည့်အခန်းသို့ခဏမော့ကြည့်​နေပြီးမှကားပေါ်တက်ကာအဖေဖြစ်သူစောင့်နေမည့်နေရာသို့မောင်းလာခဲ့သည်။
"အဖေ့မြေးအဆောင်ကအရောင်ဖျော့နေတယ်။"
ဖခင်ဖြစ်သူကားထဲဝင်ထိုင်သည်နှင့်ဦးတေးဆိုပြောလိုက်သည်။
"မြေးလေးရဲ့ကြမ္မာချိန်ကနီးလာပြီလေ။ ဒါပေမယ့်စစ်မှန်တဲ့အရာကဘယ်လိုအနှောင့်အယှက်ကိုမဆိုကျော်လွှားနိုင်မှာ။ ပြီးတော့ဆယ်နွယ်မှုတွေကအသက်ပြန်ဝင်လာတော့မှာပါ။"
ဖခင်ဖြစ်သူစကားကြောင့်တစ်ဦးတည်းသောသားလေးအပေါ်ပူပန်နေသည့်ဦးတေးဆို၏စိုးရိမ်စိတ်များအနည်းငယ်လျော့ကျသွားသည်။
"ငါ့သား မြေးလေးကအရွယ်ရောက်နေလို့သူ့ဘာသာသူတောင်ရပ်တည်နေပြီလေ။ အရမ်းစိတ်မပူပါနဲ့တော့။"
"ကျွန်တော်သိပါတယ် အဖေ။ အဖေလည်းမြေးကိုစိတ်မချလို့ဟိုမြို့ဒီမြို့ကူးနေတာကိုလျော့ပါအုံးဗျ။"
"ငါ့မြေးကိုငါစိတ်မချလည်းပါတယ်ဆိုပေမယ့်.."
"နောက်တစ်ခေါက်အဖေသွားချင်ရင်ကျွန်တော်ကိုယ်တိုင်လိုက်ပို့ပါ့မယ်။ တစ်ယောက်တည်းတော့မသွားပါနဲ့ဗျာ။ အခုထိုင်ခုံခါးပတ်ပတ်ထားဗျ။ ကျွန်တော်စမောင်းတော့မယ်။"
မပြောချင်လျှင်စကားကိုဖြေးဖြေးချင်းတစ်လုံးချင်းပြောတတ်သည့်ဖခင်ဖြစ်သူ၏အကျင့်ကိုသိနေ၍ဦးတေးဆိုစကားစဖြတ်လိုက်ကာဖခင်ဖြစ်သူထိုင်ခုံခါးပတ်ပတ်ပြီးသည်နှင့်ရပ်ထားသည့်ကားကိုစက်နှိုးကာဆက်မောင်းသွားလိုက်သည်။
ကျွန်တော်ကိုမြင်ရ၍ပထမဆုံးအကူအညီတောင်းမှပဲအမိ့လုပ်ဖော်ကိုင်ဖက်၏ချက်ချင်းငြင်းလိုက်သည်ကိုခံရပြီးကျွန်တော်ယောင်​လည်လည်နဲ့ဒီနေရာမှာရပ်နေမိသည်မှာနေဝင်ရီတရောအချိန်မှနေလုံးကြီးသည်အနောက်အရပ်သို့ပြည့်ပြည့်ဝဝဝင်သွားပြီးသည့်အချိန်သို့ရောက်လာပြီဖြစ်၍ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မဲလာသည်။မှောင်လာမှအနီးအနားတွင်ရှိသည့်ကျိုးတို့ကျဲတဲဓာတ်တိုင်​အချို့ကလင်းလာသည်ကလွဲပြီးဖြတ်သွားဖြတ်လာမရှိ၍ခြောက်ကပ်​ကပ်ဖြစ်နေသည့်ပတ်ဝန်းကျင်တွင်ကျွန်တော်တစ်ယောက်တည်းဖြစ်နေသဖြင့်
"အမိကလည်းသူ့ကိုဟောက်စားလုပ်နေတဲ့လူရဲ့ကားပေါ်ကိုမှလိုက်သွားရတယ်လို့။"
ကျွန်တော်တစ်ကိုယ်တည်းပြောနေရင်းကျွန်တော်ကဘာဆိုတာကိုသတိရသွားပြီး
"ဟိုတစ်ခေါက်တုန်းကစိတ်မှန်းနဲ့သွားလာလို့ရတယ်ဆိုတော့ဒီတစ်ခေါက်လဲစမ်းကြည့်ရအောင်။"
ကျွန်တော်စိတ်ထဲစဥ်းစားပြီးအမိရှိနေတတ်သောခေါင်မိုးထပ်နေရာလေးကိုအာရုံစူးစိုက်ကာတွေးရင်းမျက်လုံးတို့ကိုမှိတ်လိုက်သည်။ကျွန်တော်မျက်လုံးပြန်ဖွင့်လိုက်သည်နှင့်ရောက်နေသည့်နေရာကအမိရှိတတ်သောခေါင်မိုးထပ်လေးဖြစ်နေသဖြင့်ကျွန်တော်သဘောကျစွာပြုံးရင်း
"ဒီလိုကျတော့လည်းမဆိုးသား။"
ဟုကိုယ့်ဘာသာကိုယ်ပြောမိသွားသည်။
ပြည့်လုစဲလမင်းကြီးကကောင်းကင်တွင်နေရာယူထားရင်ကမ္ဘာမြေပြင်အနှံ့အလင်းဖြန့်ကြက်ရန်အသင့်ဖြစ်နေသော်လည်းဟိုတစ်စဒီတစ်စတိမ်ဖြူတို့ကလမင်းကြီးကိုမဝံမရဲတားဆီးနေသည်။ထိုအချိန်၌မြွေလိမ်မြွေကောက်တောင်ပတ်လမ်းတစ်နေရာတွင်ခဲရောင်ကားလေးတစ်စီးတရွေ့ရွေ့မောင်းနှင်နေသည်။ကားလေး၏ကားမောင်းသူနဲ့ဘေးကထိုင်သူနေရာတွင်ရှိနေသူတို့မှာသူဇာတို့တူဝရီးနှစ်ယောက်ပင်ဖြစ်သည်။
"Angel အိတ်ကိုသေချာထားထားတယ်မဟုတ်လား။"
Missionအချိန်ဖြစ်နေ၍ဦးလေးကCodeNameကိုသာခေါ်ပြီးမေးသဖြင့်သူဇာလည်းခေါင်းတစ်ချက်ညိတ်ပြပြီး
"စိတ်ပူနေလို့လား။ Leader"
"ဘာကြောင့်မှန်းမသိစိတ်ထဲလေးနေ.."
