If Possible ( Part - 12 )

Start from the beginning
                                        

" ညီ... ညီ့ကိုဘယ်သူလုပ်တာလဲ အစ်ကို့ကို
အမှန်အတိုင်းပြောပေးပါ... ကိုယ်ထောင်ထဲ
ပို့မယ် ဟိုကောင်ခန့်ရင်းဆက်လား ဘယ်သူလဲ
အစ်ကို့ကိုပြော "

" ဟင့်အင်း ... အစ်ကိုမဟုတ်ပါဘူး... အစ်ကို့ရဲ့
အမေပါ "

" ဘယ်သူ "

" အင်း... ဒေါ်အဏ္ဏဝါခင် သူပဲ "

" အစ်ကိုမကျေနပ်ဘူး အစ်ကိုရအောင်ထောင်ထဲထည့်မယ် "

" ကိုဉာဏ် .... မလုပ်ပါနဲ့ မလုပ်ပါနဲ့နော်
ကျွန်တော်ဘယ်သူနဲ့မှဘာမှမဖြစ်ချင်ဘူး
တိုင်ထားတာရှိရင် အမှုကိုပိတ်ပေးပါ. ကျွန်တော်ဘာကိစ္စမှမဖြစ်ချင်လို့ပါ ကိုဉာဏ်‌
နော်.. ကျွန်တော့်ကိုနားလည်ပေးပါ "

" ညီ "

တည်တံ့ကလက်မလျှော့ချင်ပါ ကြိုးစားပါသော်လည်း အခုမှသတိရလာတဲ့သူကို သူထပ်ပြီးလည်း အပင်ပန်းမခံစေချင်ပါ။ ဒါကြောင့်
လည်းသူ့စကားကိုသူထိန်းထိန်းပြီးပြောနေရတာဖြစ်သည်။

" နော် ကိုဉာဏ် ကျွန်တော်ပြောသလိုပဲလုပ်
ပေးပါနော်။ ကျွန်တော်လည်းအခုဘာမှမဖြစ်
တော့တာမှမဟုတ်တာ "

" ညီ ... မနေ့ညကညီ့အတွက်ဘယ်လိုတောင်
အသက်လုထားရလဲညီသိလား ညီနှလုံးရပ်
သွားတာတွေ ညီ့ကိုရအောင်ကယ်တင်ပေးထားတာတွေ မျက်စိရှေ့မှာညီတစ်ယောက်လုံးဖြစ်
နေတဲ့အဖြစ်အပျက်ကိုမြင်နေရတဲ့ကိုယ်က
ကိုယ်ကကော.. ဟမ်... ကိုယ်ဘယ်လောက်တောင်ရှင်လျက်သေနေရလဲညီသိလား "

စကားတွေပြောနေရင်းအသံတွေကြားထဲ
ငိုသံရောပါလာတာမို့ ခရောင်ရင်ထဲလည်း
တော်တော်လေးစိတ်မကောင်းဖြစ်သွားရတယ်
ကိုဉာဏ်ကသူ့ကိုတစ်ညလုံးစိတ်ပူပေးနေခဲ့တဲ့
သူပဲဆိုတာသူသိခဲ့သည်။ သူ့ရှေ့မှာရှိနေတဲ့သူက အိပ်ရေးကောဝရဲ့လားသူတွေးမိပြန်ပါသည်

" ကျွန်တော်တောင်းပန်ပါတယ် ကိုဉာဏ်.
မျက်ရည်တော့မကျပါနဲ့နော်. ကျွန်တော်တကယ်တောင်းပန်ပါတယ်နော် အစ်ကို.
ဒါပေမယ့် ကျွန်တော့်ကိုတော့နားလည်ပေးပါ
နော်.. နော် ကိုဉာဏ် "

တည်တံ့က ဆုံးဖြတ်ချက်ခိုင်မာခဲ့ကာဘာကိုမျှ
ပြန်မစဉ်းစားတော့ဘဲ ချက်ချင်းပင်ခေါင်းညှိမ့်
လိုက်သည်

If possible ~Where stories live. Discover now