If Possible ( Part - 11 )

Start from the beginning
                                        

" ခုနကမင်းကောင်လေးမလား...ရင်းဆက်
ဒါဆိုငါ ဆေးရုံထဲမှာပဲစောင့်နေတော့မယ်နော် "

" အင်း ငါခဏနေလိုက်လာခဲ့မယ် "

ဇွဲမာန်လည်းအမေဖြစ်သူဆီကိုစိတ်ပူတကြီးဖြင့်ခပ်သုတ်သုတ်သွားကာ ရင်းဆက်နဲ့တည်တံ့
နှစ်ယောက်ပင် မျက်နှာချင်းဆိုင်ကျန်ရစ်ခဲ့၏။

" ဪ.... မင်းက ခရောင်သွေးနဲ့ပေါင်းနေတာကိုး "

" ငါက သူ့ရဲ့သူဌေး မင်းလည်းသိမှာပေါ့ ခအလုပ်လုပ်တဲ့ဆိုင်က သူဌေးကငါပဲလေ "

" အဟား "

ရင်းဆက်ကဟက်ဟက်ပက်ပက်လှောင်ရယ်
တော့ တည်တံ့ကပို၍ပင်ဒေါသအရှိန်ကထောင်းခနဲဖြစ်ကာ မျက်လုံးအကြည့်တွေက
လက်ခနဲ

" မင်းလိုကောင်က ကော်ဖီဆိုင်လဲဖွင့်သေးတာ
လား ဟုတ်မှလည်းလုပ်ပါ တည်တံ့ရယ် ငါ့ဖြင့်
ရယ်တောင်မရယ်နိုင်တော့ဘူး "

" အဲ့ဒါငါ့ဝါသနာနဲ့ ငါ့အလုပ်ပါ မင်းလိုရည်မှန်းချက်မရှိပြီး မိဘအလုပ်ကိုသာနေ့နေ့
ညညဆက်ခံနေတဲ့ ကုမ္ပဏီပိုင်ရှင်နဲ့တော့ဘယ်တူပါ့မလဲ... မင်းကိုမင်းမသနားမိဘူးလား
ငယ်ငယ်ထဲက မိဘအလုပ်နဲ့ပဲပတ်သက်ပြီး
ဖိအားတွေခံခဲ့ရတာလေ "

" ....... "

" ငါလည်းခံခဲ့ရတာပဲ. ဒါပေမယ့်ငါကမင်းလို
‌မပျော့ညံ့ဘူး ငါ့ဝါသနာ ငါ့ရည်မှန်းချက် ငါဖြစ်အောင်လုပ်တယ်. အဲ့တော့ ငါ့အလုပ်ကညစ်ပတ်တဲ့အလုပ်မဟုတ်လို့ ငါ့အလုပ်ကိုတော့
လာမစော်ကားနဲ့ "

" မင်း ...... "

ရင်းဆက်က ဒေါသမီးတောက်ကာ တည်တံ့ရဲ့
အင်္ကျီကော်လံကိုဆွဲကိုင်လိုက်တော့ တည်တံ့က
ခပ်ပြုံးပြုံး ရယ်သည်

" ဘာလဲ ဘာလုပ်မလို့လဲ။ မဟုတ်လို့လား
မိဘဖိအားကြောင့် ကုမ္ပဏီထဖွင့်ရတဲ့ကောင်က
ငါ့ကိုဘာတွေစကားပလ္လင်ခံနေသေးတာတုန်း
ခန့်ရင်းဆက်ရဲ့ ... တစ်ခုတော့ပြောလိုက်မယ်
ငါ့ဖာသာငါ ညီနဲ့ဘယ်လိုပတ်သက်သက်မင်းနဲ့
မဆိုင်တော့ဘူး ဘာလို့လဲရောသိလား ပြောပြ
လိုက်မယ် ညီ က မင်းလူမဟုတ်တော့လို့ဘဲ။

ရင်းဆက်ရဲ့မျက်လုံးနှစ်ဖက်ကိုပဲသေချာလေး
စိုက်ကြည့်ပြီး မဲ့ပြုံးပြုံးရင်း နေရာမှထထွက်
သွားခဲ့တော့ ကျန်ခဲ့တဲ့ရင်းဆက်ကညာဘက်
လက်ကိုတင်းတင်းဆုပ်ပြီး ဒေါသမျက်လုံးနဲ့
သာကျန်ရစ်ခဲ့တယ်

If possible ~Where stories live. Discover now