အပိုင်း ( ၆၃) စိတ်၏လှည့်စားခံရခြင်း

Start from the beginning
                                    

ရှန်ချန်က စိတ်မရှည်ဖြစ်လာသည်ကို ဆွန်းလင် တွေ့လိုက်သဖြင့် သူမက စကားကို မြန်မြန်အဆုံးသတ်လိုက်ပြီး တံခါးပိတ်ပေးကာ ထွက်သွားတော့သည်။

" ဟင်း..."

ရှန်ချန်သည် သူရှန်ယွဲ့အတွက် မည်သို့ရှင်းပြပါစေ ဆွန်းလင်၏ ရှန်ယွဲ့အပေါ်ထားသည့် မလိုမုန်းထားသည်စိတ်ကို ပြောင်းပေးနိုင်မည်မဟုတ်မှန်း သိလေသည်။ သူသည် သက်ပြင်းချလိုက်ပြီး ခံစားချက်များ ထွက်လာတော့သည်။

သူ့အမေကတော့ ရှန်ယွဲ့ကို 'ထုံထိုင်းလိုက်တဲ့ဝက်မ'လို့ ဆဲဆဲနေတဲ့ သူ့သမီးက ဒီနေ့မတွေဝေဘဲ မြို့တော်တက္ကသိုလ်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းခဲ့လိမ့်မယ်လို့ လုံးဝ စဥ်းစားမိမှာမဟုတ်ပါဘူးလေ ဟုတ်တယ်မလား။

ပြီးတော့ ရှန်ယွဲ့ကလည်း သူ့ကို ပြောထားသေးတယ်။ ဒီလပတ်စာမေးပွဲမှာ သူ အမှတ်ပြည့်ရဖို့ ယုံကြည်ချက်ရှိတယ်တဲ့။

ထားလိုက်ပါလေ။ သူ ဒီအကြောင်းတွေ ပြောပြလိုက်ရင်လည်း အမေက ယုံမှာမဟုတ်ဘူး။ သူနဲ့ ရှန်ယွဲ့ နှစ်ယောက်လုံး ရူးသွားပြီလို့တောင် သံသယဖြစ်သွားအုံးမယ်။ ရှန်ချန်သည် သူ့နှုတ်ခမ်းကို စူထားလိုက်ပြီး ထိုကိစ္စကို စိတ်ထဲတွင်သာ သိမ်းထားလိုက်တော့သည်။

တတိယနှစ်က ဆရာများသည် အဖြေလွှာစစ်ဆေးရာတွင် အင်မတန်စနစ်ကျလေသည်။ တစ်ညအတွင်း ဘာသာရပ်အားလုံး၏အဖြေလွှာများကို အဆင့်သတ်မှတ်ပြီးသွားတော့သည်။ သူတို့သည် မနက်စောစောတွင် ရလာဒ်အဆင့်များကို သတ်မှတ်ပေးပြီး ဆရာများအဆောက်အဦးဝင်ပေါက်တွင် သူတို့ကို ပေးလိုက်လေသည်။

အဆင့်ရလာဒ်ကြော်ညာဘုတ်ရှေ့တွင် ကျောင်းသားအုပ်စုကြီးတစ်ခုက လပတ်စာမေးပွဲအကြောင်း ဆွေးနွေးကြသည်။

" အဖွဲ့ထဲက အဆင့် ၁ကျောင်းသားက တန်းခွဲ ၁ က လီရွှီ ထပ်ဖြစ်တာပဲဦ ၆၇၅မှတ်တဲ့၊ အထင်ကြီးစရာကောင်းလိုက်တာ"

" အမှတ် ၇၀၀ မှာ သူက ၂၅မှတ်ပဲ လျှော့ခံရတယ်၊ ငါသာဆိုရင် ငါးနှစ်လောက် ထပ်ဖြေရရင်တောင် ဒီအဆင့်ကို ရောက်နိုင်မှာမဟုတ်ဘူး"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now