အပိုင်း (၆၄) ရယ်စရာကောင်းတဲ့ရမှတ်

Começar do início
                                    

ရှန်ယွဲ့က ယွီဟောက်၏ ကိုယ့်ကိုယ်ကိုအထင်ကြီးနေသည့်လုပ်ရပ်ကို လျစ်လျူရှုထားလိုက်သည်။ ထို့အစား သူမသည် ဘေးမှတိုးဝေ့ရင်း အုပ်ကြီးအား သိလိုစိတ်ဖြင့် လှမ်းကြည့်ကာ မေးလိုက်တော့သည်။

" နင်တို့တွေ ဘာလုပ်နေကြတာလဲ၊ နင်တို့တွေ လမ်းပိတ်ထားပြီး ဘယ်သူ့ကိုမှ ပေးမသွားတော့ဘူးလား"

"အစ်မ ငါ့အထင် တတိယနှစ်ရလာဒ်ထွက်ပြီထင်တယ် ငါ နင့်ကို ကြည့်ပေးမယ်"

ရှန်ချန်၏မျက်လုံးများ လင်းလက်သွားတော့သည်။ ရှန်ယွဲ့က သူမ အမှတ်ပြည့်ရနိုင်သည်ဟု ပြောခဲ့သည့်စကားကို စဥ်းစားနေလိုက်လေသည်။ သူ့အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး လူကြားထဲ တိုးဝေ့ရန် ပြင်လိုက်လေသည်။

သူ့အစ်မကို IQနိမ့်တဲ့ ဝက်မဆိုပြီး အမြဲတမ်းလှောင်နေကြတာလေ။ အခု ရှန်ယွဲ့ ပထမရသွားရင် သူ အဲဒီလူတွေကို ပါးချလိုက်သလို ဖြစ်သွားမှာမလား။ ရှန်ချန်သည် ထိုအကြောင်းတွေးရင်း ကျေနပ်နေတော့သည်။

ရှန်ယွဲ့က သူ့အိတ်ကို မြန်မြန်ကူချွတ်ပေးလိုက်ပြီး မှာလိုက်၏။

" သတိထားနော် ကြားထဲမှမညှပ်မိစေနဲ့"

"အင်းပါ အစ်မ နင် တကယ်ပဲ ပထမရခဲ့ရင် ကျောင်းဆင်းရင်း ငါ့ကိုယ်ပိုင်ပိုက်ဆံနဲ့ နင့်ကို ကြက်သားကြော်ဝယ်ကျွေးမယ်"

ရှန်ချန်၏အပြုံးသည် တောက်ပကာ နွေးထွေးနေပြီး ရှန်ယွဲ့ကို လက်ရမ်းပြလိုက်လေသည်။

ရှန်ချန်သည် အရင်ဆုံး ကြော်ညာဘုတ်ရှေ့သို့ တိုးဝေ့သွားပြီး ပထမနေရာကို မော့ကြည့်လိုက်၏။ လီရွှီ ၆၇၅မှတ်။ ရှန်ယွဲ့နာမည်မဟုတ်ပေ။ သူသည် မျက်မှောင်ကျုံ့ရင်း ဆက်ဖတ်သွားလိုက်၏။ ရှန်ယွဲ့သည် အယောက်တစ်ရာအထက်တွင် ရှိနေသည့်အရိပ်အယောင် မတွေ့ရချေ။

ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ရှန်ချန်၏ မူလကစိတ်လှုပ်ရှားပြီး စိုးရိမ်နေသည့်စိတ်သည် ချက်ချင်း ညိုးကျသွားတော့သည်။ ဧကန္တ ရှန်ယွဲ့ရဲ့ အဖြေလွှာက အရမ်းပြီးပြည့်စုံပြီး သူ့မရဲ့ရလာဒ်ကို တစ်ခြားအဆင့်မှာ ထားထားတာလား။ ဒါပေမယ့် သူ အဲဒါကိုလည်းမတွေ့ခဲ့မိပါဘူး။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Onde histórias criam vida. Descubra agora