ဦးလေးတဖြစ်လဲအဖွဲ့အစည်းခေါင်းဆောင်၏စကားမဆုံးခင်သူဇာတို့မောင်းလာသောကားကိုတောင်​ပတ်လမ်းအကွေ့မှအရှိန်ဖြင့်ဆင်းလာသောကားတစ်စီးကဝင်တိုက်မိသည်။ဝင်တိုက်မိသည့်အရှိန်​ကပြင်းသော်လည်းသူဇာတို့တူဝရီးမထိခိုက်ပဲကားသာပျက်စီးသွားသည်။သို့သော်လည်းတစ်ဖက်ကားကတော့ကားရှေ့ပိုင်းပျက်စီးသွားရုံသာမကအငွေ့များပါထွက်လာသဖြင့်သူဇာကိုဆင်းကြည့်ရန်ဦးလေးဖြစ်သူကအချက်ပြ၍သူဇာသတိထားရင်းသူဇာတို့ကားကိုဝင်တိုက်သည့်တစ်ဖက်ကားအနားသို့လျှောက်လာခဲ့သည်။သူဇာကားမောင်းသူတံခါးနားအရောက်တွင်ရုတ်တရက်ပွင့်လာသောတံခါးနဲ့အတူကားပေါ်ကထွက်လာသောသူကသူဇာကိုတိုက်ခိုက်တော့သည်။သူဇာအလစ်တိုက်ခိုက်ခံနေရသဖြင့်ဦးလေးလည်းကားပေါ်မှဆင်းလာကာအလစ်တိုက်ခိုက်သည့်ထိုလူကိုသူဇာဘက်မှဝင်တိုက်ခိုက်ပေးသည်။သူဇာတို့တူဝရီးနှစ်ယောက်နဲ့ထိုလူတစ်ယောက်တည်းတိုက်ခိုက်မှုကညီတူညီမျှပင်ဖြစ်နေသည်။ထိုအချိန်တွင်
"ဒိုင်း"
သေနတ်ပစ်သံတစ်ချက်နဲ့အတူသူဇာဗိုက်ထဲတစ်ခုခုဝင်လာသည်ကိုခံစားမိလိုက်သည်။သေနတ်ထိသွားသောတူမဖြစ်သူကြောင့်သူ,တိုက်ခိုက်မှုကိုအဆုံးသတ်လိုက်ချင်သော်လည်းလက်ရည်တူသည့်တစ်ဖက်လူကလွယ်လွယ်နဲ့အဆုံးပေးမသတ်။တစ်ချက်တွင်တစ်ဖက်လူကအကွက်ရွေ့မှားသွားသဖြင့်သူ,မျက်နှာဖုံးတပ်ထားသည့်တစ်ဖက်လူ၏မျက်နှာဖုံးကိုချွတ်ရန်ကြိုးစားသော်လည်းမျက်နှာဖုံးမပါလာပဲတစ်ဖက်လူဝတ်ထားသောလက်အိတ်အရှည်သာသူလက်ထဲပါလာသည်။လက်အိတ်မရှိတော့သောတစ်ဖက်လူ၏လက်တွင်ရှိနေသည့်တစ်
ချက်မကသောအရှိုးရာအချက်တို့ကိုသူအသေအချာမြင်လိုက်ရသည်။သူမြင်လိုက်သည်ကိုသတိထားမိသောတစ်ဖက်လူကသူကိုတစ်ချက်တွန်းဖယ်ပြီးချက်ချင်းပင်အငွေ့ထွက်နေသောကားဆီ​ပြန်ဝင်ကာကားမောင်းပြီးထွက်ပြေးသွားသည်။သူပြေးလိုက်ချင်သော်လည်းသေနတ်ထိထားသောတူမဖြစ်သူကိုသတိရသွားသဖြင့်တူမဖြစ်သူကိုသာကားပေါ်တင်ကာအိမ်သို့အမြန်ဆုံးမောင်းလာခဲ့သည်။
အငွေ့တထောင်းထောင်းထွက်နေသောကားပေါ်မှအနက်ရောင်မျက်နှာဖုံးတပ်ထားသည့်လူတစ်ယောက်ဆင်းလာပြီး​ထိုအငွေ့ထွက်နေသောကားကိုဘေးကချောက်ထဲတွန်းချပြီးခပ်ဝေးဝေးတွင်ရပ်ထားသည့်အနက်ရောင်ကားလေးပေါ်တက်သွားသည်။
"ဘယ်လိုလဲ ပစ်တာချက်ကောင်းထိသွားတယ်မလား။"
ကားထဲဝင်လာသောလူကိုကားမောင်းသူနေရာတွင်ထိုင်နေသည့်လူကမေးလိုက်တော့
"ချက်ကောင်းထိရင်တောင်ဒီနေ့မစ်ရှင်မအောင်ဘူး။"
"ဒါနဲ့ခင်ဗျားလက်ကဘာဖြစ်နေတာလဲ။"
ပထမမေးခွန်းမေးသူကပင်ထပ်မေးလိုက်တော့
"မင်းနဲ့မဆိုင်ဘူး။"
