တိုက်တိုက်ဆိုင်ဆိုင် နောက်တစ်ရက်က လပြည့်ညဖြစ်နေ၏။ နှစ်ယောက်သား ဂွမ်းစောင်သန့်သန့်ပေါ်တွင် နွေးနွေးထွေးထွေး ပွေ့ဖက်လျက် အေးစိမ့်သော ညအချိန်ကာလကို အန်တုရင်း လပြည့်ဝန်းကြီးကို ငေးကြည့်နေခဲ့ကြသည်။

ရှဲ့ချင်းလန် : “ကိုယ်ပြောရင် မင်းယုံမှာမဟုတ်ဘူး..”

ခြူးမုယွင် : “ဘာကိုလဲ..?”

ရှဲ့ချင်းလန်က အေးချမ်းလှပစွာ ထွန်းလင်းနေသော လပြည့်ဝန်းကြီးကို ငေးကြည့်ကာ ဖြည်းဖြည်းချင်း ပြောလာသည်။ : “ကိုယ် အသိစိတ်စတင်ဖြစ်တည်လာကတည်းက တစ်စုံတစ်ယောက်ကို စောင့်မျှော်နေခဲ့မိတယ်..”

ခြူးမုယွင် အံ့အားသင့်သွားသည်။

ရှဲ့ချင်းလန်က ဆက်ပြောလာသည်။ : “သူဘယ်သူမှန်း ကိုယ်မသိဘူး.. နာမည်ဘယ်လိုခေါ်လဲ ဘယ်လိုပုံစံရှိလဲ ဆိုတာလည်း မသိဘူး.. ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ အသက်ရှင်ပြီး မွေးဖွားလာကတည်းက သူ့ကို လိုက်ရှာနေမိတယ်..”

ခြူးမုယွင်က အနားတိုးကပ်ကာ ရှဲ့ချင်းလန်၏ ပခုံးပေါ် ခေါင်းမှီလိုက်ရင်း အသာနားထောင်နေခဲ့သည်။

ရှဲ့ချင်းလန်က ပြုံးကာ.. : “မော့ကျိုးရှောင်လည်း လူတစ်ယောက်ကို လိုက်ရှာနေတယ်.. သူရှာနေတဲ့လူက လူငယ်လေးတစ်ယောက်တဲ့.. ဒါပေမဲ့ ကိုယ်ရှာနေတဲ့လူကတော့ ကိုယ့်ထက်အသက်ကြီးတဲ့ လူတစ်ယောက်ပဲ.. အဆင့်အတန်းမြင့်မြင့်နဲ့ ချဉ်းကပ်ရခက်တဲ့ လူတစ်ယောက်ပေါ့..”

“နောက်တော့ မင်းနဲ့ ဆုံခဲ့တယ်..”

ခြူးမုယွင်သည် မှတ်ဉာဏ်အလွန်ကောင်းသဖြင့် << နတ်ဆိုးတိုင်းပြည် >> တွင် သူတို့နှစ်ဦး စတွေ့ခဲ့သည့် အချိန်ကာလကို အမှတ်ရနေသေးသည်။

ထိုစဉ်က သူသည် လူသားကမ္ဘာ၏ အရှင်သခင်ဖြစ်ပြီး ရှဲ့ချင်းလန်ကတော့ မိစ္ဆာနယ်မြေမှ ‘မကောင်းဆိုးဝါး’ တစ်ကောင်ပင်။ သူတို့နှစ်ဦး တိုက်ပွဲအလယ်တွင် စတင်တွေ့ဆုံခဲ့သည်။

ရှဲ့ချင်းလန်က သက်ပြင်းချကာ သူ၏မေးစေ့ဖြင့် ခြူးမုယွင်၏ ဦးခေါင်းကို ပွတ်သပ်လိုက်သည်။ : “ပြောရမယ်ဆိုရင် ကိုယ် မင်းကို စစတွေ့တုန်းက ကိုယ့်ရဲ့စိတ်ထဲမှာ မင်းကို ရမ္မက်ဆန္ဒတွေနဲ့ အနိုင်ကျင့်ဖို့၊ မင်းရဲ့ စိတ်ခံစားချက်၊ အလိုဆန္ဒတွေကို ထိန်းချုပ်နိုင်ဖို့၊ ညစ်ညမ်းတဲ့ လှည့်ကွက်တွေနဲ့ မင်းကို အရှက်ခွဲဖို့၊ ပြီးတော့ အသိစိတ်လွတ်ပြီး နောင်တရတဲ့အထိ ငိုကြွေးနာကျင်ရအောင် လုပ်ဖို့ပဲ တွေးနေခဲ့တာ.. ဒါပေမဲ့ သေချာပြန်စဉ်းစားကြည့်ရင် ကိုယ်တို့စတွေ့တုန်းက မင်း ကိုယ့်ကို ဘာမှအပြစ်မလုပ်ခဲ့ဘူး..  ကိုယ်ကိုယ်တိုင်ကိုက မင်းကို မြင်မြင်ချင်း ချစ်မိသွားတာ သိသာနေတာပဲလေ.. ဒါပေမဲ့ မင်းကို နှိပ်စက်အနိုင်ကျင့်ဖို့ပဲ တွေးနေခဲ့တော့ ကိုယ့်ရဲ့ကျရှုံးခန်းကို ကိုယ်ကိုယ်တိုင် ဖန်တီးခဲ့မိတာပဲ..”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now