If Possible ( Part - 10 )

Start from the beginning
                                        

" ငါလည်းမသိတော့ဘူး မင်းလည်းဘာလို့မှ
သူ့ကိုချစ်မိလည်းငါမသိဘူး ၊ ဒါပေမယ့်သတိ
တော့ထား ဟျောင့် ... အဖြစ်မှန်ပေါ်လာရင်
မင်းပဲဒုက္ခရောက်ပြီး မင်းပဲခံစားရမှာ "

" အဲ့အတွက်ပြင်ဆင်ပြီးသားပါ "

" အင်းပါ လိုအပ်တာရှိရင်ငါ့ကိုအချိန်မရွေး
ဆက်သွယ်လိုက် ငါကမင်းသူငယ်ချင်းပဲ
မင်းကိုဒီတိုင်းတော့ပစ်မထားပါဘူးကွ "

" အင်းပါ ကျေးဇူး "

" အင်း အဲ့ဒါဆို ငါအိပ်တော့မယ်နော် "

" အိပ်တော့ ငါမီးပိတ်ပေးမယ် "

မီးအိမ်ခလုတ်လေးကိုပိတ်ချလိုက်သည်နှင့်အတူ ဒီတစ်ညတာက ဝမ်းနည်းခြင်းများဖြင့်
ကုန်ဆုံးခဲ့ရ၏

" မင်္ဂလာပါဗျ ဥက္ကဌကြီး ကိုခန့်ရင်းဆက်နဲ့
တွေ့ချင်လို့ပါဗျ "

ရင်းနှီးဖူးတဲ့ အသံကြောင့် စာရင်းစစ်နေရာကနေ အပေါ်ကိုဆတ်ခနဲမော့ကြည့်လိုက်မိတော့
( ဇွဲမာန် )

" မာန် "

" Nice to meet you bro "

ရင်းဆက်ကထိုင်ရာမှာ ကောက်ကတ်ထကာ
သူ့သူငယ်ချင်းကိုပွေ့ဖက်နှုတ်ဆက်လေတယ်

" သားရီးရာ မင်းကိုငါလွမ်းနေတာကွ "

" မလွမ်းနဲ့တော့ ငါတစ်နှစ်လောက်ဒီမှာ
အခြေစိုက်မလို့ "

" ဟာ ဟျောင့် တကယ်ကြီးလား "

" အင်း . ဟိုမှာ အလုပ်ကိစ္စတွေအားလုံးပြီးသွား
တော့စိတ်ချရပြီမို့ မန်နေဂျာနဲ့အပ်ခဲ့တယ် "

" မင်းကတော့ သိပ်ဟုတ်နေတာ "

" မဟုတ်ပါဘူးဟာ ဒီမှာလည်းငါ့မိဘကိစ္စ
တွေ ကူပေးရဦးမယ်လေ အဲ့ဒါကြောင့်ငါ့
အလုပ်ကို ခဏမန်နေဂျာဆီလွှဲထားလိုက်ရတာ
သူက စိတ်ချရပါတယ် သူက ငါ့ငယ်ချစ်ဦး
ဖူးမေ ပဲလေ "

" ဟင် ... ဖူးမေ ကလား ၊ ဟျောင့် သားရီး
မင်းကတော့ဟုတ်နေတာ သူနဲ့ပြန်တွဲနေတာလား "

" မဟုတ်ပါဘူးကွာ ငါကလူလွတ်ကြီးပါ ဒီတိုင်း
ပြန်ဆုံဖြစ်တာနဲ့ အလုပ်လေးတွေလည်းအတူ
လုပ်မိရင်းပေါ့ "

If possible ~Where stories live. Discover now