If Possible ( Part - 11 )

Start from the beginning
                                        

" အင်း အစ်ကိုအခုအဲ့အနီးအနားမှာပဲ ကိုယ်
အခု အဲ့နားရောက်တော့မယ် ၊ ညီ ခဏ
တောင့်ခံထားပေးနော် "

" အဟွတ် .. အဟွတ် .. ဟစ် .. အာ့ "

လည်ပင်းရင်းက အနီစပ်တွေကိုကုပ်ဖဲ့မိနေကာ
အသက်ရှူကြပ်တိုင်း မျက်နှာကအပေါ်သို့
မော့တက်တက်မိသွားတော့ မခံနိုင်တော့သည့်
အဆုံး မျက်လုံးများပင် ဝေဝါးကာ မြေပြင်ပေါ်
လဲကျ၍သတိလစ်သွားခိုက် ဂိုဒေါင်ရှေ့သို့
အရှိန်ဖြင့် ဘရိတ်ဆောင့်အုပ်၍ မီးတောက်နေ
သည့်ဂိုဒေါင်ရှေ့သို့‌ကားပေါ်မှအမြန်ပြေးဆင်းကာတံခါးနားကမီးမစွဲသေးတာမို့ တံခါးကိုရအောင်ဖွင့်ရန်ဘေးကချုံပုတ်တွင်ရှိသည့် သံတုတ်ချောင်းဖြင့်သော့ခလောက်ကိုအားပါပါနဲ့ရိုက်ချမိတော့သော့ပွင့်ကာ တံခါးကအရှိန်ပြင်းပြင်းဖြင့်ပွင့်သွားခဲ့သည်။ အထဲသို့ပြေးဝင်မိ၍ မြင်မြင်ချင်း လဲကျနေသူကိုတွေ့တော့ မီးစွဲနေသည့်ပစ္စည်းများကြား ရအောင်တိုးဝှေ့၍
ခရောင်ခန္ဓာကိုယ်ကိုပွေ့ဖက်ကာ မျက်နှာကိုကိုင်၍လှုပ်ရမ်းမိသည်

" အဟွတ် အဟွတ် ... ညီ ... ညီ သတိထားပါဦး ... ညီ "

ခရောင်ကိုယ်ကိုဆွဲပွေ့ကာ တစ်ဂိုဒေါင်လို
မီးစွဲတော့မည့်ဆီသို့ ရအောင်ရုန်းထွက်ခဲ့သည်။
အပြင်သို့လည်း‌အရောက် တစ်ဂိုဒေါင်လုံး
မီးအုန်းခနဲထ၍ လောင်ကျွမ်းကာ အချိန်မီ
ကယ်တင်လိုက်‌နိုင်တော့ ချက်ချင်းပင်ကားကို
အရှိန်တင်၍ အာရှတော်ဝင်သို့ မောင်းနှင်
ခဲ့သည်

ဆေးရုံသို့ရောက်တော့ ကားပေါ်ကပင်အမြန်
ပြေးဆင်း၍ ခရောင်ကိုကုန်းပိုးကာဆေးရုံ
ထဲသို့ပြေးဝင်ပြီး သူနာပြုများကကုတင်ဖြင့်လာကြို၍ ခရောင်ကိုတင်ပေးလိုက်သည်။
ခေါ်သွားသည့်လမ်းတစ်လျှောက်လုံးခရောင်
လက်ကိုဆုပ်ကိုင်ကာ ချွေးစီးများထွက်၍ပင်
သွေးပျက်တုန်လှုပ်နေသည့် တည်တံ့ကလိုက်ပါ
လာရင်း ဆရာဝန်ဆီရောက်တော့ ကုတင်ပေါ်က
ခရောင်ကိုနောက်ကုတင်ပေါ်ပြောင်းကာ သူနာပြုများက အောက်ဆီဂျင်ပိုက်အလျင်အမြန်တပ်ဆင်ပေး၍ နှလုံးရပ်နေသည့်
သူ၏ နှလုံးကိုဖိကာ နှိုးပေးနေသည့်အဖြစ်ကို
မြင်ရတော့ တည်တံ့သွေးများပြောင်းပြန်စီး
သွားသလိုပင်။ ယခုတွေ့နေရသည့်အဖြစ်
အပျက်က တကယ်ဖြစ်နေသည်ဟုသူမတွေးမိ။
အိပ်မက်ဆိုးသက်သက်သာဖြစ်နေသည်ဟု
မြင်နေမိသည်