ကားထဲနောက်မှဝင်လာသူကပြန်ပြောရင်းတံတောင်ဆစ်အထိခေါက်ထားသောအင်္ကျီလက်ကိုဖြေချလိုက်ကာပေါ်နေသည့်အရှိုးရာများကိုဖုံးလိုက်ကာဘေးကိုငေးနေသဖြင့်ကားမောင်းသူကထပ်​မမေးတော့ပဲကား​ကိုမောင်းလိုက်သည်။အနက်ရောင်ကားလေးမှာတောင်လမ်းတွေကိုဖြတ်သန်းကာတောအုပ်တစ်ခုထဲသို့မောင်းဝင်လာသည်။တောအုပ်တွင်လမ်းလျှောက်ရန်ဖော်ထားသည့်လမ်းအဆုံးအထိကားကိုတစ်ဟုန်ထိုးမောင်းလိုက်ပြီးလမ်းအဆုံးကားဆက်သွား၍မရသည့်နေရာရောက်မှသူတို့နှစ်ယောက်ကားပေါ်ကဆင်းလာကာခပ်လှမ်းလှမ်းကခြုံနွယ်တို့ဖုံးနေသည့်ဟောင်းနွမ်းနေပြီဖြစ်သောအိမ်သေးသေးလေးထဲသို့ဝင်လာခဲ့သည်။မှောင်မဲနေသည့်အိမ်လေးထဲပြတင်းပေါက်ငယ်မှဖြာကျနေသည့်လ၏အလင်းရောင်ကိုအသုံးပြုကာအိမ်လေးထဲတွင်ရှိနေသည့်ခုံပုအစုတ်လေးကိုနေရာရွေ့လိုက်သည်နှင့်သူတို့နှစ်ယောက်ရှေ့တွင်ရှိနေသည့်ဗီရိုအဟောင်းကြီးကတဖြည်းဖြည်းပွင့်လာသည်။အင်္ကျီလက်ရှည်ဝတ်ထားသူကဗီရိုအတွင်းဘက်ကခလုတ်တစ်ခုကိုနှိပ်လိုက်တော့ဗီရိုထဲတွင်ရှိနေသည့်မီးလုံးကလင်းလာသည်။မီးအလင်းရောင်ကြောင့်ဖောက်ထားသည့်လျို့ဝှက်လမ်းကိုအဆုံးအထိမြင်နေသည်။ကောင်းကောင်းအလင်းပေးနေသည့်မီးအလင်းရောင်ကိုအသုံးပြုပြီးထိုလမ်းအတိုင်းသူတို့နှစ်ယောက်လျို့ဝှက်လမ်းအဆုံးအထိလျှောက်လာခဲ့သည်။လျို့ဝှက်လမ်းအဆုံးတွင်တံခါးကြီးတစ်ချပ်ရှိလေသည်။
"ဒေါက် ဒေါက်"
ထိုတံခါးကိုနှစ်ချက်တံခါးဆင့်ခေါက်သော်လည်းပြန်ဖြေသံမထွက်လာသဖြင့်တံခါးကိုဖွင့်ကာသူတို့နှစ်ယောက်အခန်းထဲသို့ဝင်လာခဲ့သည်။တစ်ခန်းလုံးအမည်းရောင်ကိုသာအသုံးပြုထားသော်လည်းခန်းဝင်ပစ္စည်းများကတော့အဆင့်မြင့်ကာကောင်းပေ့ဆိုသည့်အရာများပင်။
"နှစ်ယောက်လုံးတိတ်ဆိတ်နေပုံရရင်တော့အကြိုမစ်ရှင်ကရှုံးနိမ့်လာတဲ့ပုံ။"
ရပ်နေသည့်သူတို့နှစ်ယောက်ရှိရာသို့လှည့်လာသောအကောင်းစားဆုံလည်ဆိုဖာကုလားထိုင်တွင်ထိုင်နေသည့်သူကပြောလိုက်ပြီးလက်ထဲကဆေးလိပ်တို၏မီးစကိုဆိုဖာကုထားထိုင်ဘေးတွင်ရှိနေသည့်ဆေးလိပ်ပြာခွက်တွင်ထိုးချေလိုက်ပြီးမှ
"ဒီရှုံးနိမ့်မှုကနောက်မစ်ရှင်မှာရှုံးခွင့်မရှိတော့ဘူးဆိုတဲ့သဘောဆိုတာငါမပြောလည်းထိပ်တန်းနှစ်ယောက်ဆိုတော့သဘောပေါက်တယ်မလား။"
"ဟုတ်ကဲ့ပါ ဘော့စ်"
နှစ်ယောက်သားထံမှအသံပြိုင်တူထွက်လာသဖြင့်ထိုင်နေသူကဆိုဖာကုလားထိုင်ဘောင်တွင်တင်ထားသောTabletကိုဖွင့်ကာနှစ်ချက်တောက်လိုက်တော့အခန်းနံရံတွင်နောက်လုပ်ရမည့်မစ်ရှင်၏အသေးစိတ်အချက်အလက်များရေးထားသောပရိုဂျက်တာတစ်ခုပေါ်လာသည်။သူတို့နှစ်ယောက်ပရိုဂျက်တာကစာတွေကိုအကုန်ဖတ်ကြည့်လိုက်သည်။
