Part 💭 45 (U)

Magsimula sa umpisa
                                    

"အေးဖြစ်တယ် "

သုံးယောက်သားတိုင်ပင်၍ အေးချမ်းက နှင်းနွယ်ကိုသွားခေါ်လေသည့်အခါ ဖိုးတုတ်တို့သာအိမ်တွင်ကျန်ခဲ့တော့သည်။

နှင်းနွယ်နှင့်အေးချမ်းဟာ အိမ်သို့ရောက်လာသည်နှင့်တာဝန်ကိုယ်စီခွဲ၍ အရီးမြရှိရာအိမ်သို့ ကွန့်မြူးတို့အဖွဲ့လာလိုက်ကြတော့သည်။

"အရီးမြရေ အရီးမြ..."

"အေး အရီးမြအိမ်ပေါ်မှာကွယ့် လာလေသမီးနှင်းနွယ် "

"ဧည့်သည်တွေရောပါတယ်အရီးမြရဲ့ တတ်ခဲ့မယ်နော်"

"အေးအေး "

ကောင်မလေးတို့အိမ်ပေါ်သို့ ယခုဟာပထမဆုံးရောက်ဖူးခြင်းဖြစ်သည်။ အိမ်လေးကသပ်သပ်ရပ်ရပ်လေးနှင့် နေချင်စဖွယ်ပြင်ဆင်ထားလေသည်။ နံရံပျင်ချပ်လေးတွေပေါ် ချိတ်ထားသည့်ပုံလေးများကို ကြည့်မိတော့ ကွန့်မြူးလာရင်းကိစ္စကိုမေ့သွားရကာ ထိုသေးသေးပိစိပုံလေးတွေကိုသာ အာရုံရောက်နေရတော့သည်။

"အရီးမြ ရွှေကူလေးရော"

"ဟိုဘက်အိမ်မှာ ကလေးသွားကြည့်တယ်တဲ့တော် ​"

"ဟုတ်လား"

"ဟုတ်ပါ့ဖိုးတေသမီးလေးကိုသွားကြည့်တယ် ခလေးချစ်တယ်လေသမီးညီမက "

သုံးနှစ်သမီးအရွယ် အပြစ်ကင်းလွန်းသည့်မျက်နှာလေးနှင့် ထမိန်လေးဝတ်ထားကာ အရုပ်လေးပိုက်ထားလေသည့်ပုံလေးကို ကွန့်မြူးအသေးစိတ်ကြည့်နေမိသည်။ အရုပ်အောင်ကပေါ်နေသည့် ဗိုက်ဖွေးဖွေးပိစိလေးနှင့်ခလေးလေးက သွားလေးတွေပေါ်အောင်ရယ်နေပုံလေးဟာ အဖြူအမဲကာလာလေးနှင့်တောင် ချစ်စရာသိပ်ကောင်းလွန်းလှသည်။

"အဲ့အရုပ်လေးရလို့ သမီးကပျော်နေတာလေအဲ့ပုံရိုက်တုန်းကပေါ့"

လက်ထဲကအရုပ်ခလေးကြည့်မိတော့ ဝက်ဝံရုပ်လေးဖြစ်နေကာ အရုပ်ရလို့ပျော်နေသည့်ငယ်ဟာ ဖြူစင်လွန်းလှသည်။

"ပြီးတော့ဒီပုံလေး ရွာအလှူမှာလေ သူ့ဦးငယ်ကဆူလို့ ကြည့်ဆူပုတ်နေတာလေး ပုံရိုက်ပါမယ်ဆိုတာကို ပြုံးခိုင်းလို့ကိုမရတာ ဟင်း... မနေ့တစ်နေ့ကလိုပါပဲလားကွယ်"

True Love 💭 (Completed)Tahanan ng mga kuwento. Tumuklas ngayon