ဂျူးစကားက ဒေးကိုမျက်ရည်ဝဲစေကာ သူ့နားတဂယ်မေတ္တာအစစ်နဲ့ရှိပေးတာဆိုလို့ ဂျူးဂျုးမေဆိုတဲ့ ဒီသူငယ်ချင်းမလေးတစ်ယောက်ထဲပဲရှိသည်။

"ငိုမနေနဲ့တော့ ပြန်အိပ်ကြရအောင် မနက်အလုပ်ရှိတယ်မှက်လား အိပ်တော့ " ထိုသို့ပြောပြီး ဂျူးနဲ့ဒေးမှာ ပြန်အိပ်လိုက်တော့သည်။

တစ်နေ့တာမနက်ခင်းအစ နေမင်းကြီးကသူ့အလုပ်အတိုင်းပေါ်ထွက်လာပြီး အလင်းရောင်များဖြန့်လွှတ်တော့ကာ ကျေးငှက်များကလဲ အစာရှာထွက်ရင်း တေးသံသာတို့ဆိုမြည်းရင်း လမ်းပေါ်လှုပ်ရှားနေသူများလဲ နေ့စင်ဘဝစတင်တော့သည်။

အနည်းငယ်ထိုးကိုက်နေသောခေါင်းနဲ့အတူ ရှိန်းတစ်ယောက်မနက်ခင်းကိုစတင်လာတော့၏။ ရှိန်းနားထင်ကိုဖိရင်း အိပ်ယာမှထကာ ကုတင်ဘေးကနာရီကိုကြည့်လိုက်တော့ 7နာရီထိုးပင်။

"ကျစ်.....ခေါင်းတွေကလဲကိုက်လိုက်တာကွာ နည်းနည်းလေးသောက်မိတာကို"

ရှိန်းထိုသို့ညည်းတွားရင်း ဖုန်းကိုလှမ်းယူလိုက်ကာ တစ်စုံတစ်ယောက်ကိုဖုန်းခေါ်လိုက်သည်။

"hello ရေး ***barမွာ ငါ့ကားကိုသွားယူလိုက် သော့ကမန်နေဂျာဆီမှာ "

ရှိန်းထိုသို့ပြောပြီး မျက်နှာသစ်ရေထက်ချိုးကာ မနက်စာစားရန် အခန်းထဲကထွက်လာတော့ မကြားချင်တဲ့အသံကစကြားရလာ၍ ကိုက်နေတဲ့ခေါင်းဟာ ပိုဆိုးလာတော့သည်။

"ကိုကို နိုးလာပြီလား ဒေစီ မနက်စာပျင်ပေးမယ်လေ"

"ရတယ် မတုတ် lemon teaတစ်ခွက်လောက်ဖျော်ပေးပါ ခေါင်းနောက်နေလို့"

"ဟင် ကိုကိုခေါင်းနောက်နေတာလား ဒေစီနှိတ်ပေးမယ်လေ "

"ရတယ် ရတယ် နည်းနည်းပဲကိုက်တာ ခနနေပျောက်သွားလိမ့်မယ်"

"အားနာနေတာလားကိုကိုက ဒေစီခင်ပွန်းဖြစ်မဲ့သူကို ဒေစီပြုစုပေးချင်လို့ပါ"

"ရပါတယ် ခေါင်းကိုင်တာမကြိုက်လို့ပါ မာမီကိုလာတွေ့တာမှက်လား မာမီအခန်းထဲမှာရှိလိမ့်မယ်"

"ကိုကိုကတဂယ်ပဲ ဒေစီကိုဆို ရှောင်ဖယ်နေတယ် ဟင့် ဒေစီက ကိုကိုနဲ့လက်ထပ်မဲ့သတိုးသမီးပါနော် ဟင့်"

ErrorWhere stories live. Discover now