"အဖွဲ့အစည်းတစ်ခုလုံးကိုမီးရှို့ပြီးအစဖျောက်မယ်ဆိုတာကမဖြစ်နိုင်ဘူးထင်တယ်။"
ဖတ်ကြည့်ပြီးသည်နှင့်အင်္ကျီလက်ရှည်ဝတ်ထားသည့်လူထံမှစကားသံထွက်လာသည်။
"မင်းတောင်ငါကိုပြန်ခံပြောဖို့စကားတွေရှိလာပြီလား နေကြယ်။"
ထိုင်နေသူကမဖြစ်နိုင်ဘူးပြောသည့်နေကြယ်ဆိုသောသူကိုကြည့်ရင်းပြောလိုက်တော့ထိုသူကခါးကို၉၀ဒီဂရီညွှတ်ကိုင်းပြီး
"မှားသွားပါတယ် ဘော့စ်"
"ငါပြောဖူးတယ်မလား။ သံယောဇဥ်ဆိုတာမင်းကိုကျရှုံးစေမည့်အဆိပ်တစ်ခွက်ထပ်မပိုဘူးဆိုတာ။ ငါမင်းနဲ့လက်တွဲခဲ့တာအဲအဆိပ်​အကုန်ကုန်ပြီလို့ထင်လို့။ မင်းကြည့်တာအဆိပ်ကျန်သေးပုံဆိုတော့ဘယ်သူရှိလဲ ဝင်လာကြစမ်း။"
ထိုင်နေသူ၏အသံကြောင့်ဆယ်ယောက်ထက်မကသောအားကောင်းမောင်းသန်လူလတ်ပိုင်းများဝင်လာသည်။
"ဟေ့ကောင် မင်းတို့အစ်ကိုကြီးကတစ်ယောက်တစ်ချက်စီကျွေးလိုက်။ အနေတော်ပဲနော်။ ပိုလည်းမပိုနဲ့လျော့လည်းမလျော့နဲ့။"
ထိုင်နေသူ၏စကားအဆုံးတွင်နေကြယ်ဆိုသူအားဝင်လာသည့်အားကောင်းမောင်းသန်လူလတ်ပိုင်းကြီးများကတစ်ယောက်တစ်ချက်စီဝိုင်းဝန်းထိုးကြိတ်ကြသည်။ထိုးကြိတ်မှုကြီးပြီးဆုံးမှထိုင်နေသူကဆေးရည်ပြည့်ဆေးထိုးအပ်တစ်ချောင်းကိုထုတ်ပြီး
"ဒီမစ်ရှင်တော့မင်းလက်လျော့လိုက်တော့ကွာ။ မင်းကငါ့အတွက်အသုံးဝင်သေးလို့မင်းကိုဆက်နေခိုင်းလိုက်မယ်။ ငါ့အတွက်တာဝန်ကြေမယ်မလား။"
ပြောရင်းဝိုင်းဝန်းထိုးသည်ကိုခံနေရသူနေကြယ်၏လက်မောင်းအကြောကိုရှာပြီးဆေးရည်ကိုအကုန်ထိုးသွင်းလိုက်ပြီး
"ဟေ့ကောင်တွေ မင်းတို့အစ်ကိုကြီးကိုအနားယူလို့ရအောင်လုပ်ပေးလိုက် မင်းကဒီတစ်ကြိမ်မှာဒီမစ်ရှင်ရဲ့ခေါင်းဆောင်ဖြစ်ပြီဆိုတော့မင်းကောင်းကောင်းလုပ်နိုင်မယ်မဟုတ်လား။"
ဆေးထိုးအပ်ကိုအမှိုက်ပုံးထဲထည့်ရင်းပြောလာထိုလူကြောင့်ဖြစ်စဥ်တစ်ခုလုံးကိုဘေးကပွဲကြည့်​ပရိသတ်လုပ်နေသောသူလည်းခေါင်းကိုညိတ်ကာ
"ဟုတ်ကဲ့ပါ ဘော့စ်"
ဟူ၍သာပြောလိုက်တော့ထိုဘော့စ်ဆိုသူကသဘောတကျရယ်မော​နေလေသည်။
မီးရောင်ဖြာဖြာကျနေသောအခန်းကျဥ်းလေးထဲတွင်လူတစ်ယောက်ထိုင်နေသည်။ထိုလူသည်အခြားသူတော့မဟုတ်၊သော်ဟုရင်းနှီးသူများခေါ်တတ်သည့်မိုးလသော်တာနဲ့သူဇာဟုလူသိများသောမိုးနတ်သူဇာတို့၏ဦးလေး,မိုးလပင်ဖြစ်သည်။မိုးလဆိုသောသူသည်ရိန်းအဖွဲ့အစည်းကိုစတင်ဖွဲ့စည်းတည်ထောင်သူဖြစ်ပြီးအဖွဲ့အစည်း၏ခေါင်းဆောင်တစ်ဦးဖြစ်သည်။မိုးလတို့၏ရိန်းအဖွဲ့အစည်းကတရားမဝင်ကုန်သည်တို့ကိုပညာပေးသလို၊မြေအောက်ဂိုဏ်းတွေအလဲအလှယ်လုပ်ရာတွင်တစ်ဖက်ကမည်သူမည်ဝါမှန်းမသိစေချင်လည်းကိုယ်စားငှားသည့်အလုပ်ကိုလုပ်သည်။တိုက်ရည်ခိုက်ရည်တတ်ကျွမ်းသောမိုးလ၏အတိတ်ခုနှစ်များတွင်ဆရာဝန်ဖြစ်ခဲ့သည်။ထိုကြောင့်လည်းတူမဖြစ်သူ၏သေနတ်ဒဏ်ရာကိုသူကိုယ်တိုင်ကုသခဲ့ပေးခြင်းဖြစ်သည်။မိုးလထိုင်နေရင်းအမှတ်မထင်တိုက်ခိုက်သူတွင်ရှိနေသည့်အရှိုးရာများဆီအတွေးရောက်သွားသည်။အရှိုးရာများကိုမိုးလမြင်တော့ဖြစ်ရပ်တစ်ခုကိုသတိရသွားလေသည်။
"သူမှာပဲအပြစ်မရှိဘူး။ ကျွန်တော်လည်းပါတယ်။"
စကားသံအဆုံးတွင်ကောင်လေးတစ်ယောက်ကိုဝိုင်းရိုက်နေသည့်သူများရပ်တန့်သွားသည်။ရုတ်တရက်ရိုက်ချက်များရပ်တန့်သွားသဖြင့်အရိုက်ခံနေရ​သည့်ကောင်လေးကသူရှေ့တွင်လာရပ်နေသည့်ခြေထောက်ပိုင်ရှင်ကိုမော့ကြည့်လိုက်ပြီး
"ကျွန်တော်ဘာသာလုပ်တာ။ သူမပါဘူး။"
ကောင်လေး၏အဖြေစကားကြောင့်ကောင်လေး၏ရှေ့တွင်လာရပ်နေသည့်သူကိုဘေးသို့ဖယ်လိုက်ပြီး
"သူကမင်းမပါဘူးတဲ့။ ဖယ်လိုက်တော့။ ဆက်ရိုက်ကြ။"
အမိန့်နှင့်တူလှသည့်စကားကြောင့်မိုးလ၏ကျောပြင်သို့ကြာပွတ်ချက်များထပ်မံကျရောက်လာစဥ်နွေးသွားသည့်ခံစားချက်နဲ့အတူမိုးလတစ်ယောက်ထွေးပွေ့ခံလိုက်ရသည်။ထိုအဖြစ်အပျက်များပြီးနောက်တစ်ယောက်ကကျော၊တစ်ယောက်ကလက်တွင်အရှိုးရာနဲ့ပြည့်နေသည့်ကောင်လေးနှစ်ယောက်ရှိနေပြီးတစ်ယောက်ကိုတစ်ယောက်ဆေးလိမ်းပေးနေကြသည့်ကောင်လေးနှစ်ယောက်လည်းရှိခဲ့သည်။
မီးရောင်ကြောင့်မှောင်နေသည့်အခန်းငယ်ဟာလင်းထိန်သွားသည်။တစ်ယောက်သာအဆင်ပြေစွာနေနိုင်သည့်ထိုအခန်းထဲတွင်စားပွဲခုံတစ်ခုနဲ့ခေါက်အိပ်ရာတစ်ခုသာပရိဘောဂအဖြစ်ရှိနေသည်။ဝတ်ထားသည့်မီးခိုးရောင်ဂျက်ကတ်နဲ့တပ်ထားသောMaskအမည်းကိုဖယ်လိုက်သောအခါချောမောပြီးခန့်ညားသောမျက်နှာတစ်ခုပေါ်လာသည်။ထိုစဥ်
"တီ တီ တီ တီ"
အခန်းနံပါတ်ရိုက်ဖွင့်သံနဲ့အတူလူတစ်ယောက်ထိုအခန်းငယ်ထဲဝင်လာပြီးခေါက်ထား၍ထိုင်ခုံတစ်ခုသဖွယ်ဖြစ်နေသောခေါက်အိပ်ရာပေါ်ခြေပစ်လက်ပစ်ထိုင်ပြီးမှ
"သွားရလာရလွယ်လွန်းတဲ့နေရာမှာမနေစမ်းနဲ့ မင်းဒီပါဦး။"
သူငယ်ချင်းဖြစ်သူပြောသည့်စကားကိုပြန်မဖြေဖြစ်ပဲမင်းဒီပါဦးလက်ထဲကဂျက်ကတ်ကိုသာအဝတ်ချိတ်သည့်တိုင်တွင်ချိတ်လိုက်သည်။
"ခွေးကောင် ငါပြောနေတာကိုအဖက်မလုပ်ဘူး။"
ဘေးတွင်ရှိနေသည့်အဝတ်နဲ့ဒီပါဦးကိုပစ်ရန်လုပ်ပြီးမှသူ့လက်ထဲကအဝတ်ကဒီပါဦးဆီတွင်မမြင်ဖူးသည့်ဒီဇိုင်းမျိုးဖြစ်နေ၍သူအဝတ်ကိုသေချာဖြန့်ကြည့်ရင်း
