"ကျွန်မ အရှုံးမပေးချင်ဘူး!" ပြောလိုက်သောမိန်းခလေးက ခေါင်းမာသော မျက်လုံးများဖြင့် ပျက်စီးနေသော ဘုရားကျောင်းအပြင်ဘက်မှ လျှပ်စီးနှင့် မိုးကြိုးများကို စိုက်ကြည့်နေသည်။ ချင်းဖုန့်က အောက်နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် ကိုက်ထားသောကြောင့် သူမ၏အောက်နူတ်ခမ်းက ပေါက်ထွက်လုနီးပါးဖြစ်နေကာ သွေးရောင်လွှမ်းနေသည်။

  ချင်းမော့က ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ချင်းဖုန့်၏ ပခုံးပေါ် မှီကာ ဆင်ခြင်တုံတရားရှိသော အသံဖြင့် သူမကို နှစ်သိမ့်ပေးလိုက်သည်။ "ဒုတိယအစ်မ၊ မစိုးရိမ်ပါနဲ့၊ အစ်မလက်ထပ်ရမယ့် ဝန်ကြီးချုပ်က ရှားရှားပါးပါး နှိမ့်ချတက်တဲ့ လူကြီးလူကောင်း တစ်ယောက်လို့ ကျွန်မ ကြားတယ်၊ စာပေဘက်ရော ကိုယ်ခံပညာမှာပါ ထူးချွန်တယ်တဲ့၊ သူက အစ်မကို ဆိုးဆိုးရွားရွား မဆက်ဆံလောက်ပါဘူး"

သနားစရာအကောင်းဆုံးက နန်းတော်သို့ ပို့ခံရတော့မည့် အကြီးဆုံးအစ်မဖြစ်သည်။ ဒဏ္ဍာရီအရ ချုံယွဲ့ဘုရင်က စိတ်သဘောထားသေးသိမ်ကာ သွေးဆာတတ်သူဖြစ်သည်။ နူးညံ့သိမ်မွေ့ပြီး အရှက်အကြောက်ကြီးသော အစ်မအကြီးဆုံးက ဤအရာကို မည်သို့ သည်းခံနိုင်ပါ့မလဲ!

  ချင်းဖုန့်က လှောင်ပြောင်ပြီး "ဘယ်သူက ဂရုစိုက်မှာလဲ!!"

 ချင်းဖုန့်က နောက်ပြန် လှည့်လိုက်ကာ အစ်မအကြီးဆုံးရဲ့လက်တစ်ဖက်ကို ကိုင်လိုက်ပြီး နောက်လက်တစ်ဘက်က ညီမလေးရဲ့လက်တစ်ဖက်ကိုဆွဲကာ ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။ "အရမ်းမုန်းတယ်! ချုံယွဲ့ရဲ့သခင်က စကားလုံးတစ်လုံးတည်းနဲ့ သူ လုပ်ချင်တာကို ဘာလို့ လုပ်နိုင်ရတာလဲ။ ဧကရာဇ်က အရည်အချင်း မရှိဘူးလား? ငါတို့ ချင်းမိသားစုက သူရဲ့အရည်အချင်းမရှိမှုအတွက် ဘာလို့ တာဝန်ယူရမှာလဲ၊ သူက ငါတို့ မိဘတွေကို သတ်ပြီး ဘာလို့ ငါတို့ကို လက်ဆောင်ပဏ္ဍာအဖြစ်သုံးတာလဲ? ချုံယွဲလား? ဘာကြောင့်လဲ"

  ချင်းလင်က ဆူပူမှုနှင့် မုန်းတီးမှုတို့ကြောင့် ပုံပျက်နေသော ချင်းဖုန့်၏မျက်နှာကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ရင်း သက်ပြင်းချလိုက်သည်။ "ချုံယွဲ့က တိုင်းပြည်ခြောက်ခုမှာ အုပ်စိုးသူလေ၊ တိုင်းပြည်တိုင်းက သူ့ကို ကိုးကွယ်ကြတယ်၊ ဧကရာဇ်က တိုင်းပြည်အကုန်လုံးရဲ့ ဘုရင်ဆိုတော့ သူက သူ့လက်အောက်ခံတွေကို သေစေချင်ရင် သေကို သေရမှာပဲ။ ဘယ်သူက ငါတို့ကို ကူကယ်ရာမဲ့ မိန်းကလေးတွေ ဖြစ်ခိုင်းလို့လဲ"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now