" ရောက်ပြီ ဆင်းကြရအောင် "
ကားပေါ်ကနေ အရင်ဆင်းသွားသည့်သူနဲ့
အတူလိုက်ပါဆင်းခဲ့တယ်။ ဂိုဒေါင်ရှေ့ရောက်
တော့ ကားသမားကသော့ဖြင့် ဂိုဒေါင်တံခါးကို
ဖွင့်လိုက်ပြီးမှာပဲ ဒေါ်အဏ္ဏဝါကရှေ့ကနေဦးဆောင်၍ တည့်တည့်မတ်မတ်ဝင်သွားတော့
သူ့နောက်ကနေ ခြေလှမ်းစိတ်စိတ်လှမ်းရင်း
ကျွန်တော်ဝင်လာခဲ့မိတယ်
" မင်း အခုဘယ်လိုနေနေလဲ "
" ဘာကိုဆိုလိုချင်တာလဲ ဗျ "
" ငါ့သားနဲ့ မင်းတွဲခဲ့တယ်ဆို "
ကျွန်တော်ချက်ချင်းပင် အံ့ဩမိသည့်အားက
ရင်ဘတ်ထဲဆောင့်တက်သွား၍ နှလုံးများပင်
ရပ်တန့်တော့မည့်အလား တုန်ခိုက်သွားရ၏။
" ဖြေလေ "
" ကျွန်တော် "
" အဟား... မင်းယောကျာ်းမလား ဝန်ခံစမ်းပါ"
သူမက ကျွန်တော့်ကိုလှောင်ရယ်တော့
ကျွန်တော်စိတ်ကထောင်းခနဲ ချက်ချင်းပင်
တံတွေးကိုအားစိုက် မြိုချမိသည်
" ဟုတ်ပါတယ် အန်တီပြောတဲ့အတိုင်းပါပဲ "
" မင်းကဖြားယောင်းတဲ့နေရာမျာလည်း
ကျွမ်းတယ်ပေါ့ ဟုတ်လား ၊ ခရောင်သွေး
မင်းဟာလေ မင်းအမေအတိုင်းပဲ အချိုးက
တစ်ချိုးတည်းတွေချည်း "
" ကျွန်တော့်ကိစ္စ ကျွန်တော့်ကိုသာဒဲ့ပြောပါ
အမေ့ကိုမစော်ကားပါနဲ့ "
" ဪ ... လေသံကမြင့်လာတယ်ပေါ့ ဟင်း ဟင်း ... အနာထိတော့စပ်တတ်သားပဲ "
" အန်တီကျွန်တော့်ကိုခေါ်ရတဲ့လိုရင်းသာပြော
ပါ မဟုတ်ရင် ကျွန်တော်ပြန်တော့မယ် "
" ကောင်းပြီလေ... မင်းငါ့သားနားကသာ ခွာ
ပေး. နေဦးနော် မင်းတို့ပြတ်သွားပြီဆိုတာ ငါ
သိတယ်၊ သို့သော် မင်းငါ့သားကိုနည်းနည်းလေးမှ တွေ့လို့ရမယ်စိတ်မကူးနဲ့ "
" ကျွန်တော်လက်မလျှော့နိုင်ပါဘူး အန်တီ
ကျွန်တော်အစ်ကို့ကိုချစ်တယ် "
" ဟား .... မင်းကပြောလေခက်ပါလား ဘာလဲ
ပိုက်ဆံလား ပိုက်ဆံပေးမှမင်းအတည်စိတ်ဖြတ်နိုင်မှာလား။ ရတယ် ကြိုက်သလောက်တောင်းလိုက် ငါအကုန်ပေးမယ် "
BINABASA MO ANG
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 11 )
Magsimula sa umpisa
