"ဖြစ်ပါ့မလား"
"ဖြစ်တာပေါ့ကွာ ကိုယ့်ကားတစ်စီးပိုနေတာ ယူသွားလိုက် အလုပ်ကအရေးကြီးတယ်ဆို "
"ကျေးဇူးပဲဗျာ ကျွန်တော်လဲအလျှင်လိုနေလို့ဗျ"
"အကူညီလိုရင်ပြောနော်အားမနာနဲ့ ညီကိုတွေပဲလေဟုတ်တယ်မလား "
"ဟုတ်တာပေါ့ဗျာ ညီကိုတွေကျွန်တော်တို့က"
ဦးနှင့် ကိုကွန့်မြူးက ရေခွက်တွေကို ခွက်ချင်းတိုက်၍ပြောနေသည့်အခါ လွန်းငယ်မကျေနပ်ပေ။
"လွန်းငယ်တို့လဲညီမတွေပါနော် နေ့ာရွှေကူ"
"ဟုတ်ပါ့ ရွှေကူတို့လဲညီမတွေ"
ခလေးကပါ အားကျမခံလိုက်ပြောသည့်အခါ ဥဿာရယ်နေမိသည်။ ဒီခလေးလေးကလေ အမြဲစိတ်ထဲရှိသည့်အတိုင်းနေတတ်သည့်အကျင့်လေးကို ဥဿာသဘောကျရသည်။ အခုထိလဲ အိမ်ထောင်သည်ဘဝသာရောက်တာ ခလေးလေးပါပဲကွာ။
"နေပါရွှေကူရဲ့ လွန်းငယ်သိမ်းလိုက်မယ်"
"ရပါတယ် အတူတူလုပ်မယ်လေ"
"ခရီးပန်းလာတယ်လေ သွားထိုင်နေနော် လွန်းငယ်နဲ့ဦးနဲ့ပဲသိမ်းလိုက်မယ် သွားသွား"
"သွားပါငါ့ညီမရဲ့ နားနေလိုက်လေ"
"ဟုတ်"
လွန်းငယ်နှင့် အကိုဥဿာကအတင်းပြောနေသည်ကြောင့် ရွှေကူလဲဆိုဖာပေါ်ထိုင်နေမိသည်။ သို့ပေမယ့် စိတ်ထဲနေ၍မကောင်းသည်ကြောင့် ပန်းရနံ့လေးရူရှိူက်ရန် ခြံလေးထဲဆင်းလာလိုက်သည်။ခြံလေးထဲဆင်းဆင်းချင်းဆီးကြိုနေသည့် ရနံ့မွှေးမွှေးလေးတွေကြောင့် တစ်ခဏတော့စိတ်လေးလန်းဆန်းသွားရသည်။
ကွန့်မြူးသန့်စင်ခန်းခဏဝင်ပြီးပြန်ထွက်လာတော့ ကောင်မလေးကမရှိတော့ပေ။ ဘယ်နေရာရောက်ရောက် စိတ်ပင်ပန်းသည့်အခါ ကောင်မလေးကပန်းပင်လေးတွေရှိသည့်နေရာကိုသာသွားတတ်သည်မို့ ကွန့်မြူးလဲခြံထဲသို့လာခဲ့လိုက်တော့သည်။
"အကိုလေး.."
"ဘာဖြစ်လို့လဲ နေမကောင်းလို့လား"
ဒန်းလေးပေါ်ထိုင်နေသည့်ကောင်မလေးဘေးဝင်ထိုင်လိုက်တော့ ပခုံးလေးလာမှီလေသည်။ လက်လေးကိုဆုပ်ကိုင်လိုက်သည့်အခါ အနွေးဓာတ်လေးရနေသည့်လက်လေးဟာလဲ ကွန့်မြူးကိုပြန်၍ယှက်နွယ်ဆုပ်ကိုင်ထားလေသည်။
Part 💭 47 (U)
Start from the beginning