" ခ ရောင် ဂိုဒေါင်ထဲပိတ်မိခံရတယ် ကိုကြီး.
ဂိုဒေါင်ကသာမန်တောင်မဟုတ်ဘူး မီးလောင်
နေတာ .. ဟက်! ... လူတစ်ယောက်ကသေချာ
စီစဉ်ပြီးတော့ကိုလုပ်ထားတာ. အဲ့ဒါဘယ်သူလဲ
သိလား .. အင်း .... ကိုကြီးရှေ့မှာရပ်နေတဲ့
ကိုကြီးရဲ့အမေပဲ "
ရင်းဆက်ချက်ချင်းပင် မျက်နှာတစ်ခုလုံး
သွေးမရှိတော့သည့်သူလို စွပ်စွပ်ဖြူသွားခဲ့ပြီး
ကြောင်တောင်တောင်ဖြစ်သွားတယ်
" ဟမ် ... ဘာပြောလိုက်တာလဲ "
" အင်း ...... အစ်ကို့အမေပဲ . အစ်ကို့အမေပဲ
ညီမလေးတို့အမေပဲ ခရောင်ကိုလုပ်တာ "
" အဏ္ဏဝါ ... မင်း .. တကယ်ပဲ မင်း . အခုလို
လုပ်ခဲ့တာလား "
ဒေါ်အဏ္ဏဝါဖြင့် စကားပင်ထွက်မလာတော့ဘဲ
ဘာပြောလို့ပြောရမည်မှန်းစကားလုံးများက
ပျောက်ရှကာ တုန်ယင်နေခဲ့တယ် ကြက်သီးတွေ ပြင်းပြင်းထပြီး သူမချွေးစီးတွေအဆက်
မပြတ်စီးကျလာတယ်
" အမေ... အမေသားစာအုပ်ကိုဘာလုပ်ခဲ့တာလဲ "
"......"
" သားမေးနေတယ်လေ ... သားစာအုပ်ကို
အမေဘာလို့ယူခဲ့တာလဲလို့ "
ဒေါသအရှိန်ပြင်းပြင်းဖြင့် အော်ငေါက်လိုက်တဲ့
အသံကဟိန်းထွက်သွားတာမို့ ဒေါ်အဏ္ဏဝါတုန်လှုပ်၍ မျက်စိနှစ်ဖက်ကိုပါဖိမှိတ်လိုက်ရတယ်
" အင်း... ငါခိုးခဲ့တာ . အဲ့ကောင်ကိုသတ်ချင်လို့"
ရင်းဆက်ကသူ့အမေကိုအဲ့လောက်ထိလုပ်ရက်
မယ်လို့တောင်သူမထင်။ သူ့ရဲ့အံ့ဩတကြီး
ဖြစ်မှုက ဒီအခေါက်နဲ့ဆို ဒုတိယမြောက်ပင်။
" သတ်ချင်တယ်ဟုတ်လား... အဲ့လိုနဲ့ အမေ
ကြံစည်တာတောင် ခရောင်ကိုအသက်ရှူကြပ်၊
သတိလစ်အောင်အရင်လုပ်ပြီးမှ မီးရှို့သတ်ပစ်
မယ်ပေါ့ဟုတ်လား ၊ ခရောင် မီးခိုးငွေ့၊ ဓာတ်ငွေ့
တွေနဲ့အလက်ဂျစ်ရှိတာကိုသိသိရက်နဲ့အသုံးချ
ပြီးအမေအခုလိုလုပ်လိုက်တာပေါ့ ဟုတ်လား
ကျွန်တော်မေးနေတာဖြေ "
" အေး...ဟုတ်တယ် မင်းစာအုပ်မှာသူ့အားနည်းချက်တွေရေးထားတယ်မဟုတ်လား
မီးခိုးငွေ့ရှုရှိုက်မိရင် အလက်ဂျစ်ကအပြုံလိုက်
ထွက်လာပြီး လည်ပင်းကိုညှစ်ထားသလိုခံစား
ရတတ်တယ်ဆိုတာမင်းရေးထားတယ်မဟုတ်လား... ဘာဖြစ်လဲ အဲ့လိုလေးခံစားရပြီးသေသွားမှ တစ်ခါတည်း မီးသဂြိုဟ်ပြီးသားဖြစ်
သွားတာပေါ့ မဟုတ်ဘူးလား "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 12 )
Start from the beginning
