အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်

Start from the beginning
                                    

" ဟုတ်ပြီ ဟုတ်ပြီ အခုပဲ ငါ့ဆီလွဲပေးလိုက်"

ရှန်ယွဲ့လည်း အလွန်မြန်လေသည်။ ဆွန်းလင်၏ဘဏ်အကောင့်နံပါတ်ကို ရသည်နှင့်ချက်ချင်း သူမ၏လက်ချောင်းများကို လှုပ်ရှားလိုက်ကာ ငွေလွဲပေးလိုက်တော့သည်။

'တင်း' မြည်သံတစ်ခုနှင့် ဆွန်းလင်သည် သူမ၏ဘဏ်ကတ်ထဲသို့ ဝင်လာသည့် ငွေရောက်ရှိကြောင်း အသိပေးစာကို လက်ခံခဲ့ရလေသည်။ သူမ၏မျက်လုံးဘေးက အရေးအကြောင်းများကပင် ပြုံးတော့မယောင်။ သို့သော် အနီးကပ်ကြည့်လိုက်ချိန်တွင်တော့ သူမမျှော်လင့်ထားသည့် သုည ၄လုံး ၊ ၅လုံးမဟုတ်ဘဲ ယွမ် ၃၀၀၀ သာဖြစ်နေလေသည်။

" ယွမ် ၃၀၀၀ ပဲလား၊ ရှန်ယွဲ့ နင်ငါ့ကို သူတောင်းစား လုပ်ခိုင်းဖိုး ကြိုးစားနေတာလား"

ဆွန်းလင်သည် ဒေါသဖြင့် လွှတ်ခနဲ ပြောလိုက်လေသည်။ ရှန်ယွဲ့က ရှန်ချန်အတွက် ယွမ် သောင်းချီတောင်သုံးပြီး ဒီအတိုင်းဝယ်ပေးခဲ့တာလေ၊ ဒါပေမယ့် သူမကိုကျတော့ ယွမ် ၃၀၀၀ပဲ ပေးသတဲ့လား။

" အရမ်းများတယ် ထင်လို့လား"

ရှန်ယွဲ့သည် မျက်ခုံးများကို ပင့်ကာ ထပ်ပြောလိုက်၏။

" ဒီ ယွမ် ၃၀၀၀က သမီးရယ်၊ ရှန်ချန်ရယ် အဖေရယ် အတွက် ဒီလ အသုံးစားရိတ်ပဲ၊ အရမ်းများတယ်ထင်ရင် တစ်ဝက်ပြန် လွှဲလိုက်"

သူမသည် ရှန်ချန်ကို မောင်လေးအရင်းတစ်ယောက်လို သတ်မှတ်ထားပြီးဖြစ်ရာ သူ့ကို ဂရုစိုက်သည်က သဘာဝပင်။ ရှန်အန်းသည် အားနည်းသည့် အကျင့်ရှိပြီး ရှန်မိသားစုတွင် အမြဲတမ်း အနိုင်ကျင့်ခံရသည်။ သူ့အတွက်လည်း ငွေရှာရန်ခက်ခဲသည်။ ရှန်ယွဲ့ သူ့ကို နားလည်၏။ ထို့ကြောင့် ဆွန်းလင်၏ ဆူဆူပူပူလုပ်ခြင်းမှ သက်သာစေရန် သူ့အတွက် အသုံးစားရိတ်ကိုပါ ထည့်ပေးလိုက်ခြင်းပင်။

ရှန်မိသားစု၏ ပုံမှန်အစားအသောက်တွင် ရက်နည်းနည်းနေလို့မှ အသားကို ခက်ခက်ခဲခဲ မြင်ရလေသည်။ သူတို့သုံးယောက်အတွက် ယွမ် ၃၀၀၀ ထက်ပိုကုန်ကျဖို့ရာ မဖြစ်နိုင်ချေ။ သူမသည် ပိုနေသည့်ငွေအတွက် ဆွန်းလင်နှင့် မငြင်းချင်တော့ပေ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now