"အယ်.. မတူဘူးထင်တယ်မမတော့"
"တွေ့လားမတူပါဘူးဆို "
ခလေးတွေဟာ အချင်းချင်းငြုံးခုံနေကြ၍ အသံတွေကျယ်လောင်စွာထွက်လာသော်လည်းအကိုလေးဟာ တုတ်တုတ်ပင်မလှုပ် အိပ်နေဆဲဖြစ်လေသည်။ ရွှေကူလဲ ခလေးတွေကို ဝေးဝေးနေဖို့တားမနေတော့ပဲ အိမ်ပေါ်သို့ဒေါ်လေးနှင့်တတ်ခဲ့ကာ ချိုင့်လေးလှယ်၍ အကိုလေးစားဖို့ပြင်နေလိုက်တော့သည်။
အိမ်မက်များအဆန်းသား ဘေးမှလာပြီးပြောနေသလိုကိုမက်လိုက်သေးတာဟ။ ဘယ်အချိန်ရှိပြီလဲတော့မသိ ကွန့်မြူးအိပ်ယာထဖို့အချိန်ကျပြီထင်၍ မျက်လုံးတွေဖွင့်ကြည့်မိတော့
"အမလေးဗျ လန့်တာဟ"
အိပ်ချင်မူးတူးစိတ်တောင်ပျောက်သွားရတော့သည်။ မျက်လုံးတွေအများအပြားဟာ ကွန့်မြူးကိုစိုက်ကြည့်နေကြသည်မို့ ခေါင်းအုံးကိုပိုက်၍ ကျုံ့ကျုံ့ကလေးထိုင်နေမိတော့သည်။
"တွေ့လားမိအေး လီမင်ဟိုနဲ့မတူပါဘူးလို့"
"ဟီး ငါလဲကိုကြီးအေးချမ်းစကားယုံလိုက်တာဟ ဒါပေမယ့်ဒီကိုကြီးလဲချောတာပဲဟနော့.."
"ချောတော့ချောသား မင်းသားကျလို့ သွားမယ်လာ ကြည့်ပြီးပြီဆိုတော့လဲ ကျောင်းသွားကြမယ်"
"အေးအေး "
"မြို့သားအကိုကြီးရေ ဆက်အိပ်နော်မိအေးတို့က ကြည့်ပြီးပြီဆိုတော့ပြန်တော့မယ် ညနေမှတစ်ခေါက်ပြန်လာတော့မယ်နော်"
အသီအရီ ပြောချင်တာပြောကာ လွယ်အိပ်ကွယ်စီနှင့်ထွက်သွားကြသည့်အုပ်စုကို ကွန့်မြူးကြည့်၍ ချွေးစလေးတွေကိုသုတ်လိုက်တော့သည်။
"ဒါလေးတွေက ဘာတွေလဲဟ "
"အကိုလေးကိုလာကြည့်ကြတာလေ"
"ဟာ ကောင်မလေး .."
ရွှေကူ့ကိုမြင်တော့ အတင်းပြေးလာကာ မျက်နှာငယ်နှင့်ကြည့်လာလေသည်။
"ဘာဖြစ်လို့လဲအကိုလေးရဲ့ "
"အဲ့ခလေးတွေကြောင့် ကိုယ်လန့်သွားတာလေ အခုထိနှလုံးခုန်မြန်နေတုံး"
Part 💭 43 (U)
Start from the beginning