အပိုင်း ( ၅၄) စိန်ခေါ်တဲ့မေးခွန်း

Start from the beginning
                                    

ခဏအကြာတွင် ရှန်ချန်သည် အမှတ်တမဲ့ ထပြောလိုက်တော့သည်။

ရှန်ယွဲ့က သိလိုစိတ်ဖြစ်နေသည်ကို မြင်လိုက်ရပြီးနောက် ရှန်ချန်သည် သူ့ဖုန်းကို သူမထံ လှမ်းပေးလိုက်လေသည်။

" လင်ရှောင်းက ပြီးခဲ့တဲ့လတုန်းက အင်တာနက်ပေါ်မှာ မေးခွန်းတစ်ခု တင်ထားခဲ့တယ်၊ ကြည့်ရတာ ပရော်ဖက်တွေအများကြီး ရေးထားတာထင်တယ်၊ အင်တာနက်ပေါ်လက လူထောင်ချီကလည်း အဖြေတွေ ကြိုးစားဖြေထားကြတယ်၊ ဒါပေမယ့် ဒီလောက်အကြာကြီးရှိနေတာတောင် ဘယ်သူက ပြီးတဲ့အထိ မဖြေရှင်းနိုင်သေးဘူးတဲ့၊ အင်တာနက်ပေါ်က နာမည်ကြီး သင်္ချာနတ်ဘုရားတွေ တော်တော်များများလည်း အစပိုင်းသေးသေးလေးကိုပဲ ဖြေရှင်းနိုင်တယ်"

ရှန်ယွဲ့က မေးခွန်းကို သေသေချာချာ ကြည့်နေဟန်မြင်လိုက်တော့ ရှန်ချန်သည် ချက်ချင်း မျှော်လင့်တကြီးဖြစ်သွားတော့သည်။

" အစ်မ စမ်းကြည့်ပါလား၊ နင် တစ်ဝက်လောက်လုပ်နိုင်ရင် ဒါကို ကြွားဖို့ ငါလိုင်းပေါ် တင်လို့ရပြီ၊ နင်က အဲဒီ သင်္ချာနတ်ဘုရားလို့ ခေါ်တဲ့သူတွေထက် အများကြီးပိုတော်တယ်လေ"

ထို့အပြင် လင်ရှောင်းကလည်း မြို့တော်တက္ကသိုလ်မှ နာမည်ကြီးပရော်ဖက်ဆာအချို့၏ ညွှန်ကြားမှုအောက်တွင် ပိုစ့်၏အောက်ဆုံး၌ မေးခွန်းများကို ဖြေရှင်းပြီးနောက် ဆုစာရင်းနှင့် ဦးစားပေးအခွင့်အရေးကို စာရင်းပြုစုထားလေသည်။ သည်မေးခွန်းသည် ကမ္ဘာတစ်ခုလုံးကို စိန်ခေါ်သည့် မေးခွန်းတင်မဟုတ်ဘဲ သာလွန်သည့်ပညာရေး အသိုင်းအဝိုင်းသို့ ဝင်လာရန် ဖိတ်ကြားချက်တစ်ခုဟု ဆိုနိုင်လေသည်။

" ငါ စမ်းကြည့်မယ်"

ရှန်ချန်က အလွန်စိတ်လှုပ်ရှားနေသည်ကိုမြင်လိုက်ရသဖြင့် ရှန်ယွဲ့သည် သူ့စိတ်အားထက်သန်မှုကို ပျက်စီးသွားအောင် မလုပ်နိုင်ပေ။ သူမတွင် စမ်းကြည့်လိုသည့် စိတ်လည်း ဖြစ်နေသည်။ မေးခွန်းများကို မြန်မြန်ဆန်ဆန် ဖတ်လိုက်ပြီးနောက် သူမ၏စိတ်ထဲတွင် ဉာဏ်ကွန့်မြူးလာတော့သည်။

ရှန်ယွဲ့က အကြမ်းစာအုပ်တစ်အုပ်ကို ယူလိုက်ပြီး ခဏလောက်စဥ်းစားလိုက်ပြီးနောက် စတင်ချရေးလိုက်တော့သည်။ သူမက စာကို ချရေးလေလေ သူမ၏အတွေးများက ပိုရှင်းလာလေလေ ဖြစ်နေလေသည်။ နောက်ဆုံးတွင် ရှန်ယွဲ့သည် စာမျက်နှာလေးခုကို ချောချောမောမော ရေးခဲ့လေသည်။ ထို့နောက် သူမ၏ဘောပင်ကို ချလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now