Chapter - 29 [The Person Who Knows]

13 0 0
                                    


အခန်း ၂၉

သိသောသူ



"စိုးမိုးထိုက်"

ဒေါ်နှင်းပန်းဖြူ၏နာမည်ခေါ်သံကြောင့်အပြင်သွားရန်အောက်ထပ်သို့ဆင်းလာသောဦးစိုးမိုးထိုက်၏ခြေလှမ်းတို့ရပ်တန့်သွားသည်။

"စကားခဏပြောရအောင်။"

တိုတောင်းသော်လည်းပြတ်သားသည့်စကားသံကြောင့်ဦးစိုးမိုးထိုက်လည်းအကြောင်းအရင်းကိုနားထောင်ချင်စိတ်ဖြစ်သွား၍အပေါ်ထပ်သို့တက်သွားပြီဖြစ်သောမရီးဖြစ်သူနောက်သို့လိုက်လာခဲ့သည်။
အပေါ်ထပ်ရှိလကြည့်ဆောင်၏ပြင်ဆင်ထားသောထိုင်ခုံတစ်ခုတွင်ထိုင်နေပြီဖြစ်သောမရီးဖြစ်သူကြောင့်ဦးစိုးမိုးထိုက်လည်းကျန်နေသည့်ထိုင်ခုံအလွတ်တွင်ဝင်ထိုင်လိုက်ပြီး

"မရီးမြန်မြန်ပြောပေးလို့ရရင်ပြောပေးပါ။ ကျွန်တော်အလုပ်ကိစ္စရှိသေးလို့။"

ဦးစိုးမိုးထိုက်စကားအဆုံးတွင်ဒေါ်နှင်းပန်းဖြူကဦးစိုးမိုးထိုက်ကိုအကြည့်စိမ်းစိမ်းဖြင့်စိုက်ကြည့်လာပြီး

"ဘာလို့ဦးလေးလုပ်သူကကိုယ့်တူမကိုစကားနာထိုးပြီးပြန်ပြန်လွှတ်နေတာလဲ။"

"ဘာလဲ ရွက်ကြွေဝေကိုမရီးကိုလာတိုင်သွားတာလား။"

မရီးဖြစ်သူ၏စကားကြောင့်ဦးစိုးမိုးထိုက်ချက်ချင်းပင်ပြန်မေးမိလိုက်သည်။

"ရွက်ကြွေကငါ့ကိုဘာမှမပြောဘူး။ ဒါပေမယ့်ငါ့မှာနားတွေရှိနေတုန်းပဲနော်။"

"မျက်စိတော့မရှိတော့တာ သေချာသလောက်ဖြစ်နေပြီပဲ။ ရွက်ကြွေဝေကဘာလုပ်ခဲ့သလဲဆိုတာကိုမမြင်တော့ဘူးဆိုတော့။"

"စိုးမိုးထိုက် . . . "

ဦးစိုးမိုးထိုက်၏တန်ပြန်စကားကြောင့်ဒေါ်နှင်းပန်းဖြူနာမည်ကိုသာဒေါသတကြီးခေါ်လိုက်ပြီး

"အထင်နဲ့စွပ်စွဲနေတာကိုရပ်လိုက်တော့။ ရွက်ကြွေဝေကနင့်အစ်ကိုရဲ့သမီးအရင်းဆိုတာနင်မမေ့နဲ့။"
"မရီးသာအဲဒီစကားနဲ့ရွက်ကြွေဝေကိုထွေးပိုက်ထားရပေမယ့် မရီးလည်းရွက်ကြွေဝေကိုခွင့်မလွှတ်နိုင်ဘူးမလား။"

Me, You, The Ghost & HerWhere stories live. Discover now