Part 25 ( Unicode & Zawgyi )

645 58 3
                                    


Unicode

"အ့ ...မောင်နာတယ် ဖြေးဖြေးလုပ်ပါ..."

မောင်ဟာ အိမ်ကိုယ်ပြန်လာပီးထဲ မျက်နှာထားက တည်နေတာကြောင့် ကျွန်တော့်မှာ မောင်ရဲ့အရိပ်အခြေကိုယ်ဘဲလိုက်ကြည့်နေရလေသည်...။မောင်က နူးနူးညံ့ညံ့တွေသိပ်မလုပ်တတ်ပေမဲ့လဲ ဆေးထည့်ပေးနေတာ ကျွန်တော်နာသွားမှာဆိုးလို့ ဆိုပီးဖွဖွလေး ဘဲတို့ထိပေးသည်...။ဒါပေမဲ့လဲ မျက်နှာကတော့ လူထသတ်တော့မလိုပါဘဲ...။

"တောက်ခ်..."

ကျွန်တော့်စကားသံအဆုံးမှာမောင်ရဲ့ တောက်ခေါက်သံပြင်းပြင်းတစ်ချက်က ကျွန်တော့်ရင်အစုံကိုယ်ဆွဲကိုင်လှုပ်လိုက်သလိုပါဘဲ...။မောင် ဒေါသဖစ်နေရင် သူ‌အရမ်းကြောက်သည်...။ဘာလို့လဲဆိုတော့ မောင်ဒေါသတွေကိုယ်မထိန်းချုပ်နိုင်တယ့်အခါကြရင် သူ့ကိုယ်နာကျင်အောင် လုပ်ခဲ့တာတွေက သက်သေ တွေဘဲမှတ်လား...?

"မောင်..."

ကျွန်တော် ကြောက်နေပေမဲ့လဲ အခုချိန်မှာမောင့်ရဲ့စိတ်တွေကိုယ် ထိန်းချုပ်ပေးနိုင်တာ ကျွန်တော် တစ်ယောက်ဘဲရှိတယ်လေ...။ အဲ့ဒါ ကြောင့်ကျွန်တော်အတတ်နိုင်ဆုံးလေသံအေးအေးလေးနဲ့ခေါ်လိုက်ပေမဲ့လဲ မောင့်ရဲ့ ပြန်ကြည့်လာတယ့်အကြည့်တွေကတော့ ကျွန်တော့်ကိုယ်တုန်လှုပ်စေသည်...။

"ဟန်နီကိုယ်သွေးထွက်အောင် လုပ်တယ့်ကောင်ကိုယ် မောင်အခုချက်ချင်းသွားသတ်လိုက်ရမလား...?"

မောင့်ရဲ့စကားကြောင့်ကျွန်တော်တစ်ချက်တော့ ပြုံးမိသွားသည်...။မောင်ဟာ လေ ကျွန်တော်နဲ့ပတ်သတ်လာရင် ဆက်ဆက်ထိမခံကိုယ် ဖစ်နေခဲ့တာ...။

"မောင်... ငါ့ကိုယ်သေချာကြည့်ဖြေနော်....။
ငါ့ကိုယ်ချစ်လားဟင်...?"

ခုန‌ကလေးတင်ခက်ထန်နေတယ့်မောင့်ရဲ့အကြည့်တွေ‌က ကျွန်တော့်အမေးတစ်ခွန်းကြောင့် ချက်ချင်းလက်ငင်းကြီးနူးညံ့သွားခဲ့လေသည်...။

"ချစ်တာပေါ့ ဟန်နီရဲ့.... ။မောင့်ဘဝမှာလေ ငယ်ငယ်လေးထဲက အချစ်မခံခဲ့ရဖူးဘူး...။အမြဲတမ်း အနှိပ်စက်ခံဘဝနဲ့ကြီးပြင်းလာခဲ့ရတယ့်မောင်က ဟန်နီနဲ့တွေ့မှ အချစ်ဆိုတာဘာလဲ သိခွင့်ရခဲ့တာပါ...။အဲ့ဒါကြောင့် မောင့်ဆီကနေ မင်းကိုယ်လုယူသွားမှာကိုယ် မောင်အရမ်းကြောက်တယ်...။မောင့်ဘဝမှာ ဟန်နီမရှိတော့ရင် ဘာအဓိပ္ပာယ်မှမရှိတော့ဘူး...။မင်းကမောင့်ဘဝအတွက်တော့ အရောင်တွေစုံပီးလှပနေတယ့်ပန်းချီ‌ကားလေးတစ်ချပ်ပါ...."

What is love? (Complete) Unde poveștirile trăiesc. Descoperă acum