" ဟုတ် "
" ခုနက သားရဲ့သူဌေးဖုန်းဆက်တယ် ဒီနေ့
ဆိုင်ကိုမလာနဲ့တော့ဆိုလို့ "
" အာ ဟုတ်လား ဟုတ်အမေ "
" တစ်ခုခုစားလိုက်ဦး အမေဘာလုပ်ပေးရမလဲသား "
" ဆန်ပြုတ်လေးပဲစားမယ်အမေ "
" ဟုတ်ပြီသား အမေရရင်ယူလာခဲ့ပေးမယ်နော်"
" ဟုတ် ဒါဆိုသား ခဏပြန်သွားလှဲနေလိုက်ဦး
မယ်နော် ခေါင်းမူးလို့ "
" အင်း သားလေး "
အပေါ်ထပ်သို့ဖြည်းဖြည်းချင်းတက်သွားပြီးမှ
အခန်းထဲရောက်တော့ဆေးယူဖို့ လွယ်အိတ်ဖွင့်
အကြည့် တည်တံ့ရဲ့စာရင်းစာအုပ်ကရောပါ
လာတယ်
" အယ် ကိုဉာဏ့်စာအုပ်ရောပါလာတာပဲ
သူဒီနေ့စာရင်းဘယ်လိုတွက်မတုန်း ဟူးးး
မဖြစ်ပါဘူး ငါသွားပေးလိုက်ပါဦးမယ်လေ "
စိတ်ထဲကနေသာကိုယ့်ကိုယ်ကိုပြန်ပြော၍
ဆန်ပြုတ်စားပြီးသည်နှင့် အမေ့ဆီမှာမနည်း
ခွင့်တောင်းရကာ အိမ်ထဲသို့ထွက်လာခဲ့သည်
ရာသီဥတုကလည်း နေသာတာမို့နေလုံးကြီးက
ခေါင်းကိုထိုးတော့ ပို၍ပင်ခေါင်းကိုက်ရပြန်
ပါသည် ထိုသို့အားမရှိသလို မလှုပ်ချင်ပေမယ့်
လည်းဒီအထိရောက်လာခဲ့ပြီးပြီပဲလေ
" ညီ အစ်ကိုဒီနေ့မလာခိုင်းထားဘူးလေ "
" သိတယ်ကိုဉာဏ် ကိုဉာဏ့်စာအုပ်ရောပေါ
လာလို့ ကျွန်တော့်လွယ်အိတ်ထဲ အဲ့ဒါလာပေးတာ "
" အယ် ဟုတ်လား ကျေးဇူးပါညီ ကိုယ်လည်း
အခုတင်ရှာနေတာနှံ့နေပြီ သူတို့နဲ့ ... တော်
သေးတာပေါ့ညီ့ဆီပါသွားလို့ "
" ဟုတ်တယ် ဒါဆိုကျွန်တော်သွားတော့မယ်
နော် "
" အင်း ညီ "
ခရောင်ကစကားပြောပြီးလှည့်ထွက်မှာပဲ
မိုက်ခနဲဖြစ်သွားတော့ တည်တံ့ပင်လက်မောင်း
ကိုလှမ်းထိန်းလိုက်ရသည် ချက်ချင်းပင်နှဖူးကို
ဖိစမ်းကြည့်မိလိုက်တော့
" ညီ ဖျားနေတာပဲ ... မဖြစ်ဘူး အစ်ကိုဆေးရုံ
လိုက်ပို့ပေးမယ် "
" ဟာ မဟုတ်တာ အစ်ကိုဆိုင်ကိုဘယ်လိုထားခဲ့
မတုန်း "
" ရတယ်အခုပိတ်လိုက်မယ် ညီထိုင်စောင့်
နေနော် အစ်ကိုအထဲကကောင်လေးတွေကို
သွားပြောလိုက်ဦးမယ် "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 11 )
Start from the beginning
