" အန်တီ ... အန်တီဒါဘာလုပ်တာလဲ "
ဒေါ်အဏ္ဏဝါကခရောင်ကိုတချက်ပြန်ကြည့်
လိုက်၍ မဲ့ပြုံးပြုံးကာ stainless steel lighter
ကို ဖွင့်ပြီး ဓာတ်ဆီလောင်းထားသည့်မြေပြင်ထက် ပစ်ချလိုက်တော့ မီးတောက်များက
မြင့်တက်လာသည်
" အန်တီ "
" ကောင်းကောင်းနေရစ်ခဲ့နော် တစ်နေ့တော့
မင်းနဲ့ငရဲမှာပြန်ဆုံကြတာပေါ့ "
လှောင်ရယ်မောကာ ကားသမားနှင့်အတူ
ဂိုဒေါင်ထဲမှထွက်ပြီး တံခါးကိုသော့ပိတ်၍
ခရောင်ကိုထားခဲ့သည်
" အန်တီ အန်တီ အခုလိုမလုပ်ပါနဲ့ "
ခရောင်၏အော်သံများကငယ်သံများနှင့်အတူ
ရှိုက်သံများပါရောယှက်နေခဲ့...
သူဘယ်လောက်တောင်ကြောက်နေလိမ့်မလဲ။
ခရောင်လည်းအသက်ရှူကြပ်လာကာ မောပန်းလာသည့်အနေအထားဖြင့်အသက်ကိုပင်လုရှူနေရပုံဟန်။ မျက်နှာနှင့်လက်ပေါ်အနီစပ်များက အပြွတ်လိုက်ထွက်ပေါ်လာကာ ထိုဒဏ်ကသူ၏လည်ပင်းကိုအတင်းဖျစ်ညှစ်ထားသလိုပင်
" ဟက် . အာ့ .. အစ် ... ဟာ့ ... ဟင့် ... အစ်
ကယ် ... ကယ် .. က . ကယ်ကြပါဦး "
ခရောင်ခုနကအော်သံနှင့် သူ၏ဘောင်းဘီ
အိတ်ထဲကဖုန်းသံကတိုးလွန်းနေသည်ဖြစ်၍
သေချာမကြားရ။ ဖုန်းလာရင်တုန်ခါသည့်အသံ
ကိုသူ့ပေါင်ရင်းနားတွင်ခံစားရလိမ့်မည်ဖြစ်သော်ငြား သူ့အတွေးတွင်သူ၏ကြောက်စိတ်ကြောင့် သူ့ပေါင်ပင်တုန်ယင်နေသလို သူခံစား
ရတာမို့ ဖုန်းသံဟူ၍သူမထင်။ ခရောင်အိမ်ကို
သတိရတာနဲ့အိတ်ကပ်ထဲမှဖုန်းကိုထုတ်လိုက်မိ၍ တင်းတင်းကျပ်ကျပ်ကိုင်မိတော့ တည်တံ့ဆီကဖုန်းဝင်လာတာနဲ့ ချက်ချင်းပင်ကိုင်လိုက်
မိသည်
" ဟယ်လို ညီ .. ညီဘယ်မှာလဲ အစ်ကို .."
" ဟင့် ... အာ့ ... အစ် ... ဟက် ... ကို... ကိုဉာဏ်
... ကျ.. ကျွန်တော့်ကို ... အစ်... ကယ် . ကယ်ပါဦး "
" ညီ ... ညီအခုဘာဖြစ်နေတာလဲ ညီဘယ်မှာလဲ
ကိုယ့်ကိုပြော "
" စမ်းချောင်းက ဂိုဒေါင်ဟောင်းတစ်ခုမှာ
ဟစ်.... အစ်ကိုနဲ့ .... တစ်ခါရောက်ဖူးခဲ့တဲ့
နေရာမှာ ..."
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 11 )
Start from the beginning