"ဒီပါဦး ဒီအဝတ်ကဘာလဲ။ မင်းရည်းစားရနေတာလား။"
သူငယ်ချင်းဖြစ်သူစကားကြောင့်ဒီပါဦးတစ်ချက်လှည့်ကြည့်ပြီး
"မင်းမဟုတ်တာတွေလျှောက်ပြောမနေနဲ့။ ငါကိစ္စတောင်ပြီးအောင်မလုပ်ရသေးတာအခြားဟာတွေကိုစိတ်ရောက်ဖို့မရှိသေးဘူး။"
"မရှိသေးဘူးဆိုတော့ရှိလာတော့မှာများလား။ ငါသိချင်တယ်။မင်းဒီပါဦးရဲ့ကျောက်ရုပ်အသည်းနှလုံးကိုဘယ်သူကအရည်ဖျော်ပစ်မလဲဆိုတာ။"
"ဆုတောင်းလိုက် ကိစ္စကိုသာပြောစမ်းပါ။"
ဒီပါဦးပြောရင်းသူငယ်ချင်းဖြစ်သူလက်ထဲကအဝတ်ကိုယူလိုက်ပြီးအဝတ်ချိတ်သည့်တိုင်ကနောက်ထပ်အဝတ်ချိတ်လွတ်တစ်ခုတွင်ချိတ်နေသဖြင့်သူငယ်ချင်းဖိုးယံကငါသိနေတယ်ဆိုသောအကြည့်နဲ့စနောက်ကာကြည့်နေပြီးသည်နှင့်
"ပန်းသစ်ခွရဲ့နောက်ကြောင်းကိုငါလိုက်တော့ဟိုကုမ္ပဏီကCEOနဲ့နွယ်နေတယ်ဟ။ သူ့အချက်အလက်ကငါလိုလူတောင်မနည်းစုံစမ်းရတာ။ အချိန်နည်းနည်းတော့ပေးအုံးကွာ။ ငါနည်းနည်းအတည်ပြုစရာတွေရှိသေးတယ်။"
"ကောင်းပြီ။ သွားတော့။"
"တကယ်ကြီးနှင်လွှတ်တာလား။ တစ်ခုခုတောင်မကျွေးပဲနဲ့လေ။"
ဖိုးယံစကားကိုဒီပါဦးခေါင်းညိတ်ပြလိုက်သဖြင့်ဖိုးယံတစ်ယောက်ဒီပါဦးမျက်နှာမဲ့ပြပြီးအခန်းငယ်ထဲမှထွက်သွားသည်။ဖိုးယံထွက်သွားမှဒီပါဦးသော့ခတ်ထားသောစားပွဲအံဆွဲကိုဖွင့်လိုက်ပြီး​မှောက်ကာထည့်ထားသည့်ဓာတ်ပုံဘောင်တစ်ခုကိုယူကာကြည့်နေမိသည်။ဓာတ်ပုံထဲတွင်ပျော်ပျော်ရွှင်ရွှင်​ရယ်မောနေသည့်ဒီပါဦးအပါအဝင်မိသားစုလေးယောက်လုံးကိုကြည့်ရင်းဒီပါဦးမျက်ရည်များဝဲလာသ​လိုလက်သီးကိုလည်းတင်းတင်းဆုတ်ထားပြီး
"ခဏလေးပဲ ခဏလေးပဲလိုတော့တာ"
မိသားစုဓာတ်ပုံလေးကိုကြည့်ရင်းဒီပါဦးပြောမိသည်။
နှစ်ရက်နီးပါးကြာသည်အထိကိုလေးကိုတစ်ယောက်တည်းစောင့်နေသည့်ကိုကြီးကြောင့်မနက်စောစောမျက်ဝန်း,ကိုကြီးတို့ရှိရာဆေးရုံသို့ထွက်လာခဲ့သည်။
"ကိုကြီး မျက်ဝန်းနဲ့အလှည့်ချိန်းရအောင်။"
မျက်ဝန်းစကားအဆုံးတွင်ကိုလေးရှိသည့်လူနာကုတင်ဘေးကထိုင်ခုံတွင်ထိုင်နေသောကိုကြီးကမျက်ဝန်းဆီမော့ကြည့်လာပြီး
"မချိန်းဘူး။"
ခါတိုင်းနဲ့မတူစွာကိုကြီးကခပ်မာမာပြောလာသော်လည်းမျက်ဝန်းဟာသရောရင်းထပ်ပြောလိုက်သည်။
"ကိုကြီးခေါင်းမာမနေပဲ အိမ်ပြန်ပြီးတစ်ရေးလောက်မှေးလိုက်ပါလား။ ကိုကြီးမျက်လုံးကပန်ဒါဝက်ဝံနဲ့နင်လားငါလားဖြစ်နေပြီကို"
"တော်စမ်းပါ။ နင်သာပြန်။ ငါ့ညီနားမှာငါပဲရှိနေမယ်။"
"ဟိုတစ်နေ့ကကိစ္စကြောင့်ကိုကြီး,မျက်ဝန်းကိုစိတ်ဆိုးနေတာများရှိ.."
