If Possible ( Part - 12 )

Start from the beginning
                                        

" အင်း ... မင်းသဘောအတိုင်းပါပဲ "

" ကျေးဇူးပါနော်အစ်ကို "

ခရောင်လည်းအတိုင်းမသိဝမ်းသာမိပေမယ့်တည်တံ့ကတော့ ခရောင်သာပျော်ရွှင်မယ်ဆို
ပြီးတာပဲဆိုသည့်ဆုံးဖြတ်ချက်ကြောင့်သူ
ကျေနပ်သော်လည်း ရင်ထဲကအနည်းငယ်မျှ
ပူလောင်နေခဲ့တယ်။ အမှုတော့ပိတ်လိုက်မယ်
ညီ... အပြစ်ကြွေးကိုတော့အစ်ကိုကိုယ်တိုင်
စီစဉ်ပါရစေ။

" အိပ်ရေးဝရဲ့လား ကိုဉာဏ်.. ကျွန်တော့်ကို
တစ်ညလုံးစောင့်ပေးနေတာလားဟင် "

" အင်း ကိုယ် ၆နာရီမှအိပ်ပျော်သွားတာ "

" တောင်းပန်ပါတယ် ကျွန်တော့်ကြောင့်နဲ့
အိပ်ရေးပျက်ရတယ် "

" ကဲ.. ဘယ်နှခါတောင်တောင်းပန်နေတော့မှာလဲလို့ ကိုယ်ဘာမှမဖြစ်ပါဘူး အိပ်ရေးဝပါတယ်။ ဒါနဲ့ညီ့ကို အန်တီစိတ်ပူနေတယ် ညက
ဖုန်းဆက်သေးတယ် အဲ့ဒါကြောင့်ကိုယ်ညီ့ကို
စိတ်ပူပြီးဖုန်းဆက်လိုက်တာ အန်တီ့ကိုတော့
ကိုယ်အကျိုးအကြောင်းမပြောရသေးဘူး...
ကိုယ်ညီနဲ့မတိုင်ပင်ဘဲနဲ့လည်း မပြောလိုက်ချင်
ဘူး ညီအဆင်‌မပြေဖြစ်မှာစိုးလို့ "

" အမေ့ကိုတော့ ဒီကိစ္စမပြောပါနဲ့ ကိုဉာဏ်.
ဆေးရုံတက်ရတယ်ဆိုတာကိုကောပေါ့။ဒီတိုင်း
အမေယုံအောင် ကိုဉာဏ်ကြည့်ကျပ်လိမ်ပေးပါ
အမေ shock ရမှာစိုးလို့ "

" အင်း ... ကိုယ်ဖုန်းဆက်လိုက်မယ်နော် "

" ဟုတ် ကိုဉာဏ် "

တည်တံ့လည်း ထိုင်ရာမှ ထကာ ပြတင်းပေါက်
အနားသို့သွားရပ်မိ၍ ဖုန်းဆက်ခဲ့တယ်။တည်တံ့သည် ခရောင်ကိုနားလည်ပေးနိုင်တဲ့
လူကောင်းတစ်ယောက်ဖြစ်သည်၊စိတ်ထား
နူးညံ့တတ်ပြီး ခရောင်ဖြစ်စေချင်သည့်ဆန္ဒ
အတိုင်းမရှောင်ခွာဘဲ သူကတိတည်ပေးနိုင်ခဲ့
သည်။ သူ့လိုလူသာခရောင်အနားမှာအမြဲရှိပေး
နိုင်မယ်ဆို ခရောင်အတွက်လည်းစိတ်ချရမှာ
အမှန်ပင်။

" ဟယ်လို အန်တီ "

" ဘယ်လိုလဲသား ညကဖုန်းဆက်လို့ရလားဟင်
သားလေးကို "

" ရတယ် အန်တီ. သူမနေ့ကကျွန်တော့်ကိုလိမ်ပြီး ဘီယာသွားခိုးသောက်တာအန်တီရေ အဲ့ဒါ
ကြောင့် ဖုန်းကချက်ချင်းမကိုင်နိုင်တာဖြစ်လိမ့်
မယ် နောက်တော့မှကိုင်တော့အဲ့ဆီအမြန်ပြေး
သွားရပြီး သူ့ကိုကျွန်တော့် ကွန်ဒိုအထိပို့ဆောင်ပေးခဲ့ရတယ်အန်တီရေ အဖြစ်ကတော့အဲ့လို "

If possible ~Where stories live. Discover now