Part 11 ( Unicode & Zawgyi )

708 66 2
                                    


Unicode

UK ရဲ့ ခမ်းနားအကြီးကျယ်ဆုံးဖစ်ပါတယ်ဆိုတယ့်ဟော်တယ်အကောင်းစားကြီးမှာ လက်ထပ်ပွဲလေးတစ်ပွဲဟာ‌ တော့စည်စည်ကားကားနဲ့ကျင်းပနေ ခဲ့တယ်။ကိုရီးယား‌နိုင်ငံရဲ့ စီးပွားရေးမှာအ‌ အောင်မြင်ဆုံး ဖစ်နေတယ့်Kim group ရဲ့တစ်ဦးတည်းသော သားက ယောက်ျားချင်းလက်ထပ်တာဆိုပီး သတင်းခေါင်းစဉ်ရဲ့ထိပ်ဆုံးမှာဖော်ပြချင်နေကြတယ့် မီဒီယာသမားတွေကလဲ သတင်းယူဖို့အတွက် သူ့ထက်ငါအပြိုင် ဒီပွဲလေးမှာရုတ်ရုတ်သဲသဲဖစ်နေခဲ့ကြသည်။

ဘယ်သူတွေဘယ်လောက်ဘဲ ပြာယာခတ်နေပါစေ ခမ်းမကြီးရဲ့ အလယ်ကအဖြူရောင်သတို့သားလေးကတော့ ဘယ်သူ့ကိုမှဂရုစိုက်မနေခဲ့ဘဲ သူ့ရဲ့ သတို့သား လောင်းလေးထွက်အလာကိုသာ စောင့်နေလေရဲ့...။ခဏအကြာတော့ မဂ်လာတီးလုံးအသံလေးနဲ့အတူ နောက်ထပ် အဖြူရောင်သတို့သားလေးကလဲ
ခမ်းမထဲကို လှပစွာနဲ့လှမ်းလာခဲ့တယ်။

အစကတော့Jiminဒီပွဲထဲကို ခြေချဖို့အတွက် စိတ်လှုပ်ရှားနေခဲ့တာ အမှန်ဘဲ။မီဒီယာသမားတွေကလဲ ရောက် နေတယ်ဆိုတော့ ပိုဆိုးတာပေါ့။အမှားတစ်ခုခုလုပ်လိုက်မိမှာ ကိုအရမ်းစိုးရိမ်နေခဲ့တာ။ဒါပေမဲ့ တံခါးဖွင့်လိုက်တယ့်အချိန်မှာ မြင်လိုက်ရတယ့်
ထယ့်ပုံစံကြောင့် ကျွန်တော်ပတ်ဝန်းကျင်ကို တောင် မေ့ပီး ထယ့်ကိုဘဲကြည့်နေမိခဲ့တယ်။

ထယ်က ပြုံးနေတယ်....ထယ်အလှဆုံးပြုံးနေခဲ့တာဘဲ။ဒီအပြုံးလေးကို ကျွန်တော့်တစ်သက်လုံးမမြင်ရတော့ဘူးလို့ထင်ထားခဲ့တာ ။မင်းရဲ့ အဲ့ဒီလေးထောင့်ဆန်ဆန်အ ပြုံးလေးကိုငါအရမ်းလွမ်းနေခဲ့တာသိလား....။ထယ်ရယ် မင်းရဲ့အပြုံးတွေက ဟန်ဆောင်ခြင်း‌ တွေပါရင်တောင် မင်းငါ့ကိုပြုံးပြနေတာနဲ့တင်ငါကျေနပ်ပါတယ်။

ကျွန်တော်ထယ့်ကိုကြည့်နေရင်းနဲ့ လျောက်လှမ်းလာခဲ့တာ ထယ့်ရှေ့ကိုရောက်မှန်းမသိရောက်လာခဲ့သည်။ကျွန်တော့်မှာအဖေမရှိတော့ အန်ကယ်ကဘဲ ထယ့်အရှေ့ထိ‌ကိုတွဲရင်းလိုက်ပို့ပေးခဲ့သည်။ကျွန်တော် ထယ့်အရှေ့ရောက်တော့ ကျွန်တော်ကိုပြုံးပီးကြည့်နေတယ့် ထယ့်ကိုကျွန်တော်အကြာကြီးထပ်ပီး စိုက်ကြည့်နေခဲ့သည်။

What is love? (Complete) Where stories live. Discover now