"ငါစိတ်မဆိုးဘူး။ ဒါကြောင့်နင်ပြန်လိုက်ပါတော့။ နင်ရှိနေလည်း.."
မျက်ဝန်းစကားကိုကိုကြီးကဖြတ်ပြောပြီးစကားကိုရပ်လိုက်သည်။ကိုကြီးစကားကြောင့်ကိုကြီးမျက်ဝန်းကိုစိတ်ဆိုးနေမှန်းမျက်ဝန်းရိပ်မိလိုက်ကာ
"အဒေါ်ကြီးထည့်ပေးလိုက်တဲ့ကိုကြီးလဲဖို့အဝတ်အစားတစ်စုံနဲ့ထမင်းဘူးကိုမျက်ဝန်းဒီမှာထားခဲ့မယ်နော်။"
မျက်ဝန်းစားပွဲပေါ်အဝတ်အစားအိတ်နဲ့အဒေါ်ကြီးထည့်ပေးလိုက်သည့်ထမင်းဘူးအိတ်တို့တင်ခဲ့လိုက်ပြီးမျက်ဝန်းလူနာခန်းမှပြန်ထွက်လာခဲ့သည်။ဆေးရုံမှထွက်လာသော်လည်းမျက်ဝန်းအိမ်မပြန်ချင်သေး၍ကားမှတ်တိုင်၌ထိုင်နေရင်းသော်ဆီဖုန်းဆက်လိုက်မိသည်။
"တီ.. မျက်ဝန်း ပြော"
"သော် နင်အခုဘယ်မှာလဲ။"
"ငါအခုအိမ်မှာလေ။"
"ငါတို့တစ်နေရာရာမှာတွေ့ကြမလား။"
"ငါလာလို့မရလောက်ဘူး။ ငါမမကိုကြည့်နေတယ်။"
မျက်ဝန်းစကားကိုပြန်ဖြေသည့်သော်စကားကြောင့်မျက်ဝန်းစိုးရိမ်သွားပြီး
"အစ်မသူဇာ နေမကောင်းလို့လား။"
"ဟုတ်တယ်။ သိပ်အများကြီးတော့မဟုတ်ပါဘူး။ နည်းနည်းပါပဲ။"
"ငါနင့်အိမ်လာခဲ့မယ် သော်။ ငါကိုအခုချက်ချင်းနင့်အိမ်လိပ်စာကိုMessageကပို့လိုက်။"
ပြောပြီးသည်နှင့်မျက်ဝန်းဖုန်းချလိုက်သည်။သိပ်မကြာခင်မှာပဲမျက်ဝန်းဖုန်းထဲMessageဝင်လာသဖြင့်တက္ကစီတစ်စီးငှားပြီးသော်ပို့ပေးသည့်Messageထဲကလိပ်စာအတိုင်းမျက်ဝန်းလာခဲ့သည်။
"တီးတောင် တီးတောင်"
တံခါးဘဲလ်သံကြောင့်ဂိမ်းကစားနေရာမှသော်ထလာရင်း
"ဘယ်သူပါလိမ့်။ မျက်ဝန်းများလား။"
ဟုတွေးရင်းသော်တံခါးလာဖွင့်ပေးလိုက်သည်။တံခါးပွင့်သွားသည်နှင့်မျက်ဝန်းအထဲသို့ဝင်လာခဲ့သည်။
"မျက်ဝန်း နင်နဲ့ငါနဲ့ဖုန်းပြောပြီးတာနာရီဝက်တောင်မကြာသေးဘူး။ နင်ကဒီကိုဘယ်လိုရောက်လာတာလဲ။"
"ငါတက္ကစီနဲ့လာတာ။ ဒါနဲ့အစ်မသူဇာကိုဆေးခန်းရောပြပြီးပြီလား။ ဆရာဝန်ကရောဘာပြောလဲ။ အစ်မရောအခုအနားယူနေတာလား။ နင်အစ်မကိုတစ်ခုခုရောကျွေးပြီးပြီးလား။ ဆေးရောတိုက်ပြီးရဲ့လား။ အစ်မအခုဘယ်မှာလဲ။ သူ့အခန်းထဲမှာလား။ သူ့အခန်းကရောဘယ်မှာလဲ။"
တံခါးကဝင်လာသည့်မျက်ဝန်းကြောင့်သော်အံ့သြတကြီးနဲ့မေးနေစဥ်မှာပင်မျက်ဝန်းစကားကိုတရစပ်ပြောရင်းမေးခွန်းများတန်းစီပြီးထုတ်နေတော့သည်။
"နင့်မေးခွန်းတွေကိုရပ်လိုက်ပါတော့ မျက်ဝန်းရာ"
သော်ကမျက်ဝန်းကိုလက်ကာပြရင်းပြောလိုက်မှမျက်ဝန်းထံမှအမေးဆက်ထွက်မလာသော်လည်းအိမ်ကို​ဟိုကြည့်ဒီကြည့်,ကြည့်နေသည်။
"မေးခွန်းတွေတင်မကဘူး။ ကျီးကန်းတောင်မှောက်ကြည့်နေတာလဲရပ်လိုက်တော့။ ဘယ့်နှယ့်မျက်ဝန်းရာမသိရင်နင်ကငါ့အစ်မနဲ့အရမ်းရင်းနှီးတယ်လို့ထင်ကြတော့မှာပဲ။ ပြီးတော့ငါ့အစ်မှာမောင်တစ်ယောက်ဖြစ်တဲ့ငါရှိသေးတယ်။ ငါကငါ့အစ်မကိုအစာမကျွေး၊ဆေးမတိုက်ပဲပစ်မထားပါဘူး။ နင်အစိုးရိမ်လွန်နေပြီးစိတ်ပူနေတာကိုလျော့လိုက်တော့။"
