အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်

Start from the beginning
                                    

ရှန်ရှင်းက ဆွန်လင်၏စကားမှာ အဓိပ္ပါယ်ရှိသည်ဟု ထင်လိုက်လေသည်။ သူမသည် ရှန်ယွဲ့က ရှန်ချန်အတွက် အကောင်းစားပစ္စည်းများ ဝယ်ပေးခဲ့သည်ကို မနာဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ သူမသည် ရှန်ယွဲ့ကို ကပ်ဖားချင်သော်လည်း ရှန်ယွဲ့ကြောင့် သေမလိုပင် ဖြစ်ခဲ့ရသည်။ သူမသည် ရှန်ယွဲ့ကို အသည်းထဲက မုန်းလေသည်။ ထို့ကြောင့် သူမသည် အလိုလိုပင် ရှန်ယွဲ့က ရှန်မိသားစုထဲတွင် တတ်နိုင်သလောက် ကောင်းကောင်းမနေရအရေး ကို မစောင့်နိုင်ဘဲဖြစ်နေတော့သည်။ သူမက ဝင်ပြောလိုက်၏။

" အနည်းဆုံးတော့ အမေက ငါတို့ကို ကိုးလလွယ် ဆယ်လဖွားပြီး မွေးပေးခဲ့တာလေ၊ ကျေးဇူးဘယ်လို ပြန်ဆပ်ရမယ်မှန်း မသိတဲ့သူတွေကတော့ ကျေးဇူးကန်းတာပေါ့"

ရှန်ရှင်းသည် ရှန်ယွဲ့က သူမကို ရိုက်မည်စိုးသဖြင့် အလွန်အကျွံမပြောရဲရာ ရှန်ယွဲ့၏နာမည်ကို ထည့်မပြောဘဲ ထေ့ငေါ့လိုက်လေသည်။

" နင်လေ ဘယ်လိုဖြစ်ပြီး အစ်မကို ဒီလိုဆက်ဆံနိုင်ရတာလဲ..."

ရှန်ချန်သည် အခြေအနေမှာ ရှန်ယွဲ့အတွက်အလွန် တဖက်စောင်းနင်းဖြစ်နေသည်ကို ခံစားမိလိုက်၏။ သူသည် ရှန်ယွဲ့ကို ကာကွယ်ပေးချင်လိုက်သော်လည်း ဘယ်က ဘယ်လို စလုပ်ရမည်မသိပေ။

" ရတယ်လေ"

ရှန်ယွဲ့သည် အတင်းပြောတတ်လွန်းသည့် မိန်းမနှစ်ယောက်ကို လစ်လျူရှုလိုက်ပြီး မေးငေါ့က သဘောတူလိုက်၏။

" ဘဏ်နံပါတ်ပို့ပေးလိုက်"

ထိုအခိုက်တွင် သူမသည် မူလခန္ဓာကိုယ်ပိုင်ရှင်အတွက်သာ ဝမ်းနည်းမိတော့သည်။ သူမတွင် ပိုက်ဆံမရှိစဥ်က ဆွန်းလင်မှာ အာဏာပါးကွက်သားတစ်ယောက်လိုပင်။ သူမ ပိုက်ဆံရှိလာတော့ ဆွန်းလင်သည် သူမကို ခမ်းခြောက်သွားအောင် စုပ်ချင်သည့် သွေးစုပ်ကောင်တစ်ယောက် ဖြစ်လေသည်။

ရှန်ယွဲ့က အလျှော့ပေးလိုက်သည်ကို တွေ့လိုက်ရသဖြင့် ဆွန်းလင် ဝမ်းသာသွားတော့သည်။ သူမ၏ နဂိုက ခါးခါးသီးသီးဖြစ်နေသည့်မျက်နှာသည် ချက်ချင်း ပြောင်းလဲသွား၏။ သူမအိတ်ကပ်ထဲက ဖုန်းကို မြန်မြန်ထုတ်ယူလိုက်လေတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now