If Possible ( Part - 11 )

Comenzar desde el principio
                                        

ခရောင်ကစကားပင်ပြန်မဖြေနိုင်တော့။ ခေါင်း
သာညှိမ့်ပြနိုင်ပါသည်။ တည်တံ့လည်းဆိုင်ကိုပိတ် သော့ခတ်ပြီးတာနဲ့ ခရောင်ကိုကားထဲ
သွင်းကာ နီးစပ်ရာဆေးရုံသို့ခေါ်ဆောင်သွားခဲ့
သည်။

" ရင်းဆက် "

" အင်း ပြောလေ "

" ငါ့အမေဆေးရုံတက်ရလို့တဲ့ဟ "

" ဟင် ဟုတ်လား သွားကြရအောင်လေ ငါပါ
လိုက်ခဲ့မယ် "

" အေး အတူသွားတာပေါ့ ငါ့မှာကားမပါဘူး "

" ရတယ်လေ ငါ့ကားနဲ့သာလိုက်ခဲ့ "

" အေးအေး "

" လူနာက သွေးပေါင်တွေကျနေတာပဲ ဒါကြောင့် ခေါင်းမူးပြီးအဖျားရှိသွားတာနေမှာ
သောက်ဆေးလေးတွေပေးလိုက်မယ်နော် နောက်ပြီး‌အားဆေးလည်းထည့်ပေးလိုက်မယ်
ပုံမှန်သောက်ပေး "

" ဟုတ်ကဲ့ဆရာ သူ့ကိုတိုက်လိုက်ပါ့မယ် "

" ကောင်းပါပြီဗျ "

" ဒါဆိုကျွန်တော်တို့ကိုခွင့်ပြုပါဦး "

ဖြစ်ချင်တော့ဒီနေ့ကလည်း လူနာတွေများတာ
ကြောင့် တုံကင်နံပါတ်နောက်ရောက်တာမို့
အခုမှပဲ ခရောင်နဲ့တည်တံ့တို့ပြန်ကြရသည်
ဖြစ်၏။ တည်တံ့က ခရောင်ရဲ့လက်မောင်းကို
နောက်ကနေဖက်ထားကာ ထိန်းထားရင်းဆေးရုံ
ထဲသို့ထွက်ခွာလာခိုက် မျက်စိရှေ့တွင်မြင်တွေ့
လိုက်ရတဲ့သူကြောင့် ခရောင်ခြေများချက်ချင်းပင်ရပ်တန့်သွားတော့ တည်တံ့လည်းထိုလူကို
ခပ်စေ့စေ့ကြည့်သည်

" တည်တံ့ဉာဏ်... အဟား! မင်းပေါ့လေ "

ခရောင်ကလည်း ဘုမသိဘမသိဖြင့်ရင်းဆက်
ကိုကြည့်လိုက် ၊ တည့်တံ့ကိုကြည့်လိုက်ဖြင့်
ပိုလို့ပင်စိတ်ဝင်စားမိလာသော်လည်း တည်တံ့က ခရောင်ပင်ပန်းမှာမို့ သူ့ကားထဲမှာပဲခဏ
လောက်စောင့်နေဟုအမိန့်ပေး၏။

" ညီ.... ကိုယ့်ကားပေါ်မှာစောင့်နေ အစ်ကို
လာခဲ့မယ် ဒီမှာသော့ယူလိုက် ကားဆက်နှိုးထား အဲကွန်းဖွင့်ထားရအောင် အသက်ရှူကျပ်
မှာစိုးလို့လ"

" မြန်မြန်လာနော် "

" အင်း "

ခရောင်လည်း ရင်းဆက်ကိုပင်လှည့်မကြည့်
တော့ဘဲ နှေးနှေးကွေးကွေးဖြင့် တည်တံ့ကား
သို့သွားခိုက် ရင်းဆက်က တည်တံ့ကိုမဲ့ပြုံးပြုံး
တချက်ပြကာ ဘေးက ဇွဲမာန်ကပင်ကြောင်တိ
ကြောင်တောင် ဘာပွဲလဲဟူ၍သာ သိချင်မိသော်ငြား ရန်ပွဲထဲအမြန်လစ်ထွက်ခဲ့သည်။

If possible ~Donde viven las historias. Descúbrelo ahora