ဒေးပြီးမြောက်သွားပြီမို့ ရေဆေးသန့်စင်ကာရေချိုးလိုက်ပြီး သဘက်တစ်ထည်လေးပက်ကာ အန်တီနိုပြောခဲ့တဲ့ဒီညတွက် အထူးတလည်ပြင်စရာမလိုတဲ့သူ့မျက်နှာကို နည်းနည်းပါးပါးလောက်လိမ်းပြီး အဝတ္စားလဲကာ ရိုးနေပြီဖြစ်တဲ့ညတွေကိုဖျက်သန်းဖို့စတင်လိုက်သည်။

"ဒါတွေကိုဘယ်လိုဖြစ်တာလဲ ဦးမင်းဆွေ ကျုပ်ခင်ဗျားကို အစထဲကသတိပေးပြီးပြီနော် အခုမှကျုပ်အဆိုးမဆိုနဲ့တော့"

"ဦးတောင်းပန်ပါတယ် မောင်ရှိန်းမာန် နောက်မဖြစ်စေရပါဘူး "

ဘုန်း......

"တော်သင့်ပြီဦးမင်းဆွေ ကျုပ်တို့တရားရုံးမှာပဲဆက်တွေ့ကြတာပေါ့ "

"မလုပ်ပါနဲ့ မောင်ရှိန်းမာန် ဦးလေးကိုတရားမဆွဲပါနဲ့ လွှတ်....မောင်ရှိန်းမာန် ဦးပြောတာနားထောင်ပါအုံး "

အနားမှာရှိတဲ့ အနက်ရောင်ဝတ်စုံနဲ့လူတစ်စုက သူ့တို့Bossရဲ့မျက်စကိုတွေ့၍ အသက်ငါးဆယ်ကျော်လူအိုကြီးအား အခန်းအတွင်းမှဆွဲထုတ်သွားတော့သည်။

မဟာရှိန်းမာန် အသက်သုံးဆယ်နားကပ်နေပြီဖြစ်တဲ့လူငယ်ဆိုပင်မဲ့ စီးပွားရေးလောကမှာ နာမည်တစ်လုံးနဲ့နေကာ လူတွေမသိတဲ့အမှောင်ဘက်ခြမ်းမှာလဲ ကျော်ကြားပြီး မော်ကြည့်နိုင်သူတောင်မရှိသလောက်ရှားကာ မရက်စက်တက်ပင်မဲ့ခက်ထန်တည်ကြည်တဲ့ရုပ်ရည်ရှိပြီး မတရားတာဆိုဘားမှမလုပ်တဲ့သူပင်။

"Boss ကျွန်တော်တို့ဘာဆက်လုပ်လိုက်ရမလဲ"

ရှိန်းမာန် ထိုင်ခုံကိုတစ်ပက်လှည့်လိုက်ပြီး လက်ထဲကအလုပ်ficမ်ားကို စားပွဲပေါ်ပစ်တင်လိုက်ကာ သူ့ရှေ့က တပည့်ဖြစ်သူ တော့ ကိုသေချာစိုက်ကြည့်လိုက်ကာ ခြေထောက်ကိုချိတ် လက်နှစ်ဖက်ကိုပိုက်ကာ ခုံကိုမှီလိုက်သည်။

"ဒီတိုင်းလွှတ်ထားလိုက် ကျန်တာရှေ့နေကြီးဆက်လုပ်လိမ့်မယ် "

"ဟုက်ကဲ့"

ကိုယ်ရံတော် တော့ထွက်သွားပြီး အတွင်းရေးမှူး ရေးအခန်းထဲဝင်လာသည်။

"ရေး...."

"ဟုက်ကဲ့"

"ဒီညဟိုဘက်ကအလုပ်ကိုမင်းပဲသွားလိုက်ပြီး ကြည့်လုပ်ထားလိုက် ငါစိတ်ချမယ်နော် အမှားမဖြစ်စေနဲ့"

ErrorWhere stories live. Discover now