Unicodeဂျပန်နိုင်ငံ၊တိုကျိုမြို့ရဲ့ သန်းခေါင်ယံအလှသည် သိပ်ကိုယ်လှပလွန်းနေသည်... ။ညဘက်ဖြစ် နေတာမို့ လူရှင်းနေပြီလို့ ထင်နေရင် မှားလိမ့်မည်...။ပွဲ တော်ရက်ဖြစ်တာကြောင့် လမ်းကြိုလမ်းကြားတွင်မှာတောင် လူသွားလူလာများစည်ကားစွာရှိနေပြီး ပျော်ပွဲရွှင်ပွဲများကလဲ တစ်ခုနဲ့တစ်ခုဆက်နေကြသည်...။
သိုပေတည်း.......
မြို့ပြင်တစ်နေရာမှာကတော့ ထိုနေရာနဲ့ဆန့်ကျင်ဘက်ပင်...။လူသွားလူလာအရောက်နည်းတာကြောင့် တိတ်ဆိတ်ခြောက်ကပ်စွာရှိနေတာမို့ သရဲခြောက်မှာတောင်ဆိုးရမည်...။
ဒါပေမဲ့လဲ ထိုတိတ်ဆိတ်မှုကိုယ် ဖြိုခွင်းလိုက်နိုင်တယ့် သေနတ်သံသုံးချက်...။ထိုအသံကြောင့် အိပ်တန်းတက်နေကြတယ့် ငှက်တွေတောင် လန့်ဖြတ်ကာ အဝေးကိုယ် ပျံ့သန်းသွားကြ လေသည်... ။
"ဂျိန်း...!!!"
ထယ်ယောင်း ထိုမိန်းမကြီးရဲ့စူးဝါးစွာအော်လိုက်တယ့်အသံကြောင့် သူရဲ့မျက်လုံးတို့ကိုယ် အမြန်ဖွင့်ကြည့်မိလိုက်သည်...။
ဒါပေမဲ့လဲ သူမြင်လိုက်ရတယ့်ပုံစံက သူတွေးခဲ့တယ့် ပုံစံနဲ့ကွာခြားလွန်းနေခဲ့သည်...။ကြမ်းပြင်ပေါ်တွင် သွေးအိုင်ကြားထဲမှာ လဲကျနေခဲ့တယ့် လူက သူထင်သလိုသူ့ကလေးငယ်မဟုတ်ခဲ့...။ထိုသူက လီဂျိန်းဖြစ်နေခဲ့သည်...။
သူ့ကလေးငယ်ကတော့ ဘေးဘက်နားတစ်နေရာတွင် ကျောက်ရုပ်တစ်ရုပ်လိုရပ်နေကာ လီဂျိန်းကိုယ်ဘဲ မျက်လုံးမခတ်တမ်းကြည့်နေခဲ့သည်...။
"အား!!! မဟုတ်ဘူး...!!!"
ထိုမိန်းမကြီးရဲ့ ထပ်အော်လာခဲ့တယ့်အသံကြောင့် ထယ်ယောင်းထိုမိန်းမကြီးကိုယ် လှမ်းကြည့်မိလိုက်သည်...။ဒါပေမဲ့လဲ ကလေးငယ်ဘက်ကိုယ် ချိန်ထားခဲ့တယ့် သေနတ်တစ်လက်ကြောင့် ထယ်ယောင်းမျက်ခုံးတွေတွန့်ကျိုးလိုက်မိသည်...။
ဒါကြောင့် သူ့အိတ်ကပ်ထဲမှာဆောင်လာခဲ့တယ့် သေနတ်တစ်လက်ကိုယ်ထုတ်ကာ....
*ဒိုင်း...*
"ခင်ဗျား ငရဲပြည်သွားလိုက်တော့...!!ဒါ ကျုပ်ရဲ့ ကလေးငယ်ကိုယ် သတ်ဖို့လုပ်ခဲ့တယ့်အတွက်..."
YOU ARE READING
What is love? (Complete)
Fanfictionအရမ်းမုန်းတယ်.... ဒါပေမဲ့ အရမ်းလဲချစ်တယ်.................