ဒေါ်သွေးနုလည်းဖုန်းမဆက်လာတော့တာကြောင့် တည်တံ့လည်းဒီတိုင်းသာထားထားလိုက်တော့တယ်။ မနက် ၄နာရီဆိုတာ လူအိပ်ချိန်ပဲရှိသေးတာကြောင့် ၈နာရီ ၉နာရီ
လောက်မှအကျိုးအကြောင်းပြော၍လှမ်းဆက်မည်ကြံတယ်။ ထိုသို့တစ်နေကုန်စောင့်နေရင်းပဲ
မျက်လုံးများလေးပင်လာတော့ ထိုင်လျက်
ကုတင်ပေါ်ခေါင်းချပြီးအိပ်ပျော်သွားခဲ့တယ်
( မနက် ၉နာရီ ခန့် )
" ကိုဉာဏ် "
အသံဖျော့တော့တော့လေးကြောင့် တည်တံ့
အိပ်မက်မက်နေသည်ဟုထင်နေမိကာဆက်၍
အိပ်နေဆဲ...
" ကိုဉာဏ် "
ဒုတိယတစ်ခေါက်ထွက်ပေါ်လာတဲ့အသံဖျော့ဖျော့လေးကိုထပ်ကြားရမိတော့ တည်တံ့အိပ်နေရင်းပင် ဖြည်းဖြည်းချင်းခေါင်းမော့လိုက်မိကာ ကြည့်လိုက်မိတော့ ခရောင်ကသတိရနေပြီ
ဖြစ်သည်
" ညီ "
" ကိုဉာဏ် ... ကျွန်တော် ထိုင်ချင်တယ် "
အောက်ဆီဂျင်ပိုက်ကလေးအောက်က ဖျော့တော့တဲ့အသံတိုးတိုးလေးဖြင့် တည်တံ့ကို
အားစိုက်ပြီးပြောလာခဲ့သည်
" အစ်ကို အောက်ဆီဂျင်ပိုက်လေးဖြုတ်ပေး
မယ်နော် ညီအဆင်ပြေတယ်မလား "
ခရောင်ကခေါင်းတချက်ညိမ့်ပြလိုက်တော့
အောက်ဆီဂျင်ပိုက်ကို အသာလေးချွတ်ပေး
လိုက်ပြီး ခရောင်ရဲ့ကျောကိုထိန်းကာထိုင်စေတယ်
" ညီ... အဆင်ပြေလား အသက်ရှူရတာကော
ပုံမှန်ပဲမလား "
" မော တယ် "
" ရေသောက်မလား ကိုယ်ယူပေးမယ်လေ "
" ဟုတ် "
ရေခဲသေတ္တာအပုလေးပေါ်မှာတင်ထားတဲ့
သောက်ရေခွက်နဲ့ရေခရားကိုယူကာငှဲ့ပြီး
ခရောင်ကိုကူတိုက်ပေးပြီးသည်နှင့် ခရောင်က
ပြုံးနေခဲ့တယ်
" ကျေးဇူးပါနော် ကိုဉာဏ်... ကျွန်တော့်ကို
ကယ်ခဲ့ပေးလို့ "
ခရောင်ရဲ့လက်နှစ်ဖက်ကိုနူးနူးညံ့ညံလေးဆုပ်ကိုင်ထားမိတယ်. ညီ့ရဲ့လက်ကတကယ့်ကို
နွေးထွေးနေတာပဲ ညီကကျွန်တော့်ကိုအပြုံးများဖြင့်ကြည့်နေပေမယ့်လည်း ကျွန်တော့်ရင်ထဲကအနာများကတော့မကျက်သေး... ညက
အဖြစ်အပျက်ကိုပြန်စဉ်းစားမိလိုက်တိုင်းခေါင်းထဲအကြိမ်ကြိမ်ခါခါပြန်ပေါ်လာသလို
မျက်လုံးထဲအကြိမ်ကြိမ်မြင်နေမိတယ်။ညီသာ
တကယ်ထွက်သွားခဲ့မယ်ဆို ကျွန်တော်ကမ္ဘာပျက်ပြီထင်ပါရဲ့
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 12 )
Start from the beginning
