" အဆင်ပြေရဲ့လား ညီ "
" အစ်ကိုနဲ့သိတာလား "
တည်တံ့ရဲ့တမင်မသိစေချင်လို့ဖုံးကွယ်ထားတဲ့
အရာကြောင့် တည်တံ့စိတ်လေးသွားခဲ့ရသည်။
ခရောင်ကိုသာကြည့်နေသည့်အကြည့်မှ ရှောင်လွှဲခဲ့ကာ ကားပေါ်တွင်နောက်မှီထိုင်လိုက်၏။
" အင်း "
" အရင်ထဲကလား "
" ခ ရေ ..... တကယ်တော့အစ်ကိုကလေ ခန့်ရင်းဆက်တို့နဲ့ စီးပွားရေးမှာအပြိုင်အဆိုင်ဖြစ်နေတဲ့ Nyan Company Group က ဥက္ကဠ
ဦးဂုဏ်ထက်ဉာဏ်ရဲ့သားပဲ "
" ဟင် ..... "
ခရောင် shock အရမ်းရသွားမိတယ်။ ဘာတွေလဲ တကယ်ပဲဘာစကားတွေလဲ သူတစ်ခုမှနား
မလည်တော့ နားမလည်ခြင်းအစ အံ့ဩမိသည့်
အဆုံး သူ့မျက်လုံးများပင်လက်ခနဲ အတွေးပေါင်းမြောက်မြားစွာက သူ့ဦးနှောက်ကိုကြေမွအောင် တူတစ်ချောင်းဖြင့်ရိုက်ထုနေသည့်အလား
" သိတယ်မလား အဲ့ ကုမ္ပဏီကို "
" ..... "
" မင်းတော့ကိုယ့်ကိုဘယ်သိပါ့မလဲ ကိုယ်က
လုပ်ငန်းပွဲတွေမှာမှမတက်ဖူးတာ အမှန်ဆို
အစ်ကို့အတွက်ကတက်ကိုတက်ရမယ့်ပွဲလေ
မှုံ့ကိုတော့ပွဲတွေတိုင်းတက်ခိုင်းတယ်။
အဲ့ဒါတွေကကိုယ့်ဝါသနာမဟုတ်ဘူး ကိုယ်သူတို့လုပ်ငန်းမှာလည်းဝင်မပါချင်ခဲ့ဘူး အဖေ့ရဲ့အရှုပ်အယှက်တွေလည်း အစ်ကိုလိုက်
ရှင်းမပေးနိုင်ဘူး။ အစ်ကိုကကိုယ့်ဝါသနာလေးနဲ့ ကိုယ့်ဘာသာကိုယ်အေးအေးဆေးဆေးနေချင်တာက အစ်ကို့ရဲ့ဆန္ဒ. ဒါကြောင့်မို့ ဦးဂုဏ်
မှာ သမီးရဲ့အထက်သားတစ်ယောက်ရှိတယ်လို့သာ လူတိုင်းကသိထားကြတာ အစ်ကို့ကိုမသိကြဘူးလေ ၊ ဒါကြောင့်ကိုယ်လည်းဆိုင်ကို
အေးအေးလူလူဖွင့်နိုင်တာ "
ခရောင်တည်တံ့ကိုဘာမေးခွန်းမှပြန်လည်မေး
လာခြင်းမရှိဘဲ ငြိမ်သက်စွာဆက်လက်နားထောင်နေမိတယ်
" ရင်းဆက်နဲ့ကတော့ရန်သူပေါ့ လုပ်ငန်းချင်း
ယှဉ်လာတဲ့အခါ အပြိုင်အဆိုင်သမားတွေက
တစ်ယောက်ကိုတစ်ယောက်နှိမ့်ချချင်ကြတာပဲ
လေ ၊ အစ်ကို့ကတော့ အစ်ကို့ဘက်ကစပြီးပြဿနာမရှာပါဘူး။ သူကလာကစားရင်တော့
ကိုယ်လည်းအနိုင်လုပြောရတာပေါ့ သူနဲ့က
အိမ်အတွက်အကြီးမားဆုံးရန်သူလေ ညီက
ကိုယ့်ကို ညီ့ချစ်သူကခန့်ရင်းဆက်ဖြစ်နေတယ်
ဆိုတာသိလိုက်ရကတည်းက အစ်ကို့လည်း
အရမ်း shock ရသွားတယ် အဲ့ဒါကြောင့်စိတ်ရှုပ်ထွေးပြီးဆိုင်မှာညီ့ကိုအော်ငေါက်ခဲ့တာ
တွေအတွက်အစ်ကိုတောင်းပန်ပါတယ်နော်
ဟိုတစ်ခေါက်ကလည်း အိမ်ကခေါ်လို့ကိုယ်စောစောပြန်လိုက်ရတဲ့နေ့က ကိုယ့်အဖေ ဆိုင်
အကြောင်းသိသွားလို့ပဲ အဲ့ဒါကြောင့်စကားများကြတယ်. အဖြစ်အပျက်တွေကဒီလိုပါပဲ။ ဒီကြားထဲညီ့ကိုမပြောဘဲ နှုတ်ပိတ်မိခဲ့တာအတွက်လည်း ကိုယ်တောင်းပန်ပါတယ် ကိုယ့်
ကို နားလည်လိမ့်မယ်လို့မျှော်လင့်မိပါတယ် "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 11 )
Start from the beginning
