Part 14 ( Unicode & Zawgyi )

700 67 6
                                    


Unicode

ဆိုးလ်မြို့လယ်ခေါင် လမ်းမကြီးပေါ်မှာ ပြိုင်ကား အမဲရောင်လေးတစ်စီးဟာ အရှိန်အဟုန်အပြည့်နဲ့ လျှပ်စီးတစ်ခုလို မောင်း‌နှင်နေလေရဲ့....။အဲ့ကားလေးထဲမှာ ရှိနေတယ့် ကောင်လေးနှစ်ယောက်ရဲ့ အခြေအနေဟာလဲ တိတ်ဆိတ်နေခဲ့သည်။ဒါပေမဲ့လဲ လေပြေပီးရင် မုန်တိုင်းလာတတ်သလိုပါဘဲ မကြာခင်ဒီကောင်လေးနှစ်ယောက်ကြားမှာလဲ မုန်တိုင်းတစ်ခုတိုက်ခတ်လာတော့မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲသေချာသလောက်ပါဘဲ....။

"Tae... ကားကို ဖြည်းဖြည်းမောင်းပါကွာ ...
ကားတိုက်မိလိမ့်မယ်...ငါကြောက်လို့ပါ...အရှိန်လေးလျော့ပေးပါဟာ..."

ငါကြောက်တယ် ထယ်...ငါအရမ်းကြောက်တယ်။အဲ့ဒါက ငါသေရမှာကြောက်လို့မဟုတ်ဘူး...မင်းသာတစ်ခုခုဖစ်သွားခဲ့ရင် ငါအခါခါသေရသလိုပါဘဲ နာကျင်ရမှာ....။

ကျွန်တော် ထယ့်လက်မောင်းကို‌ကိုင်ပီးတော့ အရှိန်လျော့ဖို့အတွက် ငိုယိုပီးတောင်းပန်ခဲ့ပေမဲ့ ဒီအမျိုးသားလေးက ကျွန်တော့ကိုအရွဲ့တိုက်ပီး အရှိန်ကိုအဆုံးထိ‌ တောင်တင်လိုက်ပီးမောင်းနေလေရဲ့....။

"Tae... အရှိန်လျော့ပါကွာ..."

" Shit ....နားညီးတယ်...!!! မင်းအပေါက်ကို ပိတ်ထားလိုက်စမ်း ... Park Jimin!!"

ထယ့်ရဲ့ စိတ်ရှုပ်စွာနဲ့ အော်လိုက်တယ့်အသံကြောင့် ကျွန်တော့်ကိုယ်လေးဟာ လန့်လွန်းလို့ တုန်တက်သွားခဲ့သည်။ထယ်က ကားကို‌လမ်းဘေးမှာ ထိုးရပ်လိုက်ပီး ကျွန်တော့်ဘက်ကို လှည့်ကြည့်လာခဲ့တယ်...။

"ဟက် ဘာလဲငိုနေတာလား မင်းယောက်ျားမဟုတ်ဘူးလား...။မင်းအဲ့လောက်ငိုချင်နေလား ....ရတယ်
မင်းငိုရ‌မယ် ဒါပေမဲ့ အခုတော့မဟုတ်သေးဘူး"

လှောင်ပြောင်ပီးကြည့်တယ့် အကြည့်တွေ...။ငါမင်းရဲ့ အဲ့အကြည့်တွေကိုမကြိုက်လိုက်တာဟာ....။ငါယောက်ျားတစ်ယောက်ပါ ...ဒါပေမဲ့ မင်းကြောင့်ဘဲငါ့နှလုံးသားထဲက နာကျင်ရလွန်းလို့ ဒီမျက်ရည်တွေက ငါတောင်မသိလိုက်ဘဲနဲ့ထွက်လာခဲ့ရတာပါ...။မင်းကြောင့် ငါပျော့ညံ့လွန်းနေခဲ့တာပါ....။

What is love? (Complete) Where stories live. Discover now