စိတ်ပူပြီးပါးစပ်ကနေ တတွတ်တွတ်ရွတ်နေတဲ့
သူကိုခပ်ပြုံးပြုံးကြည့်နေမိတော့ ရင်းဆက်က
ခရောင်ရဲ့မျက်နှာကို မော့ကြည့်လိုက်တယ်
" ပြုံးနေနိုင်သေးတယ်နော် ဒီလူကတော့အရူး
ကြီးကျလို့ စိတ်ပူနေတာကို သူကတော့ပြုံးနိုင်
သေးတယ် "
" အယ် မပြုံးရဘူးလား ၊ ကိုယ့်ချစ်သူစိတ်ပူ
နေတာလေးကို သဘောကျမိလို့ ပြုံးတာလေ
အပြစ်ဖြစ်ရောလား "
" ကဲပါ ထားလိုက်တော့ နောက်ဆိုသတိထားနော် "
" အင်းပါ "
" ဒီနေ့စောတာလား ဆိုင်က "
" အင်း သူဌေးက ပင်ပန်းနေလို့စောပိတ်လိုက်တာ "
" ဪ ကိုယ်လည်း ဒီနေ့ စောပြန်လာတာ
စိတ်နည်းနည်းညစ်နေလို့ ၊ အဲ့ဒါနဲ့မင်းကိုတွေ့
တော့ အတော်ပဲဖြစ်သွားတာ ဒါဆိုကိုယ်တို့
ကားပတ်စိီးရအောင်လေ ၊ ပြီးရင်ကိုယ့်ရဲ့
ကိုယ်ပိုင်ကွန်ဒိုကိုခေါ်သွားပေးမယ် ခေါင်မိုးထပ်ကကြည့်ရင် အတော်လှတာမို့ "
" အင်း ... ကောင်းပြီလေ "
ခရောင်ကို ဆန်းဆန်းပြားပြားနေရာသစ်တွေကို
ခေါ်ဆောင်ပေးသွားတယ်။ ဘာမှတော့ထွေထွေ
ထူးထူးမရှိပေမယ့်လို့ ရှုခင်းလေးတွေကလှ
တာကြောင့် ခရောင်ရဲ့မျက်လုံးအကြည့်တွေက
အပြင်ဘက်ကိုပဲ ငေးမောနေခဲ့တယ် ၊ ကားမောင်းရင်း သူ့လူကိုလှည့်လှည့်ကြည့်ပြီး ပြုံးတုံးတုံးလုပ်နေတဲ့ ရင်းဆက်ကလည်းအမော။
" ဘာစားချင်သေးလဲ "
" ဟင့်အင်း စားထားတော့ မဆာဘူး "
" ကိုယ်သီချင်းဖွင့်ပေးရမလား "
" အင်း ကောင်းတယ် "
" ဒါဆိုကိုယ် Bluetooth ချိတ်ပေးမယ် "
I want you to know
I love you the most
I'll always be there right by your side
Cause baby , you're always in my mind
Just give me your forever
Zack Tabulo ရဲ့ "Give me your forever"
ဒီသီချင်းလေးကို ဘယ်အချိန်နားထောင်ထောင်
ကိုယ်သိပ်ချစ်ရတဲ့သူတစ်ယောက်ကို ကိုယ်သူ့
အပေါ်ဘယ်လောက်ချစ်ကြောင်း ရေတွက်လို့
မရအောင်ဖော်ပြထားတယ်။ ငယ်စဉ်ဘဝတည်းက ချစ်မြတ်နိုးလာတဲ့သူ ၊ တစ်ယောက်
တည်းသောသူ ၊ သူ့နဲ့ပတ်သက်လာတဲ့ memories တိုင်းကိုအလေးအနက်ထားတယ်။
သူနဲ့ပတ်သက်သမျှအရာအားလုံးကို ကျွန်တော့်
နှလုံးသားကျောက်တိုင်မှာ ကမ္ဗည်းစာရေးမှတ်ထားတယ်။
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 9 )
Start from the beginning