သော်စကားကြောင့်မျက်ဝန်းကိုယ့်ကိုယ်ကိုသတိထားမိကာ
"အေးလေ ဘာလို့ငါအဲလောက်တောင်အစ်မကိုစိတ်ပူနေ၊စိုးရိမ်နေမိတာလဲ။ အိုဗာတွေသိပ်မလုပ်စမ်းနဲ့ညို့မျက်ဝန်းရာ"
စိတ်ထဲကနေကိုယ့်ဘာသာကိုယ်​ခပ်တိုးတိုးဆုံးမလိုက်သည်။
"မမကိုမနက်​သောက်ရမည့်ဆေးနဲ့ဆန်ပြုတ်တစ်ခွက်တိုက်ထားတော့အခုမမကအိပ်နေမယ်ထင်တယ်။ နင်လည်းငါ့အိမ်ရောက်တုန်းလွတ်လွတ်လပ်လပ်နေ။ ဒါနဲ့နင်ဘာသောက်မလဲ။ အပူဆိုတော့ချက်ချင်းရမယ်။ အအေးဆိုရင်တော့ငါထွက်ဝယ်ရမယ်။ အအေးတော့မသောက်ဘူးမလား။"
"သေချာပေါက်အအေးပေါ့။ နင်သွားဝယ်ရင်းနဲ့ခေါက်ဆွဲထုတ်တွေပါဝယ်လာခဲ့။ ငါနင်ဆီကစားပြီးသောက်ပြီးမှပြန်မှာ။"
သော်၏စကားကိုမျက်ဝန်းပြုံးရင်းနဲ့ပြန်ပြောတော့သော်ကကျွန်မကိုနှာခေါင်းရှုံ့ပြပြီးအခန်းတစ်ခုထဲဝင်သွားပြီးဟူဒီတစ်ခုကအပေါ်ကထပ်ဝတ်ရင်းပြန်ထွက်လာကာ
"ဒါဆိုနင်အေးအေးဆေးဆေးနေနဲ့အုံး။ ငါ့အခန်းဘေးကတစ်ခန်းမှာမမရှိတော့တိုးတိုးတိတ်တိတ်တော့နေ။ ငါထွက်ဝယ်လိုက်အုံးမယ်။"
သော်ကမျက်ဝန်းကိုမှာစရာရှိတာမှာပြီးအိမ်ထဲမှထွက်သွားသည်။တံခါးပြန်ပိတ်သွားသံကြားမှမျက်ဝန်းလည်းသော်အခန်းဘေးကအစ်မသူဇာရှိနေသည့်အခန်းထဲသို့ဝင်လာခဲ့သည်။အစ်မသူဇာအခန်းထဲမျက်ဝန်းဝင်လာတော့ကုတင်ပေါ်တွင်စောင်ခြုံရင်းအိပ်ပျော်နေပုံရ​သောအစ်မသူဇာကိုတွေ့လိုက်ရသည်။မျက်ဝန်း,အစ်မသူဇာ၏အဖျားအခြေအနေကိုသိချင်၍အစ်မသူဇာနဖူးပေါ်မျက်ဝန်းလက်အုပ်ကာစမ်းကြည့်တော့အနွေးဓာတ်နည်းနည်းကျန်နေသေးသည်ကိုခံစားမိသည်။သောက်ထားသည့်ဆေးများကြောင့်အစ်မသူဇာမျက်နှာကချွေးများစို့ကာထွက်နေသဖြင့်အနားတွင်ရှိနေသည့်မျက်နှာသုတ်ပုဝါဖြင့်အစ်မသူဇာမျက်နှာကချွေးစက်တွေကိုမျက်ဝန်းငြင်ငြင်သာသာသုတ်ပေးနေမိသည်။ထိုနောက်တွင်မျက်ဝန်း,အိပ်ပျော်နေသောအစ်မသူဇာမျက်နှာကိုလက်ထောက်ကာတိတ်တိတ်​လေးငေးကြည့်နေမိသည်။အတန်ကြာငေးကြည့်နေပြီးမှမျက်ဝန်းသတိပြန်ဝင်ကာအစ်မသူဇာအခန်းထဲမှမျက်ဝန်းပြန်ထွက်လာခဲ့သည်။တံခါးပိတ်သံကြားမှသူဇာပိတ်ထားခဲ့သည့်မျက်လုံးများကိုဖွင့်ကြည့်ပြီးပြုံးလိုက်သည်။အမှန်မှာသတိအမြဲရှိနေသည့်သူဇာကမျက်ဝန်းအခန်းထဲဝင်လာကတည်းကနိုးခဲ့ပြီဖြစ်သော်လည်းဝင်လာသူကိုသိချင်၍မနိုးချင်ယောင်ဆောင်ကာဝင်လာသူကမျက်ဝန်းဆိုသည်ကိုသိသွားချင်ချိန်မှာအိပ်ချင်ယောင်ဆက်ဆောင်နေလိုက်ခြင်းဖြစ်လေသည်။

Me, You, The Ghost & HerWhere stories live. Discover now