If Possible ( Part - 10 )

Start from the beginning
                                        

" ခန့်ရင်းဆက် "

" ဪ "

နေ့သစ်ကကြားကြားချင်း သူသတိမထားမိ
ပေမယ့် ဪ ဆိုတဲ့စကားရဲ့အနောက်မှာ
သိနေပုံပေါ်နေသည်။ နေစမ်းပါဦး ... ငါဒီနာမည်ကို ရင်းရင်းနှီးနှိးကြားဖူးနေရတာလဲ
ကျစ်! မဟုတ်မှလွဲရော

" ဟင် ... ခန့်ရင်းဆက် "

မျက်လုံးအိမ်ပိုကျယ်လာ၍ တအံ့တအား
ကျယ်လောင်စွာထအော်လိုက်တဲ့အဲ့ပါးစပ်ပေါက်ကို ခရောင် အမီလိုက်ပိတ်ရပါသည်။
ဒီကောင့်အသံနဲ့တော့ အမေတော့ကြားတော့
မှာပဲ

" တိုးတိုးပြောစမ်းပါ အမေကြားသွားဦးမယ် "

" နေစမ်းပါဦး ဟိုလူမဟုတ်လား "

" အင်း "

" ကျစ်! ဘာလို့ သူ့မှလဲ "

" သူဖြစ်နေလို့လေ "

နေ့သစ်က စကားကိုဒီတိုင်းပဲပြောလိုက်ပေမယ့်
ပြန်ဖြေရတဲ့ကျွန်တော်ကတော့ နှလုံးအောင့်
မတတ် ၊ သူဖြစ်နေလို့ကို ကျွန်တော်ချစ်တာ ...

" သူကမင်းမှန်းမသိဘူးလား "

နေ့သစ်ရဲ့မေးခွန်းတွေကိုဆက်တိုက်ဖြေမည့်ဟန်ဖြင့် ကုတင်ပေါ်တွင်ကျောကနံရံနဲ့ကပ်ပြီးမှီလိုက်ကာ ခြေနှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။
လက်နှစ်ဖက်ကိုပုံမှန်ပိုက်နေကျအတိုင်း ပိုက်ထားမိလိုက်ကာ ရှေ့တည့်တည့်ကိုသာစူးစိုက်
ကြည့်နေမိသည်

" ဟင့်အင်း ... သူမသိဘူး "

" ဟမ် "

" အင်း သူငါမှန်းမသိဘူး သူတုံးတယ်မဟုတ်
လား "

ခရောင်က ဟက်ဟက်ပက်ပက်ရယ်လိုက်မိ
တော့ နေ့သစ်ကမျက်မှောင်ကြုတ်လိုက်သည်
ဒီကောင် ခံစားနေရတာအသိသာကြီး ဘာတွေ
လာဖုံးနေမှန်းကိုမသိဘူး ...

" ခရောင် မင်း ပြဿနာအကြီးကြီးတွေတကကုန်မယ်နော် အဲ့လူက မင်းကိုဘယ်လိုဆက်ဆံ
ထားလဲလဲမင်းသိရဲ့သားနဲ့ ဘာလို့ "

" ငါပြောတယ်မလား သူဖြစ်နေလို့လို့ ၊ မင်းသိလား ဟိုးငယ်ငယ်လေးထဲက ငါသူ့ကိုဘယ်လောက် အားကျလိုက်လဲ၊ အရာရာ
ပြီးပြည့်စုံပြီး အဖေ့ချစ်ခြင်းတွေအပြည့်အဝ
ရရှ်ိထားတဲ့သူ့ကိုမနာလိုဖြစ်ခဲ့တယ်၊ အစ်မခင်
ကပဲ ငါ့အပေါ်မေတ္တာထားခဲ့တယ်ဆိုပေမယ့်
အစ်ကို ငါ့ကိုသာမုန်းတယ်ပြောနေတာ၊ ငါ့
မျက်လုံးထဲမှာတော့ သူကငါထင်ထားသလောက် ငါ့ကိုမုန်းမနေဘူး။ သူကစိတ်ထား
ကောင်းတယ် တစ်ကိုယ်ကောင်းမဆန်ဘူး ၊
အဲ့လိုလူမျိုးက ငါ့ကြောင့်နဲ့ သူ့ပင်ကိုစရိုက်ကို
ချက်ချင်းပြောင်းလဲနိုင်တယ်လို့ မင်းထင်လား "

If possible ~Where stories live. Discover now