Part 18 ( Unicode & Zawgyi)

748 80 11
                                    


Unicode

"မင်းငိုထားတာလား ...မင်းကိုယ်ဘယ်သူကငိုအောင်လုပ်လိုက်တာလဲငါ့ကိုယ်ပြော..."

"မငိုပါဘူး Tae...ရာ ဒီနေ့ဆိုင်မှာလူကျနေတာနဲ့ နည်းနည်းပင်ပန်းသွားလို့ပါ ငါသွားနားတော့မယ် နော်"

ထယ်က ကျွန်တော့်ကိုယ်မယုံကြည်တယ့်အကြည့်တွေနဲ့လာကြည့်နေတာကြောင့် ဘာမှထပ်ပြော‌မနေတော့ဘဲ နဲ့အပေါ်ထပ်ကိုယ်သာတက်မလို့လုပ်လိုက်တော့သည် ။

"ငါစကား‌ ပြောနေတာမပီးသေးဘူးလေ Park Jimin... !!မင်းကိုယ် ငါတက်ခိုင်း သေးလို့လား ဟမ်...!!!  "

ထယ်က အပေါ်ထပ်ကိုယ်တက်မလို့ ပြင်နေတယ့်ကျွန်တော့်ကိုယ်လက်ကောက်ဝတ်ကနေကိုင်ပီး လှမ်းဆွဲလိုက် လေသည်။အဲ့ဒါကြောင့်လှေကားနှစ်ထစ်လောက်အထိတက်ပီး‌တယ့် ကျွန်တော်ဟာ အောက်ကိုယ် ပြုတ်ကျမတတ်ရောက်‌သွားလေသည်။

"Tae...ဘယ်လိုဖစ်နေတာလဲ ‌ပြုတ်ကြတော့မယ်"

"ပြုတ်ကျကျဟာ မင်းငါမေးတာ မဖြေဘဲဘာလို့ တက်သွားသေးလဲ။ အခုပြောစမ်း မင်းကိုယ်ငိုအောင်ဘယ်သူလုပ်လိုက်တာလဲ...!!! "

ထယ်ယောင်းရဲ့ အသံကတစ်ဖြည်းဖြည်းနဲ့ပို၍ကျယ်လာလေသည်။ကျွန်တော့်ကိုယ် စိုက်ကြည့်နေတယ့်မျက်လုံးတွေကလဲ နီရဲနေပီးကြောက်စရာကောင်းလှသည်။အဲ့လိုအကြည့်တွေနဲ့ကြည့်လာတယ့် ထယ်ယောင်းကို ကျွန်တော်ကြောက်သည်။

"ငါ...ငါမလိမ်ပါဘူးတကယ်ပြောတာပါ "

ကျွန်တော်ထယ်ယောင်းနဲ့ အကြည့်မပြိုင်ချင်တာကြောင့် မျက်နှာကိုယ်ဘေးဘက်လွှဲပီးဖြေလိုက်သည်။

"Park Jimin...!! ငါ့ကိုယ် သေချာကြည့်ပီးဖြေစမ်း မင်းတစ်ခုခုဖစ်လာတယ်ဆိုတာငါသိတယ်"

ကျွန်တော့်ရဲ့လက်ကောက်ဝတ်ကိုယ်ကိုင်ထားရာကနေ ပုခုံးနှစ်ဖက်ကိုယ် ပြောင်းကာဆုပ်ကိုင်လိုက်ပီး အကြမ်းပတမ်းလှုပ်ရမ်းနေတယ့်ထယ်ယောင်းကြောင့် ‌ကျွန်တော့်ရဲ့ကြောက်စိတ်တွေဟာပို၍တိုးပွားလာလေသည်။ဒီအမျိုးသားကိုယ်မခွဲနိုင်မခွာရက် လောက်အောင်ကိုယ်ချစ်တယ်...အရမ်းချစ်တယ်။

What is love? (Complete) Where stories live. Discover now