" ကျွန်တော် ဒီမှာပဲ ဆင်းလိုက်တော့မယ်နော်
လမ်းထဲဝင်လိုက်ရင် အိမ်ရောက်နေပြီမို့ "
" မဖြစ်တာ ဒီလောက်အားနည်းနေတာကို
မဖြစ်ပါဘူး "
" ရပါတယ် ကျွန်တော်သက်သာသွားပြီပဲဟာ
အဆင်ပြေပါတယ် ကိုဉာဏ်ရဲ့ "
" စကားနားထောင်ပါ ညီရယ် အိမ်ရှေ့ထိကိုယ်
လိုက်ပို့ပေးပါ့မယ် "
" ကျွန်တော်အိမ်ရှင်နဲ့ချိန်းထားလို့ပါ သူနဲ့တွေရမှာမို့လို့ အဲ့ဒါကြောင့်ဒီမှာပဲဆင်းလိုက်မယ်လေနော် "
" အင်း အင်း ... သေချာဂရုစိုက်နော် "
" ကောင်းပါပြီဗျ ကားဂရုစိုက်မောင်းနော် "
" အင်း ဒါဆိုအစ်ကိုသွားပြီနော် "
" ဟုတ် "
တည်တံ့လည်း စိတ်မရှည်ဖြစ်တော့မည့် သူ့
စကားများကိုသူအမြန်ဆုံးပြန်ထိန်းလိုက်ကာ
လက်လျှော့၍ပင် ဒီခရီးလမ်းကနေမောင်းထွက်
ခဲ့လေသည်။ ခရောင်ကလျှောက်လာသည့်
လမ်းတစ်လျှောက်သူ့ခြေလှမ်းများက သူ့
အိမ်ဆီသို့မဟုတ်ဘဲ လူပျက်တဲ့နေရာလေး
ဆီပင်။ ဖုန်းကိုဆက်တိုက်ကြည့်နေခဲ့ကာ
တစ်ဖက်က ပို့သည့်စာကိုတောက်လျှောက်
ဖြေနေခဲ့သည်။ ဓာတ်တိုင်မီးအောက်ကို
ရောက်မိတော့ ခြေလှမ်းများကချက်ချင်းပင်
တန့်သွား၍ သူ့ရှေ့သို့တည့်တည့်ရပ်နေသည့်
သူကြောင့် မော့ကြည့်မိသည်
" မတွေ့ရတာကြာပြီနော် ခရောင်သွေး "
" ဘာကိစ္စရှိလို့လဲ အန်တီ "
ဒေါ်အဏ္ဏဝါခင်ဖြစ်လို့နေသည်။ ဒေါ်အဏ္ဏဝါ
က နှုတ်ခမ်းတစ်ဖက်ကိုတွန့်ချိုးကာ မဲ့ပြုံးပြုံး
လိုက်တော့ ခရောင်စိတ်ထဲတစ်ခုခုကိုတွေးမိလိုက်သလို စိတ်လေးသွားခဲ့ရ၏။
" ငါနဲ့လိုက်ခဲ့ ပြောစရာရှိတယ် "
" ..... "
ဘာစကားမှပြန်တုံ့ပြန်ခြင်းမရှိဘဲ စကားကို
လက်ခံခဲ့၍ ဒေါ်အဏ္ဏဝါ၏ကားပေါ် အလိုက်
တသိ တက်ကာခေါ်ဆောင်သွားသည့်နေရာသို့
မငြင်းမဆိုဘဲ လိုက်ပါလာခဲ့မိသည်။ဂိုဒေါင်
ဟောင်းတစ်ခုရှိရာသို့ရောက်တော့ ကားကို
ချက်ချင်းပင်ရပ်လိုက်ကာ ကားသမားက
နောက်လှည့်ကြည့်ခိုက် ဒေါ်အဏ္ဏဝါခင်က
ခေါင်းတချက်ညိမ့်ပြ၏။ သူတို့ဘယ်လိုအတွေး
နဲ့ဘယ်လိုကြံစည်နေမှန်း ကျွန်တော်မတွေးတတ်တော့...
ESTÁS LEYENDO
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 11 )
Comenzar desde el principio
