Part 30 ( Unicode & Zawgyi )

498 60 13
                                    


Unicode


ပွဲအတွင်း လူတွေစည်ကားစွာပျော်မြူးနေကြပေမဲ့ တစ်စုံတစ်ယောက်ကတော့ မျက်နှာကြီးဆူပုတ်ကာ ရှုံ့မဲ့‌နေလေရဲ့...။ထိုသူကဘယ်သူဖြစ်နိုင်မလဲ? သေချာတာကတော့ ဗိုက်ဆာလို့ စိတ်ကောက်နေတယ့်ကင်မ့်ရဲ့အလှလေးဘဲပေါ့...။

ဂျီမင်းအရှေ့မှာရောက်နေတယ့်အစားအစာတွေကိုယ်တစ်စက်မှမတို့မထိဘဲနဲ့ဒီအတိုင်းသာထိုင်နေခဲ့သည်။မောင်ကလဲ အလုပ်ကိစ္စများပြောနေရရင် သူဘေးနားမှာရှိနေသေးတယ်ဆ်ိုတာတောင်‌ မေ့နေလားမသိပါဘူး? သူလဲ မောင်ပြီးတယ့်အချိန်ထိစောင့်နေရင်းဗိုက်ဆာလို့ ရေဘဲထိုင်သောက်နေတာလဲ အရှေ့မှာဗူးခွံတွေက ငါးဗူးထက်မနည်းတော့ချေ...။

ဗိုက်ဆာတာဘဲအရှေ့မှာရှိတယ့်ဟာ စားလိုက်ပါလားလို့လာပြောရင် ဟင့်အင်းလို့ငြင်းမိမှာအမှန်ပေ...။ဘာလို့လဲဆိုတော့ သူ့မှာငယ်ငယ် လေးထဲကအကျင့်တစ်ခုရှိသည်။သူမကြိုက်တယ့်အစားအစာဆိုရင် နည်းနည်းလေး‌စားဖို့မပြောနဲ့ လက်‌နဲ့ တောင်မထိပေ...။သူများတွေက တော့ကြီးကျယ်လိုက်တာလို့ထင်ရင်ထင်လိမ့်မယ်...။ဒါပေမဲ့လဲ ဘယ်သူဘဲထင်ထင် သူဂရုစိုက်မှာမဟုတ်ချေ...။ဘာလို့ဆို သူတို့ပါးစပ်ပေါက်ထဲထည့်နေရတာမဟုတ်ဘူးလေ ။ကိုယ့်ပါးစပ်ပေါက်ထဲကိုယ်ထည့်တာဘဲ ကိုယ်ကြိုက်တယ့်ဟာကိုယ်ထည့်မှာပေါ့...။

"ကိုကို..."

*ဖူးးးးး*

ဂျီမင်း ရေသောက်နေရင်းတန်းလန်းမှာပင် အနောက်ကနေရုံးပတေသီး‌ တောင်အမေခေါ်ရလောက်တယ့်အသံနဲ့ ခေါ်လိုက်တာကိုယ်ကြားလိုက်ရတာကြောင့် သူသောက်နေတယ့်ရေပင် သည်းသွားရသည်။

"ဟန်နီ ဘာဖြစ်သွားတာလဲ? ရရဲ့လားဟင်..."

မောင်ဟာအခုမှ သူ့ကိုယ်သတိထားမိသွားတယ်ထင်ပါတယ်။
တစ်သျူးတွေယူပြီး ကပြာကယာနဲ့လာသုတ်ပေးနေသည်။

"ရတယ် ငါဘာမှမဖြစ်ဘူး..."

ပါးစပ်ကသာ ဘာမှမဖြစ်ဘူးပြောနေတာပါ...။မျက်လုံးတွေကတော့ ထိုကောင်မလေးဆီမှာဘဲ ရောက်နေခဲ့သည်။

"ကိုကို ဂျူလီကိုယ်သတိမရဘူးလားဟင်...။ဂျူလီကတော့လေ ကိုကိုဟိုးတလောကတုန်းက ဖေဖေ့ company ကိုယ်လာသွားပြီးထဲကလွမ်းနေခဲ့တာသိလား? ဂျူလီကိုကိုတို့ company ကိုယ်လာပါသေးတယ်။ အဲ့တုန်းကကိုကိုကအလုပ်ကိစ္စနဲ့ အပြင်ထွက်သွားတယ်တယ့်"

What is love? (Complete) Where stories live. Discover now