" အနည်းဆုံးတော့ ကျွန်တော်သူ့အပေါ်ထားတဲ့
အချစ်တွေက အပေါစားမဟုတ်ခဲ့ဘူးလေ
သူမချစ်ရင်ရတယ် သူမုန်းတာပဲမခံနိုင်တာ.
ကိုဉာဏ်သိလား အဲ့ခံစားချက်က ကျွန်တော့်
နှလုံးသားကိုချေမွလိုက်သလိုပဲ "
ညှိုးနွမ်းတဲ့အပြုံး သိမ်ငယ်တဲ့အကြည့်
ဝမ်းနည်းခြင်းအရိပ်အယောင်တွေနဲ့အတတ်နိုင်
ဆုံးပြုံးထားခဲ့ပြီး တည်တံ့ကိုရင်ဖွင့်နေခဲ့တယ်။
"တွဲခဲ့တဲ့ဒီတစ်ခဏအတွင်း အပြင်ပိုင်းကပျော်
နေပေမယ့်လည်း အတွင်းပိုင်းကနာကျင်နေတယ် ဘယ်လောက်တောင်မျိုသိပ်ထားရသလို
ဘယ်လောက်တောင်စိတ်မကောင်းဖြစ်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုအသိဆုံး... ဘယ်သူ့
ကိုမှလည်း ရင်မဖွင့်ချင်ခဲ့ဘူး။ ကိုယ့်ကိစ္စ
ကိုယ့်ဇာတ် ကိုယ်နိုင်အောင်ထိန်းထားတယ်
ဒါမယ့်... ဟက်! အဲ့ဇာတ်လေးကပျက်သွားတယ်တဲ့လား ဟင့် ... သူမို့ကျွန်တော့်ဇာတ်လေးကို ဖျက်ရက်တယ်ဗျာ "
ရှိုက်သံများဖြင့် စိတ်လွတ်ကိုယ်လွတ်ငိုကြွေး
နေသည့်သူဆီကျွန်တော့်တာဝန်အရ ထွေးပွေ့
ထားခဲ့မိပါသည်။ ရှိုက်သံများကမြင့်လွန်းတော့
ညီ တက် သွားမှာကိုလည်းကျွန်တော်စိုးရိမ်တယ်။ ဒါကြောင့် အများကြီးမငိုမိအောင်ညီ့ကို
တားရင်းနဲ့ပဲ ဒီနေ့ညက ကျွန်တော်ကောညီ့
အတွက်ကော နေ့ရက်ဆိုးတစ်ခုဖြစ်ခဲ့....
" ဘယ်သူနဲ့တွေ့လာတာလဲ "
အိမ်ထဲသို့ မျက်နှာပိုးမကျိုးတဲ့အနေအထားနဲ့
ဝင်လာတဲ့ သားဖြစ်သူကို ဒေါ်အဏ္ဏဝါခင်က
လှေကားထစ်ကနေ လှမ်းအသိပေးလိုက်တယ်
" ဘာကိုလဲ "
" ခရောင်သွေး .... ဟုတ်တယ်ဟုတ်၊ အဲ့သတ္တဝါ
လေးနဲ့တွေ့လာတာလား "
ရင်းဆက်ကအနည်းငယ် ပူထွေသွားသည်။
သူ့အမေဘယ်လိုသိမှန်း သူလည်းစဉ်းစား၍ပင်
မရတော့၊ တော်တော်အန္တရာယ်ရှိတဲ့မိခင်ပဲ
" နင်တို့နှစ်ယောက်တွဲနေတယ်ဆိုတာငါမသိ
ဘူးများမှတ်နေလား နင်ငါ့ကိုလျှော့တွက်ရဲ
တယ်ပေါ့ဟုတ်လား "
" အဲ့ဒါကျွန်တော့်ကိစ္စပါ အိမ်ကိစ္စမဟုတ်လို့
အမေနဲ့မဆိုင်ဘူးထင်တယ် "
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 11 )
Start from the beginning
