ရှိန်းကားကိုကန်ဘောင်ဘက်လမ်းကြောင်းရွေးလိုက်ကာ ဒေးဖြစ်ချင်တာမှန်သမျှသူဘာမဆိုလုပ်ပေးမှာပေ။

ကန်ဘောင်ရောက်တော့ ဒေးကအကင်ကိုကြိုက်တာတွေရွေးပြီးသဘောတွေကျနေလေရဲ့။ ပြီးတော့အဆိုးလေးက အကင်ကဘီယာလေးနဲ့မှလိုက်မှာဆိုပြီး သူသောက်ချင်တဲ့ဘီယာကို ရှိန်းအတွက်ပါဆိုပြီးပိုတောင်ဝယ်ခဲ့သေးတယ်။

"ကောင်းလိုက်တာဦးရှိန်းရယ် ဘီယာလေးနဲ့အကင်လေးရယ် ကန်ရေပြင်အေးအေးလေးရယ် လုံးဝ ပါဖက်ပဲ"

"အင်း အများကြီးမသောက်နဲ့အုံးနော်"

"နှစ်ဘူးလေးပဲပါဦးရှိန်းရဲ့ ဒီလောက်ကတော့အေးဆေးပါ"

နှစ်ဘူးလေးပဲဆိုကာ လက်လေးနှစ်ချောင်းထောင်ပြတဲ့ကောင်လေးက မျက်လုံးလေးတွေမှေးပြီး ရီဝေဝေဖြစ်နေတာတောင် အေးဆေးပါတဲ့ ရှိန်းမှာဖြင့်အသဲယား၍ဆွဲကိုင်ပြစ်ချင်နေသည်။

"ဦးရှိန်း သိလား"

ရှိန်းမှာအသဲယားနေတုန်း ဘေးကပ်ထိုင်နေတဲ့ဒေးက ရှိန်းပခုံးပေါ်ခေါင်းလေးတင်ပြီး ထိုသို့ဆိုလာတော့ ရှိန်းမှာရင်တွေခုန်လာတော့သည်။

"ကျွန်တော်ဖြစ်နိုင်ရင် ငှက်ကလေးတစ်ကောင်ဖြစ်လိုက်ချင်တယ်"

"ဘာဖြစ်လို့လဲ ဒေးရဲ့"

"ကျွန်တော် ဟိုးအဝေးဆုံးကိုပျံသန်းသွားချင်သလို အမြင့်ဆုံးကိုလဲရောက်ချင်လို့"

"အင်း"

ရှိန်းတစ်ယောက် ကောင်လေးစကားတွေကိုနားမလည်နိုင်ပင်မဲ့ ကောင်လေးကထိုစကားတွေကို တွေးတွေးစစပြောနေကာ တစ်ခုခုကိုဝမ်းနည်းနေတယ်ဆိုတာတော့ ရှိန်းခံစားမိတယ်။

"ကျွန်တော်ဘဝက အတောင်မစုံခင်မှာအတောင်ချိုးခံထားရတဲ့ငှက်တစ်ကောင်လိုပဲ ငှက်ဖြစ်ပါရဲ့ ပျံသန်းခွင့်မရခဲ့ဘူး တစ်ခြားငှက်တွေလိုပျော်ရွှင်ခွင့်မရဘူး ပြီးတော့....."

ပြောနေရင်း စကားကိုရပ်လိုက်တဲ့ကောင်လေးက စကားနဲ့အတူ ရှိန်းပခုံးပေါ်ကခေါင်လေးဟာလဲပြန်မက်လို့သွားသည်။

"sorry ဦရှိန်း ကျွန်တော်ကြောင့်..."

"ငိုချင်လား......ကိုယ်ရှိတာမို့ ငိုချင်ရင်ငိုလို့ရတယ် ပြီးတော့မှက်ထားပါဒေး မင်းကအတောင်ကြိုးတဲ့ငှက်ဆိုရင်တောင် အားမလျော့ပါနဲ့ အတောင်ရှိမှပျံသန်းနိုင်မယ်လို့ မသက်မှက်ထားပါဘူး"

ErrorWhere stories live. Discover now