ခရောင်လည်း တည်တံ့ပြောတော့မှ မှုံ့ကို
ရင်းရင်းနှီးနှီးမြင်ဖူးနေတာက TV ထဲက
ကောင်မလေးပင်သိလိုက်ရတော့သည်။
ခရောင်လည်း တည်တံ့ရဲ့လက်နှစ်ဖက်ကို
အပေါ်ကနေညင်ညင်သာသာဖိအုပ်လိုက်၍
တည်တံ့မျက်နှာကိုလေးလေးနက်နက်ကြည့်ကာ မျက်နှာပေါ်အပြုံးလေးတစ်ခုက လှပစွာ
ပေါ်လွင်လာတယ်
" ကျွန်တော်နားလည်ပါတယ်နော်၊ ကျွန်တော်က
အစ်ကို့အပေါ်ဘာစိတ်ဆိုးစရာများရှိလို့လဲ။
ဒီလိုလေး သေချာဂဃနဏသိလိုက်ရတော့လည်း ကောင်းတာပဲလေ ၊ ကိုဉာဏ့်ကိုမမုန်း
ပါဘူး။ ကိုဉာဏ်ကကျွန်တော့်အတွက်ကျေးဇူးရှင် အစ်ကိုအရင်းတစ်ယောက်ဆိုလည်းဟုတ်တယ်။ ဒီကိစ္စလေးအတွက်နဲ့တော့
ကျွန်တော်ကိုဉာဏ့်အပေါ်စိတ်ပြောင်းသွားမှာ
မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့
အတူရှေ့ဆက်ကြရအောင် ကျွန်တော့်ဘေးမှာ
ရှိနေပေးပါနော် ကျွန်တော်ကိုဉာဏ့်ကို ယုံကြည်တယ် "
ဘယ်လိုတောင်ကိုယ့်အပေါ်ဒီလောက်နားလည်ရလွယ်လွန်းခဲ့တာလဲ ခ ရယ် ... မင်းသိပ်ချစ်
ရတဲ့သူရဲ့ရန်သူ . ဒီလိုရန်သူကိုမှ မင်းစိတ်မပြောင်းသွားဘဲ နေနိုင်တယ်နော်။ ခ ရယ် ကိုယ်
မင်းကိုလေ ဘယ်လိုကျေးဇူးတင်ရမလဲ...
ကိုယ်တောင်းပန်ပါတယ် ဒီကြားထဲမင်းကို
လျှို့ဝှက်ထားမိလို့ ကိုယ်သတိပေးလိုက်ရင်
မင်းကိုယ့်ကိုတစ်မျိုးမြင်သွားမှာလည်း ကိုယ်
စိုးတယ်။ မင်းသိပ်ချစ်တဲ့သူကိုမင်းချစ်ပါလေ
ဆိုတဲ့စိတ်နဲ့ ကိုယ်မပြောဘဲဒီတိုင်းနေနေခဲ့တာ
ကိုယ်မပျော်ရလည်း ကိစ္စမရှိဘူး မင်းပျော်ဖို့က
အဓိကပါပဲ ညီ...
ကျွန်တော့်စိတ်ထဲညီ့စကားတွေက လှပတဲ့
လိပ်ပြာငယ်လေးတွေလို အပြုံလိုက်စုဝင်လာတော့ ပျော်သင့်သည်ထင်၍ ကျေကျေနပ်နပ်
ပြုံးမိပါသည်။ ပြုံးပေမယ့်လည်း မျက်ဝန်းထဲ
ကတော့ မျက်ရည်စသေးသေးလေးများက
ရစ်သိုင်း၍နေဆဲ အပျော်လွန်သည့်အားနဲ့ မှေး
သွားသည့်မျက်လုံးများကြောင့် ကျဆင်းလာတဲ့
မျက်ရည်စက်တွေကိုတောင် ညီကသူ့လက်
ကလေးနဲ့ ဖြည်းဖြည်းသာသာသုတ်ပေးလိုက်
သေးပါလား... ကျွန်တော့်အတွက်တော့ ညီဟာ
ဘုရားသခင် ပေးအပ်လိုက်သည့်အဖိုးတန်
လက်ဆောင်လေးတစ်ခုကို ကျွန်တော်လက်ခံ
ရရှိခဲ့လေပြီ။ ထို့ကြောင့်ကျွန်တော်တန်ဖိုးထား
ပါ့မည်။
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 11 )
Start from the beginning
