If Possible ( Part - 12 )

Start from the beginning
                                        

နားထောင်နေတဲ့ခရောင်က ကုတင်ပေါ်မှာပါးစပ်လေးသာအုပ်ထားပြီး တခစ်ခစ်နဲ့တိုးတိုး
သာသာလေးရယ်သံကြားတော့ တည်တံ့ကလည်းဖုန်းပြောနေရင်းနောက်လှည့်ကာ အပြန်
အလှန် တိုးတိုးတိတ်တိတ်ရယ်မောခဲ့ကြတယ်

" ဪ...ဖြစ်ရမယ် ဒီကောင်လေးတော့
တကယ့်အဆိုး "

" ဟုတ်တယ်အန်တီရေ ဘာမှစိတ်မပူနဲ့နော်
အခုကျွန်တော်နဲ့အတူရှိနေတယ် "

" အင်းအင်းသား အန်တီစိတ်ချပါတယ်၊ အဲ့ဒါဆို ဒါပဲနော် အန်တီဈေးခဏလေးသွားချင်လို့ "

" ဟုတ်အန်တီ ဒါဆိုကျွန်တော် ဖုန်းချလိုက်ပြီ "

ဖုန်းချလိုက်တော့မှ အသံထွက်ရယ်ကာပျော်
နေသည့် ခရောင်ကိုကြည့်မိတော့ မျက်မှောင်ကိုကြုတ်၍

" နာမယ်နော် "

" အဟီး.. အဟား! အူ.. အူတက်ပါပြီ ကိုဉာဏ်
ရယ် "

" အေးအေး ပျော်ထား ပျော်ထား နောက်အခါ
အလိုမလိုက်တော့ဘူးမှတ် "

" ကြောက်ပါပြီဗျ "

နှစ်ယောက်အတူရယ်မောနေသည့်အချိန်တွင်
အပြင်ဘက်ကနေ အထဲကိုတံခါးရဲ့မှန်နဲ့ခိုး
ကြည့်နေမိသည့်သူတစ်ယောက်။ ငေးကြည့်နေ
မိရုံကလွဲ၍ဘာမှမတတ်နိုင်၊ မြင်လွှာရှေ့မြင်နေ
ရတဲ့မြင်ကွင်းကြောင့် ခံလည်းပြင်းသေးသည်။
ထိုသူကတော့ ခန့်ရင်းဆက်ဆိုတဲ့ပျော့ညံ့တဲ့
နှလုံးသားတစ်စုံကို မောကျောဖို့ပြောင်းလဲပစ်
နေတဲ့သူတစ်ယောက်ပေါ့

" ဟယ်လို ရင်းဆက်... ဆေးရုံရောက်နေပြီ
လား သူ့ကိုကောတွေ့လား "

" အင်း ... တွေ့တယ်  ကျေးဇူးပဲ ဇွဲမာန် "

" ရပါတယ် ငါလည်းငါ့လူတွေကိုစုံစမ်းခိုင်း
လိုက်တာ ရတယ်မလိုဘူး သားရီး "

" အင်း "

နံရံကိုမှီကာ နှုတ်ခမ်းဖျားကိုသပ်နေသည့်
ရုပ်ပျက်ဆင်းပျက်နှင့်ထိုလူဟာ ဆေးရုံတွင်
တစ်ခဏမျှတောင်နေချင်စိတ်မရှိတော့ဘဲ
အပြင်သို့သာခပ်သုတ်သုတ်ထွက်လာခဲ့သည်။

" မ ခင် "

" မှုံ...ပြောလေ "

" မခင်ကိုသတိရလို့ မ‌တွေ့ရတာကြာပြီမို့လေ
နေကောကောင်းရဲ့လား "

If possible ~Where stories live. Discover now