If Possible ( Part - 8 )

Start from the beginning
                                        

" ရပါတယ် အာ့ဆိုအစ်မအခုပြင်ဆင်ပြီးထွက်ခဲ့မယ်နော် "

" ဟုတ်ဟုတ် "

ဖုန်းချပြီးသည်နှင့် ကုတင်ပေါ်ကနေ ဝရုန်းသုံးပါး ကောက်ကပ်ထကာ အဝတ်အစားပိုင်းအတွက်ပြင်ဆင်ပါတော့သည်။ မြို့တည်းကိုရောက်တော့ခင်ကအရင်ရောက်နေတာဖြစ်ပြီး မှုံကတော့တက္ကစီနှင့်လာသည်ထင်ပါရဲ့ အခုထိတော့ပေါ်မလာသေး  ခင်ကတော့ အညိုရောင် Shirt အရှည်ကိုမှ အရှေ့ကိုစတိုင်‌ဘောင်းဘီအဖြူထဲထည့်ဝတ်ထားပြီး အနောက်ဘက်ကိုစတိုင်လုပ်ပြီး ချထားတယ် အင်္ကျီမှာလည်း နေကာမျက်မှန်တစ်လက်ကိုချိတ်ထားကာ အောက်ကသူမ၏ fav ဖြစ်တဲ့ ဒေါက်ပါတဲ့ boot အနက်ကိုစီးထားတယ်။ သူမ၏စတိုင်ဟာ မိမိုက်လွန်းတာဖြစ်၍လမ်းတစ်လျှောက်လူတကာကတော့ သူမကိုငေးမောမတတ်

" ဟယ်လို ငယ်လာနေပြီလား "

" အစ်မအနောက်မှာလေ "

ဖုန်းပြောရင်း အနောက်ကိုလှည့်ကြမိတော့ ကော်လံအင်္ကျီခါးတိုပန်းရောင်လေးကို ဘောင်းဘီတိုအဝါလေးနဲ့ဝတ်ဆင်ထားသူ။ အောက်က Skechers ဖိနပ်အဖြူစွတ်စွတ်နဲ့ ဆံပင်နှစ်ဖက်ကိုရှေ့ချထားတဲ့ မိန်းကလေးငယ်။  သူမဆီကနေကျွန်မအကြည့်များမလွှဲသာနိုင်ခဲ့။ ဘယ်လိုတောင်ချစ်ဖို့ကောင်းရ
တာလဲ မှုံရယ်

" ဟိဟိ surprise "

ဖြူဖွေးလှတဲ့ပါးပြင်လေးက ချက်ချင်းပန်းရောင်သမ်းသွားတဲ့အထိပြုံးပြနေလေရဲ့

" ကဲ ရောက်လာပြီပေါ့ ဒါဆိုသွားရအောင်လေ
ဘယ်အရင်သွားမလဲ "

" Bar "

" ဟင် တကယ်သွားမလို့လား "

" မမလိုက်ပို့ပေးမယ်ဆိုရင်ပေါ့ "

" တခြားနေရာသွားပါလား မှုံရယ် နော် "

" ရောက်ဖူးတယ်ရှိအောင်ပါ ပြီးတော့ မမနဲ့
သွားရတာပဲလေ "

" အင်းပါ ဒါဆိုလည်း မ သိထားတဲ့လမ်းကြိုလမ်းကြားက ဆိုင်လေးတွေရှိတယ် အဲ့ခေါ်သွားပေးမယ်နော် "

" ဟုတ် "

ခင်က ကားပါတာကြောင့် ကားနှင့်အတူသာ
လျှောက်လည်ခဲ့တယ်။ မှုံ့ကို ၁၉လမ်းက
A150 Chinatown Bistro ကိုခေါ်သွားပေးခဲ့တယ်

If possible ~Where stories live. Discover now