" ဟိတ် ဘယ်သူလို့ထင်လဲ "
ဒီလောက်သိသာနေတာကို ဘယ်သူလို့ထင်လဲက လုပ်ပြလိုက်သေးသည်။ ခရောင်ကမဲ့ပြုံးပြုံးကာ နောက်သို့လှည့်ကြည့်လိုက်၏။
" မသိပါဘူး ဘယ်က နောက်ကလိုက်လိုက်နေတဲ့ ခွေးလဲလို့ "
" ဟာ ... ခ ဒါတော့ များသွားပြီနော် "
ခရောင်က လျှာထုတ်ပြလိုက်ပြီး ရှေ့သို့
ပြန်လှည့်လိုက်တော့ ရင်းဆက်က ခရောင်နဲ့
ဘေးချင်းယှဉ်လျှောက်ကာ ခရောင်လက်ကို
သူ့လက်ကြားထဲထည့်ပြီး ဆုပ်ကိုင်လိုက်တယ်
" ဟေး ဒါအပြင်ကြီးမှာနော် "
" ဘာဖြစ်လဲ နမ်းတောင်နမ်းပြီးကြပြီမဟုတ်
ဘူးလား "
" တိုးတိုးပြောစမ်းပါ အရှက်လည်းမရှိ "
" ဘာဖြစ်တုန်း ကိုယ်ကလက်တွဲတော့ "
" ဒီပတ်ဝန်းကျင်မှာ ကျွန်တော့်ကိုမသိတဲ့သူ
မရှိဘူး။ တော်ကြာ အမေ့ကိုတိုင်ပြောနေကြဦး
မယ် "
" ခ က ပတ်ဝန်းကျင်ကိုကြောက်နေတာလား
ကိုယ်တို့က မဟုတ်တာမှလုပ်မနေဘဲကို "
" ကြောက်တာမဟုတ်ပါဘူး အမေစိတ်ကသိ
ကအောက်ဖြစ်မှာပူလို့ပါ "
" ရပါတယ် ခရဲ့ ဒါဆိုလည်းကိုယ်မကိုင်တော့
ဘူးလေနော် ကိုယ်တို့ဒီတိုင်းပဲလျှောက်ကြရ
အောင်နော် "
ဒီလိုကျတော့လည်း ကျွန်တော်စိတ်တိုင်းမကျ။
ဒီခံစားချက်လေးကို နှစ်သက်နေတဲ့သူက
အခွင့်အရေးမရတော့ ကျွန်တော်ဝမ်းနည်းရ
ပါသည်။ ထို့ကြောင့်ပတ်ဝန်းကျင်ကိုဂရုမစိုက်တော့ဘဲ ကျွန်တော်သူ့လက်ကိုတွဲလိုက်မိပါသည်။
" လာ အတူလျှောက်ရအောင် "
ပြုံးသွားသည့် သူ့ကိုမြင်ရတော့လည်း တစ်မျိုး
စိတ်ချမ်းသာရပြန်။ ဟမ် ... ဒါနဲ့နေစမ်းပါဦး
လက်ကဘာဖြစ်တာလဲဆိုတဲ့ပုံစံနဲ့ ခရောင်ရဲ့
ထိခိုက်ထားတဲ့လက်ကိုမြှောက်ကိုင်မိသည်
" ခ ... ဒါဘယ်လိုဖြစ်ရတာလဲ "
" ဪ လက်အပူလောင်သွားတာပါ "
" ခ ရာ ...မင်းရဲ့လက်နုနုလေးကိုမှ ၊ အခုကော
ဘယ်လိုနေသေးတုန်း နာနေသေးလား "
VOCÊ ESTÁ LENDO
If possible ~
Fanfic"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 9 )
Começar do início
