အပိုင်း (၆၂) အေးစက်စက် ငြင်းပယ်ခြင်း

Start from the beginning
                                    

ထိုအတွေးများကြောင့် လင်ရှောင်းသည် မနေနိုင်တော့ဘဲ သူ့ဖုန်းကို ထုတ်လိုက်ပြီး မက်ဆေ့ကို ထပ်ကြည့်လိုက်ကာ ထိုလျှို့ဝှက်ပုဂ္ဂိုလ်၏ပြန်စာကို မျှော်နေလေတော့သည်။ သူသည် စာကိုကြည့်လိုက်သောအခါ system default profile ဓာတ်ပုံ၏အောက်တွင် အနီစက်လေးတစ်ခုကို တွေ့လိုက်ရလေသည်။ တဖက်လူက သူ့အား စာပြန်လာသည်ဟု ပြောနေခြင်းပင်။

လင်ရှောင်းသည် ဝမ်းသာအားရဖွင့်လိုက်သော်လည်း စိတ်ရင်းနှင့်ပို့ထားသည့် စာအချို့အောက်တွင် တဖက်လူက 'မလိုဘူး'ဟု တိုတိုတုတ်တုတ် အေးစက်စက်စာတစ်စောင်သာ ပြန်ထားလေသည်။

ထိုစာလုံးသုံးလုံးသည် ပေါ့ပါသော်လည်း ထိုစာလုံးများသည် လင်ရှောင်း၏လှပသည့်စိတ်ကူးအားလုံးကို ချက်ချင်းပင် တစ်စစီဖြစ်အောင် လုပ်လိုက်လေတော့သည်။သင်္ချာပါရမီရှင်တစ်ယောက်နှင့် ခင်မင်ရမည့်အခွင့်အရေး ဆုံးရှုံးလိုက်ရခြင်းမှာ သူ့ကို သ-တ်လိုက်သည်ထက်ပင် ပိုဆိုးသေးသည်။

ခဏကြာပြီးနောက် လင်ရှောင်းသည် တဖက်လူက သူ့အား ငြင်းလိုက်သည့်အချက်ကို နောက်ဆုံးတော့ လိုလိုလားလား လက်ခံလိုက်တော့သည်။ ကြည့်ရတာ ဒီအထင်ကရပုဂ္ဂိုလ်ကြီးက အရမ်း သွေးအေးပြီး မောက်မာတာမှ အားလုံးကို အထင်သေးတယ်ထင်တယ်။ လင်ရှောင်းသည် သူ့ကိုယ်သူ ထိုသို့ ဖြေသိမ့်လိုက်လေသည်။

လျှို့ဝှက်ပုဂ္ဂိုလ်က ထွက်လာပြီး သူတို့သံသယများကို ဖြေပေးရန် စောင့်စားနေကြသည့် ပရော်ဖက်ဆာဟောင်းများကတော့ စိတ်ပျက်သွားရုံသာ တတ်နိုင်တော့သည်။ လင်ရှောင်းသည် သက်ပြင်းချလိုက်လေတော့သည်။

ညရောက်လာ၏။

လပတ်စာမေးပွဲလည်း ပြီးဆုံးသွားပြီ။ ဆရာများကလည်း သည်ကာလအတွင်း အိမ်စာမပေးကြပေ။ ရှန်ချန်သည် အချိန်ရတုန်းက ရှန်ယွဲ့သူ့အတွက် ဝယ်ပေးထားသည့် အဆင့်မြင့်ကွန်ပျူတာရှေ့တွင် ထိုင်ကာ စိတ်လှုပ်ရှားကာဖြင့် ခက်ခဲသည့်ပရိုဂရမ်အမျိုးအစားအားလုံးကို ကြိုးစားပြီး ရေးကြည့်နေလေသည်။

ဆွန်းလင်က စပျစ်သီးနှင့် မုန့်များ ယူကာဝင်လာချိန်၌ သူမသည် ရှန်ချန်က ကွန်ပျူတာကို စိတ်ဝင်တစားဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရတော့သည်။ သူ့ဝတ်ထားသည့်မျက်မှန်က ကွန်ပျူတာစခရင်ကို ထိလုနီးနီးပင်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now