If Possible ( Part - 12 )

Beginne am Anfang
                                        

" အဏ္ဏဝါ ... မင်း..... "

ပါးပြင်ပေါ်ကျရောက်လာသည့် ရိုက်ချက်က
ပြင်းတာမို့ ဒေါ်အဏ္ဏဝါအရှိန်နဲ့မြေပြင်ပေါ်
ပစ်လဲသွားသည်

" မင်း ငါ့သားကို ဘာလို့အခုလိုလုပ်လိုက်ရ
တာလဲ... အပြစ်မရှိတဲ့ငါ့သားကို မင်းဘာလို့
အဲ့လောက်ထိယုတ်မာရတာလဲ "

" အမေ... ကျွန်တော်ဘာလို့တစ်ခါတစ်လေကျ
အဲ့လောက်မုန်းဖို့ကောင်းနေလဲအမေသိလား
ကျွန်တော့်ရဲ့အမူအကျင့်တိုင်း ၊ အကျင့်စရိုက်
အားလုံးက အမေ့သွေးပါလာလို့လေ ၊ ဒါမယ့်
လူတစ်ယောက်ကိုသတ်ရတဲ့အထိတော့ သား
မယုတ်မာသေးဘူးထင်တယ်အမေ... "

ရင်းဆက်တံတွေးကိုဖိပြီးမြိုချမိတော့ လည်
ချောင်းထဲ အဆူးစူးနေသဖွယ်ခံစားမိသွားရသလို သူ့အမေမျက်နှာကိုသေချာလေးတည့်တည့်
မတ်မတ်ကြည့်နေဆဲ

" သားပျက်ရင် အမေဖျက်လို့ပဲ "

‌အမေဖြစ်သူမျက်နှာကိုရစ်ဝဲနေတဲ့မျက်လုံးတစ်စုံနဲ့စိုက်ကြည့်ကာ ပြောပြီးအိမ်ပြင်သို့
လှည့်ထွက်လာခဲ့တယ်။ ခင်ရဲ့ရင်ထဲကအနာ
လည်းမကျက်သေးသည်မို့ ပါးပြင်ပေါ်ကျဆင်း
နေသည့်မျက်ရည်နှင့်အတူ တစ်ဖန်အမေဖြစ်သူ
မျက်နှာကိုလှည့်ကြည့်လာလေတယ်

" ခရောင် တစ်ခုခုဖြစ်ရင် သမီးအမေ့ကိုကျေနပ်မှာမဟုတ်ဘူး "

ခင်လည်းပြောပြီးသည်နှင့် သိပ်စိတ်ပျက်မိကာ
ဒီနေရာမှာဆက်မနေချင်တော့တာမို့ အပြင်ဘက်သို့ညကြီးမိုးချုပ်မောင်နှမနှစ်ယောက်
တစ်ယောက်တစ်နေရာဆီထွက်သွားခဲ့ကြတယ်
ကျန်ရစ်ခဲ့သည့် ဦးခံ့ညားကတော့ သူ့မိန်းမကို
ကြည့်၍နေဆဲ

" သူတို့မိသားစု တစ်ခုခုဖြစ်ရင် မင်းလည်း
ဒီတိုင်းမနေရဘူးမှတ် "

လက်ညှိုးတထိုးထိုးဖြင့် ဒေါသကြီးစွာတောက်ခေါက်သံပြင်းပြင်းခေါက်လိုက်မိပြီးသည်နှင့်
လက်သီးတစ်ဖက်ကိုတင်းတင်းဆုပ်ကာအိမ်ထဲ
ဝင်သွားသည့် ဦးခံ့ညားမှာလည်း အတော့်ကို
ဒေါသအရှိန်အဟုန်ပြင်းထန်နေခဲ့တယ်

တည်တံ့မှာတော့တစ်ညလုံးနီးပါး မအိပ်မနေ
ခရောင်နိုးလာမည်ကိုပဲ စောင့်နေခဲ့တယ်။
ခရောင်သာနိုးလာခဲ့ရင် တစ်ယောက်တည်း
အထီးကျန်ပြီးသိမ်ငယ်မှာစိုးလို့ သတိရလာရင်
များ အရင်ဆုံးခရောင်မျက်စိရှေ့မြင်တွေ့ရတဲ့
သူက သူသာဖြစ်ချင်တယ်ဆိုတဲ့ဆန္ဒနဲ့မအိပ်ဘဲ
ညလုံးပေါက်ထိုင်စောင့်နေခဲ့တယ်။ ခရောင်ကို
အရိပ်တကြည့်ကြည့်နဲ့ မျက်ဝန်းထဲ
ဝမ်းနည်းခြင်းနှင့်နာကျင်ခြင်းအရိပ်အယောင်
များဟာလည်း ဒွန်တွဲနေခဲ့တယ်။ ညီ့ကိုသာ
သူအချိန်မီမကယ်လိုက်နိုင်ရင် သူ့ဘဝမှာ
အဆိုးရွားဆုံးသောနောင်တရရှိမည်ကိုတွေး
မိရင်း သူသည်အကြိမ်ကြိမ်နာကျင်ရဆဲ...

If possible ~Wo Geschichten leben. Entdecke jetzt