Part 4 ( Unicode & Zawgyi )

772 87 1
                                    


Unicode

Taehyung... ဒီနေ့ကျောင်းလဲဆင်းကော ဘယ်ကိုမှမဝင်ဘဲ အိမ်ကိုသာတန်းပြန်လာခဲ့ တော့သည်...။သူ အိမ်ရောက်ရောက်ချင်းမှာဘဲ အမောစို့ စရာမြင်ကွင်းကိုတွေ့လိုက်ရသည်။အဲ့ဒါက ခြံထဲမှာ ပြုံးပျော်နေတယ့် လူနှစ်ယောက်...။ တယောက်ကပါးကိုဆွဲထားပီး နောက်တယောက်ကတော့ အဲ့ဟာကိုကျေနပ်နေသလိုနဲ့...။အဲ့မြင်ကွင်းကိုမြင်လိုက်ရတာ ရင်ထဲမှာမီးတောက်သွားသလိုပါဘဲ...။ ဒေါသတွေလဲ အလိပ်လိုက်ထွက်လာခဲ့ရသည်...။

*တောက်*

သူ့တောက်ခေါက်သံကကျယ်သွားလို့ ထင်တယ်နှစ်ယောက်လုံးလှည့်ကြည့်လာခဲ့သည်...။လှည့်ကြည့်တာတောင်မှအဲ့ဘယ်ကမှန်းမသိတယ့်ကောင်က ပါးကိုဆွဲထားတာမလွတ်သေးဘူး...။ဒါ‌ ကြောင့်သူလဲအဲ့ကောင်ကို ဒေါသထွက်နေတယ့်မျက်လုံးနဲ့သာကြည့်ပီး အပေါ်ကိုသာမြန်မြန်တက်ခဲ့တော့သည်...။မဟုတ်ရင် သူ့ဒေါသတွေအဲ့နေရာမှာတင်ပေါက်ကွဲမိလိမ့်မယ်...။

သူအပေါ်တက်လာပေမဲ့လဲခြံထဲကနှစ်ယောက်ကိုစိတ်မချတာနဲ့ လိုက်‌ကာလေးကိုဟကိုကြည့်နေလိုက်သည်...။ဘာတွေဒီလောက်တောင်ပြောနေလို့လဲမသိပါဘူး... ပြုံးရွှင်နေတာဘဲ...။ အဲ့ကောင်ကပြန်ခံနီးတောင် ပါးကိုဆွဲသွားလိုက်သေးတယ်...။အဲ့လိုမြင်ကွင်းမျိုးမြင်ရတာ သူ့ရင်ထဲမှာပူလောင်လာသလိုပါဘဲ.... ဒေါသတွေလဲအရမ်းထွက်တယ်...။

"မင်းတို့ရဲ့ ပတ်သတ်မှုကဘာတွေလဲ....?"

ဟိုတယောက်လဲအိမ်ထဲပြန်ဝင်လာတော့မှ သူ့မှာစိတ်အေးလက်အေးဖစ်သွားပီး ‌ခုတင်ပေါ်မှာလှဲချလိုက်တော့သည်။ငါဘာဖစ်နေတာလဲ...? ။ငါနဲ့သူနဲ့ကဘာဆိုင်လို့ ငါကအဲ့‌လိုမျိုးတွေဖစ်နေရတာလဲ...?။ငါသူ့ကိုမုန်းရမယ်လေ အဆုံးအစွန်ထိမုန်းပစ်လိုက်စမ်းပါ Kim Taehyung ရာ...အခုဖစ်နေတယ့်စိတ်တွေကိုမေ့ပစ်လိုက်တော့"ဆိုပီး တွေးနေတာတွေရပ်ကာ ရေချိုးခန်းထဲသာဝင်ခဲ့တော့သည်။

တဖက်တွင်လည်းကောင်လေးတယောက်က တွေးတောနေလေရဲ့...။သူကငါ့ကို ဘာလို့ဒေါသထွက်နေရတာလဲ...?။ ငါဘာလုပ်မိလို့လဲငါသူမကြိုက်တာလဲဘာမှလဲမလုပ်မိပါဘူး...။ ဘာလို့အဲ့လိုအကြည့်ကြီးနဲ့‌ကြည့်သွားရတာလဲ....?။သူအဲ့လိုကြည့်လိုက်တိုင်း ငါ့ရင်ထဲမှာတမျိုးကြီးဘဲ...။ဟူးးး မသိဘူးတော့ဘူး...Tae ရာ မင်းဘာဖစ်နေတာလဲ....?။

What is love? (Complete) Where stories live. Discover now