Part 28 ( Unicode & Zawgyi )

597 55 19
                                    

Unicode

" ကိုယ်လိုချင်တာကိုယ်ပြောပြရင် မင်းကတကယ်ပေးမှာလား...?"

"ခင်ဗျားဖြစ်နိုင်တာပြောရင်တော့ ကျွန်တော်ပေးနိုင်တယ်။ဘာလဲ ပိုက်ဆံလား? ဘယ်လောက်လိုချင်လဲသာပြော"

ကျွန်တော်မျက်နှာလွဲထားရင်းနဲ့သာပြန်ပြောလိုက်ပေမဲ့ ထိုသူဟာကျွန်တော့်မေးစေ့ကိုယ်ကိုင်ကာ သူနဲ့အကြည့်ချင်းဆုံစေသည်။

"မဟုတ်ဘူး...ကိုယ့်အတွက်ပိုက်ဆံဆိုတာမလိုအပ်ဘူး။ကိုယ်လိုချင်တာ မင်းကိုယ်ဘဲ ။Kim Taehyung...အပိုင်ဖြစ်တယ့်မင်းကိုယ် လိုချင်တာ။ကိုယ်မင်းကိုယ်အရမ်းချစ်တယ် Jimin...။ဒါကြောင့် Kim Taehyung...ကိုယ်ကွာရှင်းပြီး ကိုယ့်ကိုယ်လက်ထပ်ပါ"

ဂျီမင်းထိုလူရဲ့ရူးကြောင်ကြောင်နိုင်တယ့်စကားတွေကြောင့်စိတ်တွေအရမ်းရှုပ်ထွေးလာရလေသည်။ထိုလူကအခုသူ့ကိုယ်အရုပ်လေးတစ်ရုပ်လိုများထင်နေလားမသိဘူး။ကွာရှင်းချင်တိုင်း ကွာရှင်းရအောင်လက်ထပ်တာက ကလေးကစားနေတာမှမဟုတ်တာ။ပြီးတော့မောင့်ကိုယ်ပြစ်ပြီး သူ့ဆီလာရမှာလား?ဒါကတော့ ပတ်ခ်ဂျီမင်း ဘဝမှာဘယ်လိုမှဖြစ်မလာနိုင်တယ့်ကိစ္စပေ...။

"ခင်‌ဗျားအရူးစကားတွေပြောမနေနဲ့ ။ခင်ဗျားစောက်ရူးထသလို ကျွန်တော်လိုက်ရူးမပေးနိုင်ဘူး"

"ကိုယ်တကယ်ပြောတာပါကွာ ...ကိုယ်မင်းကိုယ်အရမ်းချစ်တယ် Jimin...။ကိုယ့်ကိုယ်ပြန်ချစ်ပေးပါနော်"

အသည်းအသန်အတင်းအကျပ်ပြောနေတယ့်လူရဲ့မျက်လုံး တွေကိုယ် ဂျီမင်းသေချာစိုက်ကြည့်လိုက်လေသည်။

"မချစ်ဘူး...ကျွန်တော့်ဘဝမှာ လေမောင့်တစ်ယောက်ထဲကလွဲပြီး ဘယ်သူ့ကိုယ်မှမချစ်ဘူး"

ကျွန်တော့်ရဲ့စကားကိုယ်လဲကြားကော ထိုသူဟာ မျက်နှာချင်းနီးကပ်နေရာကနေအနောက်ကိုယ်တစ်ဖြည်းဖြည်းနဲ့ဆုပ်ခွာသွားလေသည်။မျက်နှာကလဲခုနကနဲ့မတူဘဲ ဖရိုဖရဲဖြစ်လို့နေသည်။

"မဟုတ်ဘူး...Jimin...မင်းကိုယ့်ကိုယ်မချစ်နိုင်ဘူးလား? ဘာလို့လဲ...? ဘာလို့ကိုယ့်ကိုယ်မချစ်နိုင်ရတာလဲလို့!!!"

What is love? (Complete) Où les histoires vivent. Découvrez maintenant