Part 3 ( Unicode & Zawgyi )

776 75 3
                                    


Unicode

  ဒီနေ့ကအမေနဲ့ အမေရဲ့ရည်းစားဟောင်းဆိုတယ့်လူနဲ့တရားရုံးမှာလက်မှတ်ထိုးနေတယ့်နေ့လေ ....။သူအစကသဘောမတူဘူး ဆိုပီးခါးခါးသီးသီးနဲ့ငြင်းပစ်ခဲ့တယ်... ဒီအရွယ်ကြီးကျမှ ဘာလို့ယူကြမှာလဲပေါ့ ...။အဖေသေတာကလဲ ကြာပီဆိုတော့ တယောက်ထဲ အချိန်‌ တွေအကြာကြီး ယောက်ျားသားမရှိဘဲ ရုန်းကန်ခဲ့ရတယ့်အမေကိုလဲသနားပါတယ်။ သူလဲတစ်ဖက်တစ်လှမ်းကနေ ကျောင်းတစ်ဖက် အလုပ်တစ်ဖက်အလုပ်လုပ်ပေးခဲ့တာဘဲလေ။ သူ့ကိုအမေကအမြဲတမ်းအဲ့ကိစ္စဘဲလာလာပြောနေခဲ့တယ်။ ပြောလိုက်တိုင်းလဲ ငိုယိုပီးတော့ပြောနေတာ။

သူတို့ရဲ့အရင်တုန်းကအကြောင်းတွေလဲပြန်ပြောပြတယ်။ အဲ့ပြောနေတယ့်အချိန်ဘဲအမေ့မျက်နှာက ပြုံးပျော်နေတာဘဲ ...။ကျန်တယ့်အချိန်တော့ကျွန်တော်သဘောမတူလို့ဆိုပီး ငိုယိုနေခဲ့တာ ။ကြာလာတော့ကျွန်တော်လဲ အမေစိတ်ဆင်းရဲတာဆက်မမြင်ချင်တော့လို့ သဘောမတူချင်ဘဲနဲ့တူခဲ့ရတယ်။ သူတို့အတွက်ကြောင့်ဘဲ ကျွန်တော်ဆိုင်တောင်မသွားဖစ်ခဲ့ဘူး။ သူ့အနားမှာဘဲဒီရက်ပိုင်းတွင်းနေပါဆိုလို့ကျောင်းကပြန်လာတာနဲ့ တစ်ခါထဲအိမ်ဘဲတန်းပြန်လာရတာ ။ဆိုင်ကိုလဲမိသားစုကိစ္စကြောင့်ဒီရက်ပိုင်းတွင်းမလာဖစ်ဘူးလို့phဆက်ထားရတယ်။

ဒီနေ့က အမေနဲ့အတူအဲ့အိမ်ကိုဆွေပြမျိုးပြအနေနဲ့သွားမလို့ပါဘဲ။ ဒီနေ့ကြမှ ဆိုင်မှာလဲ ဆိုင်အတွက်လိုအပ်တယ့်ပစ္စည်းတွေရောက်နေတယ်လို့ မန်နေဂျာကဖုန်းဆက်လှမ်းခေါ်လို့ သူသွားခဲ့ရတယ်။ဆိုင်မှာလဲလိုအပ်တယ့်ပစ္စည်းတွေကိုသေချာစစ်ဆေးတော့ မှာထားတယ့်ပစ္စည်းတွေကမှား‌နေပြန်တယ်။

ခနနေပြန်လဲပီးပြန်လာပို့ပေးမယ်ဆိုလို့ စောင့်နေရသေးသည်။ သူတို့ရောက်တာနဲ့ ပစ္စည်းတွေချပီး ပိုက်ဆံသေချာရှင်းခဲ့ကာ အဲ့အိမ်ကိုထွက်လာခဲ့လိုက်သည်။ အချိန်တောင်တော်တော်နောက်ကျနေပီဘဲ အမေတော့စောင့်နေတော့မှာဘဲဆိုပီး သူအမြန်မြန်သာသွားလိုက်တော့သည်။

အမေပေးထားတယ့်လိပ်စာအတိုင်းအိမ်ရှေ့လဲရောက်ကော အိမ်ကိုတချက်ကြည့်လိုက်မိသည်။ အိမ်ကနှစ်ထပ်အိမ်အကြီးကြီး...ခြံကလဲအကျယ်ကြီးဘဲ။ သူအကြိုက်ဆုံးက တော့ခြံထဲမှာနှင်းဆီပန်းမျိုးစုံစိုက်ထားတာဘဲ။ အရောင်တွေအနံ့တွေမျိုးစုံနဲ့ သိပ်ကိုလှပီးသိပ်ကိုမွှေးပျံနေတာပေါ့ ။သူခြံရှေ့ရောက်နေတာကို ခြံထဲမှာအလုပ်လုပ်နေတယ့်ဦးလေးကြီးကတွေ့တော့ ခြံတံခါးလာဖွင့်ပေးတယ်။

What is love? (Complete) Where stories live. Discover now