ရင်းဆက်က သူ့အမေကိုတည့်တည့်မတ်မတ်
ကြည့်ရင်းပြောလာတော့ ဒေါ်အဏ္ဏဝါရဲ့ဒေါသ
က ထောင်းခနဲ။ ဒေါကိုသွားဆွတော့ မီးတောက်ပြီပေါ့
" နင် ဘာစကားပြောတာလဲ "
" ပူမနေနဲ့ ကျွန်တော်ဖျက်လိုက်ပြီ နောက်မြင်ချင်ပါတယ်ဆိုတာတောင် မြင်လို့ရမှာမဟုတ်
တော့ဘူး "
" ဆိုစမ်းပါဦး ဘာစိတ်ကူးနဲ့တွဲဖို့တောင်စီစဉ်
လိုက်ရတာလဲ "
" ကျွန်တော့်ကိုအဲ့အကြောင်းတွေထပ်မမေးလို့
ရမလား ကျွန်တော်ပင်ပန်းနေပြီ နားပါရစေ "
အော်ငေါက်လိုက်တဲ့အသံက မြင့်ပြီးဟိန်းထွက်
သွားတော့ ဒေါ်အဏ္ဏဝါပင် တုန်တက်သွားလျက် . အခန်းထဲရောက်နေကြတဲ့ ဦးခံ့ညား
နဲ့ ခင်တို့ကလည်း အပြင်ဘက်ကိုရန်ဖြစ်သံ
ကြားလို့ ထွက်လာတယ်
" ကျွန်တော်ပြောပြီးပြီမဟုတ်လား ပြတ်သွားပြီ
လို့ အဲ့ဒါကိုဘာတွေပြန်အစဖော်နေဦးမှာလဲ "
" သားကြီး သွားနားလိုက်တော့ "
" အဖေ့မိန်းမ အဖေနိုင်အောင်ထိန်းတော့
ကျွန်တော်သိပ်စိတ်ပျက်လာပြီ "
ရင်းဆက်လည်းစကားတစ်ခွန်းပြောပြီးလှည့်
ထွက်လာလိုက်ကာ အိမ်ပေါ်သို့စိတ်ပျက်ခြင်း
များစွာနှင့်အတူ တက်သွားတယ် ခင်ကလည်း
သူ့အခန်းထဲသူပြန်ဝင်ခဲ့ပြီး ဦးခံ့ညားနဲ့
ဒေါ်အဏ္ဏဝါတို့သာ ဧည့်ခန်းထဲကျန်ခဲ့ကြတယ်
မနက်ခင်းနေရောင်ခြည်ရဲ့ထိုးခတ်မှုကြောင့်
အိပ်ယာထဲအိပ်ပျော်နေသည့် ခရောင်ဟာ
လန့်နိုးလာခဲ့တယ် ပြတင်းပေါက်ကိုလိုက်ကာ
မကာမိတော့ နေရောင်ခြည်က ပြတင်းပေါက်
ကနေဖောက်ထွင်းဝင်ရောက်တာမို့သူ့မျက်နှာ
ပေါ်တည့်တည့်ကျတာကြောင့် လန့်နိုးလာခဲ့
ခြင်းဖြစ်တယ်။ ဒီမနက်အိပ်ယာနိုးလာတော့
မအီမသာနဲ့ ခန္ဓာကိုယ်ကတအားလေးတိလေးကန်ဖြစ်နေသလိုပင် အားစိုက်၍အောက်
ထပ်သို့တစ်လှမ်းချင်းဆင်းမိလာရင်း အမေကမီးဖိုချောင်မှာအသင့်ရှိနေ၍ သားဖြစ်သူကို လှည့်ကြည့်ခိုက်
" နိုးလာပြီလား သား ၊ ညကဘာဖြစ်လာတာလဲ
မျက်နှာလည်းအစ်နေတာပဲ နေမကောင်းလို့လား သား "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 11 )
Start from the beginning
