သူမတို့ရဲ့ ကံတရားက သူမတို့ လက်ထဲမှာ မရှိပါဘူး။

ချင်းဖုန့်က ချင်းလင်၏လက်ကို ခါထုတ်ပစ်လိုက်ပြီးနောက် ရုတ်တရက် ထရပ်ကာ နောက်ပြန်လှည့်လိုက်ပြီး "ဒါဆို ကျွန်မတို့က မိန်းကလေးတွေ ဖြစ်နေတော့ ဘယ်လိုလုပ်မလဲ၊ ကျွန်မ ချုံယွဲ့ကို မသွားဘူး!"

  ဒုတိယအစ်မ၏ ခေါင်းမာသောကျောပြင်နှင့် အကြီးဆုံးအစ်မ၏ စိုးရိမ်သောကရောက်နေသော မျက်နှာကိုကြည့်ရင်း၊ ချင်းမော့က "လူတိုင်းသဘောကျရတဲ့ ဒီမျက်နှာတွေကို ကျွန်မတို့ ဖျက်ပစ်လိုက်တာတောင် သူတို့က ကျွန်မတို့ကို ချုံယွဲ့ကို ပို့ချင်နေကြတုန်းပဲ! ဒုတိယအစ်မ၊ ကျွန်မတို့ ဘာမှ မတက်နိုင်ဘူးလေ၊ ပြောင်းလဲဖို့ တစ်ခုခု လုပ်နိုင်အုန်းမှာလား"

  သူမ၏နှလုံးသားကို နာကျင်စေသည့် ပါးပြင်ကို ညင်သာစွာ ပွတ်သပ်ရင်း ချင်းဖုန့်က အသက်ပြင်းပြင်းရှူကာ အံကြိတ်လိုက်ရင်း ပြန်ပြောလိုက်သည်။ "ငါ သေရင်တောင် ငါ... ချင်းဖုန့်က ငါ့ကို ဘယ်သူကမှ ခြယ်လှယ်ခွင့် မပေးဘူး။ အထူးသဖြင့် သူ့လက်တွေမှာ ငါ့မိဘတွေရဲ့သွေးတွေစွန်းထင်းနေတဲ့ အဲဒီလူ၊ ငမိုက်သားဘုရင်"

  ချင်းလင်က ထိတ်လန့်သွားပြီး စိုးရိမ်တကြီးနဲ့ "ဖုန့်အာ နင်က ဘာလုပ်ချင်တာလဲ?!"

  ချင်းဖုန့်က နောက်သို့ ဖြည်းညှင်းစွာ ပြန်လှည့်လာပြီး လက်သီးကို တင်းတင်းဆုပ်ထားကာ "အစ်မ၊ ငါ ဟောင်ယွဲမှာ နေချင်တယ်၊ ငါ့ခန္ဓာကိုယ်ပဲ ကျန်နေခဲ့မယ်ဆိုရင်တောင် ဒီမှာဘဲ မိဘတွေနဲ့ အတူနေချင်တယ်!"

 ဖုန့်အာရဲ့ စကားကို ဖြည့်ဆည်းပေးသလိုပဲ၊ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖြူရောင်လျှပ်စီးကြောင်းက တည့်တည့်ကို ရိုက်ခတ်လာပြီး ဖုန့်အာရဲ့ မျက်နှာပေါ်မှာ တောက်ပတဲ့ အလင်းတန်းတွေနဲ့ လင်းလက်တောက်ပနေသည်။

ချင်းလင်က ရုတ်တရက် စိတ်သက်သာရာရသွားပြီး ချင်းဖုန့်ရဲ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ကာ "ကောင်းပြီ၊ ညီမလေး၊ ငါ မင်းကို လိုက်ပို့ပေးမယ်၊ ဘာပဲဖြစ်ဖြစ် အသက်ရှင်ရတာ ငါ့အတွက် ဘာအဓိပ္ပါယ်မှ မရှိပါဘူး"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now