" ညီ "

မျက်ရည်များကထိန်းမရအောင်ပင် ထူပူလာ၍ ဆက်တိုက်ကျဆင်းမိလာရင်း စိတ်ထဲကပင်ညီ့နာမည်ကိုအကြိမ်ကြိမ်ရေရွတ်နေမိခဲ့တယ်

" CPR အသင့်ပြင် Clear .. Shoot! "

CPR အသုံးပြုသည်နှင့် ခန္ဓာကိုယ်လေပေါ်
မြောက်တက်သွားသည့်ညီ့ကိုကြည့်ရတာ
ကျွန်တော့်ကိုအသေသတ်နေသလိုပင်။
ကျွန်တော်သတိလစ်မတတ် ပို၍ပင်အသက်ရှူ
၍ခက်ခဲဆဲ... ညီဘာမှမဖြစ်ပါနှင့်သာ ဆုတောင်းနေမိရုံက ဘာမှမတတ်နိုင်ခဲ့

" နောက်တစ်ကြိမ် ... Shoot! 150 joules အတွက် Defibrillator ကို ပြင်ဆင်ထားပါ၊
အားလုံးနောက်ဆုတ်နေ .... Shoot! ..
200 joules ... Charge. Clear ... Shoot! "

ထိုအခါမှ HR 60bpm ဖြစ်လာ၍ spO2 75 အထိတက်လာကာ နှလုံးပြန်ခုန်လာခဲ့လေသည်

ကျွန်တော်ဝမ်းသာရတော့မည်ပဲပြောရမလား
ကျွန်တော်အခုထိပင်တုန်လှုပ်၍နေဆဲ....
ကိုက်ခဲနေသောခေါင်းနှင့်အတူ ‌မခိုင်တော့သည့်ခြေတစ်စုံကိုရအောင်ပြန်ထိန်းရင်း ညီ့အနားဆီ
ခြေလှမ်းများတွန့်ဆုတ်၍ရောက်လာမိကာ
ညီ့လက်ကိုကျွန်တော််ဖြည်းဖြည်းချင်းဆုပ်ကိုင်
မိပါသည်

" လူနာက မီးခိုးငွေ့နဲ့အလက်ဂျစ်ရှိတာဖြစ်ပါ
လိမ့်မယ် ဒါကြောင့်အခုလိုအသက်ရှူကြပ်ပြီး
သတိလစ်ရာကနေ နှလုံးရပ်တဲ့အထိဖြစ်သွား
ရတာပါ အခုတော့အဆင်ပြေသွားပြီမို့ ခဏနေ
ကုတင်ရွေ့ပြီးအခန်းပြောင်းပေးပါ့မယ် "

" ကျေး... ကျေးဇူးတင်ပါတယ်ဆရာ ... ကယ်တင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ် "

" ရပါတယ်ဗျာ ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါဦး "

အောက်ဆီဂျင်ပိုက်ဖြင့်သတိလစ်ကာမေ့မျော
နေသည့်ညီ့ကိုတစ်ဖန်ပြန်ကြည့်ရင်း ကျွန်တော်
ပြိုလဲမတတ်...

" ညီ ... အစ်ကိုတောင်းပန်ပါတယ် ... မင်းကို
တစ်ယောက်တည်းလွှတ်လိုက်မိလို့ .. ဟင့် ...
အစ်ကိုတကယ်တောင်းပန်ပါတယ် "

_______________________________________

" လူတစ်ယောက်မှာ
အသက်တစ်ချောင်းပဲပါရင် "

" အဲ့အသက်တစ်ချောင်းက
မင်းဖို့ပဲဖြစ်လိမ့်မယ် ... ညီ "

( တည်တံ့ဉာဏ် )

If possible ~Where stories live. Discover now