" မလိုပါဘူးအန်တီ ... ကျွန်တော့်အချစ်တွေက
ပိုက်ဆံနဲ့ဖြေရှင်းလိုက်တိုင်း မပြောင်းလဲသွား
ဘူး။ ကျွန်တော့်အချစ်တွေက အန်တီထင်
သလောက်အပေါစားတော့မဆန်ဘူး အန်တီ.
ကျွန်တော့်အချစ်ကအန်တီထင်ထားသလောက်တော့ ဈေးမပေါဘူး "
" ဒီလိုစကားချိုသွေးပြီပဲ ငါ့သားကိုနင်လှည့်စားခဲ့တာမလား "
" စကားချိုတောင်မသွေးခဲ့ပါဘူး အန်တီ့သားက သူ့အလိုလိုဆွဲပါလာတာ ဘာနည်းမှတောင်မသုံးခဲ့ရပါဘူး အန်တီထင်နေသလိုအောက်လမ်းနည်းနဲ့ဆို ဝေးသေး "
" မင်းဘာစကားပြောတာလဲ ခရောင်သွေး "
" ကျွန်တော့်စကားမရိုင်းမိဘူး ထင်တယ် "
" တော်တော်ဟုတ်နေတယ်ပေါ့ ကောင်းပြီလေ
တစ်ခါထဲအဆုံးသတ်လိုက်တော့ "
" ဟယ်လို သား ခရောင်က သားနဲ့အတူရှိ
နေတယ်မလားဟင် "
" မဟုတ်ဘူးအန်တီ ညီက အိမ်ရှင်နဲ့ချိန်းထား
လို့ဆိုပြီး အရင်သွားလိုက်တာ ကျွန်တော်ကားပေါ်ကနေချပေးလိုက်တယ် "
" ဟင်... အိမ်ရှင်က ဆုံးသွားတာ ၈လတောင်
ရှိပြီလေ မဟုတ်သေးပါဘူး ဒီကလေးဘယ်
သွားတာတုန်း အန်တီအခုခံစားချက်သိပ်
မကောင်းလို့သား. သားလေးတစ်ခုခုဖြစ်နေပြီ
ထင်တယ်။ အန်တီနာရီဝက်လောက်တည်းက
ဆက်နေတာသူလုံးဝမကိုင်ဘူး သားရေ...
ခ ကိုဆက်ကြည့်ပ်ြီး အန်တီ့ကိုအကြောင်းပြန်
ပါဦးနော် "
" ဟုတ်ကဲ့အန်တီ ကျွန်တော်အခုဆက်လိုက်မယ် "
ကျွန်တော့်အတွေးများလုံးဝပြာသွားသည်။
ညီတကယ်ပဲဒုက္ခရောက်နေတာလား ကျွန်တော့်
ရင်ထဲချက်ချင်းပင်ပူလောင်လာ၍ ညီ့ကိုသာ
ရအောင်ဖုန်းဆက်ရမည်။
" လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ
ဆက်သွယ်မှုဧရိယာပြင်ပသို့ရောက်ရှိနေပါ
သဖြင့် ခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆို
ပါရှင် "
ညီရေ တကယ်ပဲဘာဖြစ်နေတာလဲ
ဒေါ်အဏ္ဏဝါခင်၏ဆီသို့ အလျင်အမြန်ရောက်
ရှိလာသည့်သူက ဘုံးတစ်ခုကိုလက်ကနေ
သယ်ယူလာတယ် ထိုဘုံးကိုဒေါ်အဏ္ဏဝါက
ပြုံး၍ ကျေကျေနပ်နပ်ယူလိုက်ကာ အဖုံးကို
ဖွင့်ပြီး ဘုံးထဲကအရည်တွေကို ခရောင်ရပ်
နေသည့်ရှေ့ ပက်လိုက်တယ်။ အရည်များက
ဓာတ်ဆီတွေပင်...
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 11 )
Start from the beginning
